အပေါ်စာပြေး

Friday, June 11, 2021

ဝင်ကစွတ် (ဖူးစာအုပ်)


“မင်းကို အခုနောက်ပိုင်း စိုးစိုး ဘာထပ်ပြောသေးလဲ” “ဒီလိုပါပဲ” “ပန်းအိဖြူ နဲ့ ကင်းအောင်နေဖို့ ပဲပြောနေမှာပေါ့” မင်းခန့် အမေးကို မျိုးမင်းစိုး မဖြေပါ။ နှုတ်ဆိတ်နေသည့် အတွက် ထင်တာမှန်ကြောင်း မင်း ခန့် သိပါသည်။ ထို့ ကြောင့် ထပ်မေး မနေတော့ဘဲ သူ့ ဖက်က အမြင်ကိုသာ ရှင်းပြမိ၏။ “စိုးစိုး မလွန်ပါဘူး၊ ငါဆိုရင်လည်း ဒီလို မိန်းကလေးမျိုးနဲ့ မင်းကို ပတ်သက်စေချင်မှာ မ ဟုတ်ဘူး” မျိုးမင်းစိုးကတော့ မင်းခန့် စကားကို စိတ်ဝင်စားပုံမရပါ။ မင်းခန့်ကို ပြောသလို လိုလို သူ့ဖာသာ တီးတိုး ရေရွတ်နေသလိုလိုဖြင့် “အစထဲက တွေးတော့တွေးမိတယ်၊ ပန်းအိဖြူ ရဲ့တွေးပုံခေါ်ပုံက အရွယ်ထက်ပိုပြီး ရင့် ကျက်သလို ဖြစ်နေတယ်လို့၊ တခြားကောင်မလေး ငယ်ငယ်တွေနဲ့ မတူလို့ စိတ်ထဲထူး ဆန်းနေတာ” “အခုတော့ ရွယ်တူဖြစ်မှန်း သိပြီပေါ့ ဟုတ်လား” မျိုးမင်းစိုး ပြုံးသည်။ သို့ပေမယ့် အပြုံးက အသက်မပါ။“စိုးစိုး ကို ဒီအကြောင်းတွေပြောပြပြီးတော့ မဖြေရှင်းလိုက်ပါနဲ့ ကွာ၊ ငါ့ဘဝငါ ရှက်လွန်း လို့ ပါ” “အင်းပါ၊ စိတ်ချပါ” တခါတလေကျရင် မျိုးမင်းစိုး လုပ်နေပုံ တွေက ယောက်ျားလေး သူငယ်ချင်း ဆိုတာထက် ကျော်နေသလိုလို မင်းခန့် ထင်သည်။ မင်းခန့် သွားတာလာတာ နေတာထိုင်တာ ကအစ လိုက်ပြီး ပူပူ ပင်ပင်လုပ်နေသည်။ “မင်းက ဘယ်သူ့ကို စိတ်ပူတာလဲ၊ မင်းခန့် ကိုလား၊ ပန်းအိဖြူကိုလား” ဒီလို အခါကျပြန်တော့ မျိုးမင်းစိုး ခေါင်းကို ကုပ်ရင်း “နှစ်ယောက်စာ ပူရတဲ့ သဘောပေါ့ကွာ၊ နှစ်ယောက်လုံးကို ငါသံယောဇဉ် ရှိတာကိုး” မျိုးမင်းစိုး စိတ်အပူဆုံးက ဟိုဖက်အိမ်က ထီးပြင်သမား ဖြစ်သည်။ ဒါတောင်မှ အရင်တုံးက ချောင်းကြည့်သည့် ကိစ္စ ပြောမထားလို့တော်သေး၏။ ပြောထားမိလျှင် ချက်ချင်း ဒီကနေ ပြောင်းခိုင်းမှာ သေချာသည်။ မင်းခန့်လည်း ပြောင်းချင်ပါသည်။ ဒါပေမယ့် လက်ထဲမှာငွေ ပိုငွေလျှံ မရှိလို့ ငြိမ်နေရ၏။ မျိုးမင်းစိုးကို ပြောရင် ကူညီမှာ သိပေမယ့် မပြောချင်တော့ ပါ။ ထို့ကြောင့် မျိုးမင်းစိုး သိပ်စိတ်မပူ ဖို့သာ နှစ်သိမ့် ရ၏။ “အဲဒီလူက သောက်တတ်ပေမယ့် အေးအေးဆေးဆေး အနုပညာသမားပါကွာ၊ စာအုပ် အထူကြီးတွေဖတ်တယ်၊ ဂစ်တာတီးတယ်၊ သီချင်း ဆိုတယ်၊ ဒီလောက်ပါပဲ” အခုတလော ညဖက်ဆိုရင် “ပန်း” ပါတဲ့ သူချင်းတွေခနခန ဆိုနေတာကိုတော့ မင်းခန့် ထည့် မပြောလိုက်ဘဲ ထားလိုက်သည်။ “ငါပြောဖူးသားပဲ၊ အဲဒီလိုလူတွေက ပိုဆိုးပါတယ်လို့၊ ဟို တည ကလည်း သူ့ ..သူ့ ကြောင့်” “ဘယ်ညကလဲ” မျိုးမင်းစိုး ခေါင်းကုတ်ရင်း မင်းခန့် ကို မျက်နှာငယ်လေး နှင့် ကြည့်သည်။ “ဟို ..ဒင်းလေ၊ ပန်း ..အဲ ..အဲ...မင်း အရက်တွေ အရမ်းမူးသွားတဲ့ ညကလေ” မင်းခန့် မျက်နှာကို ရေနွေးပူနှင့် ပက်လိုက်သလို နွေးကနဲဖြစ်သွားသည်။ “အဲဒါ ..ဒီလူနဲ့ ဘာဆိုင်လို့လဲ” “ကျွန်တော်.. ဟို ..ငါ က ကားမောင်းပြီးပြန် အထွက်မှာ အိမ်ရှေ့ကို သူရောက် လာ တယ်။ ဘက်မှန်ထဲကနေ မဲမဲ အရိပ်ကြီး ရပ်နေတာမြင်လို့ လမ်းမှာ ကားရပ်ပြီး ပြန် လှည့်ကြည့်ရ တာပေါ့၊ ကားမီး မြင်ရင် သူထွက်ပြေးမှာ စိုးလို့ လမ်းလျှောက်ပြီး ပြန်ဝင်လာတာကို သူက မြင်တယ်ဗျာ၊ လှစ်ကနဲ ထွက်ပြေးတော့တာပဲ၊ ငါလဲ ..မပန်းအိဖြူ ကို စိတ်မချတာနဲ့ အိမ် ပေါ်ကို ပြန်တက်ကြည့်ရင်း ကနေ ..” “ဟေ့ ကောင်တော်တော့၊ ဆက်မပြောနဲ့တော့” “သူဝင်လို့ မရအောင် တံခါးကို ဘယ်လိုပိတ်ပေးထားခဲ့ ရင် ရမလဲ ဆိုတာ သိ..သိချင်လို့ပါ” “အိုကေ၊ ဒီလောက်ဆို ရပြီ၊ စေတနာကို ကျေးဇူးတင်တယ်၊ ဟုတ်ပြီလား၊ ဒီအကြောင်း ထပ်မပြောနဲ့တော့” “ငါ ..က အခွင့်ကြုံတုန်း ရှင်းပြတာပါ “ရှင်းစရာ မလိုဘူး၊ ပြီးတာတွေပြီးပြီ၊ ထားလိုက်တော့၊ ငါနောက်တခါ ထပ်ပြီးသေချင်စိတ် ပေါက်အောင် မလုပ်ပါနဲ့၊ ဒီတခါတော့ ကိုယ့်ကိုယ်ကိုပဲ သတ်သေမိလိမ့်မယ် ထင်တယ်” “အဲဒီလိုတော့ မလုပ်ပါနဲ့၊ မပြောနဲ့ ဆို မပြောပါဘူး၊ နောက်တခါဆိုရင် ငါ့ အတွက် ဆုံးရှုံး မှာ က နှစ်ယောက်စာကွ” မျိုးမင်းစိုး ပန်းအိဖြူ၏ လောင်းရိပ်အောက်က အခုထိမထွက်နိုင်သေးပါ။ “မျိုးမင်းစိုးရာ၊ ပန်းအိဖြူ က ဘယ်လောက်လှလို့လဲ၊ ရုပ်ရည်ကိုထား လိုက် ကိုယ်လုံးကိုယ် ထည်က အစကွာ၊ ငါပြောပြမယ် ငါနဲ့ ဖြစ်ခဲ့တဲ့ မိန်းမတွေနဲ့ ယှဉ်ရင် ပန်းအိဖြူဟာ ဒုတိယ တန်းစားပဲ ရှိတယ်ကွ၊ မင်း လိုအဆင့်အတန်းနဲ့ လူက ဒီထက် သာတာတွေ ရနိုင်ပါ တယ် ကွာ” “ငါ့အတွက်ကတော့ ဒုတိယတန်းစားလည်း မဟုတ်ဘူး၊ ပထမတန်းစားလဲ မဟုတ်ဘူး၊ အ ထူး တန်းပဲ” “မင်းဟာမင်း မမြင်ဖူး မူးမြစ်ထင်ဆိုသလိုဖြစ်နေပြီ။ အပုပ်ကောင်ကို ရုပ်ဆောင်နေတယ် ဆိုတာ မကြားဖူးဘူးလား” “ပုပ်မှ မပုပ်သေးပဲနဲ့” “ဒါဆိုရင်တော့ ငါသေမှ မင်းစိတ်ကြိုက်လုပ်၊ ဟုတ်လား” စိတ်ပေါက်ပေါက်နှင့် ပြောပြီးနောက် အိမ်ပြန်ပို့ခိုင်းလိုက်သည်။ မင်းခန့် မကြိုက်မှန်းသိ နေ လို့ မျိုးမင်းစိုး လည်း စကားဆက်မရှည်တော့ဘဲ ပြန်ပို့ပေးရှာပါ၏။ ဟိုကိစ္စ ဖြစ်ပြီးက ထဲက မျိုးမင်းစိုးကို အိမ်ရှေ့ အထိလိုက်ပို့ မခိုင်းတော့ဘဲ လမ်းထိပ်မှာပဲ ဆင်းနေရစ်တော့၏။ ကိုယ်စိတ်က ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အများအမြင်မှာ မင်းခန့် က မိန်း ကလေး ဆိုတော့ ဆင်ခြင်သင့်သည်ဟု ထင်လို့ ဒီလိုလုပ်ခြင်းဖြစ်သည်။ အရက်တွေ မူးတဲ့နေ့ တုန်း က မျိုးမင်းစိုး လမ်းမှာ ကားကိုထားပြီးမှ ပြန်လာတာ ကံကောင်းခြင်းဖြစ်၏။ မိန်းကလေး တယောက်ထဲ နေသည့် အိမ်ရှေ့မှာ ကားတစီး ညလုံးပေါက်ရှိနေသည် ဆိုတာမျိုး ဖြစ် မ သွားခဲ့ပေ။ အိမ်နားရောက်တော့ ဂစ်တာသံကြားရသည်။ ထီးပြင်သမား ထီးပြင်မစားတော့ဘဲ ဂီတ လောကထဲ ခြေစုံပစ်ဝင်ဖို့ စဉ်းစားနေသလား မသိပါ။ အခုတလော ဆိုသံ တီးသံတွေ မ ပြတ်အောင် ကြားနေရသည်။ ဆိုလိုက်ရင်လည်း လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် လောက်က သီချင်းဟောင်းကြီးတွေ ဖြစ်နေသည်။ အခုလည်း ခေတ်ဟောင်းသီချင်း တ ပုဒ် ကို အကျပန ဟဲနေ၏။ “ဝိုင်း ..အသက်က ပြောပြလိမ့်မယ် လှတဲ့သူကိုလေ၊ ရင့်ကျက်လာတဲ့ တနေ့တော့သိမယ်၊ ....မအိုချင်ပေမယ့်လည်း တားဆီးမရတဲ့ လှိုင်းလို၊ ပျက်စီးကြမယ် သက်ရှိသဘောကို ၊ ..ကိုယ်တိုင်မှပဲ လက်တွေသိမယ်၊ ပန်း ..အလှတွေ ကြွေနွမ်း သွားမှာကို ..” Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx “မင်းသွားတာ မြန်သားပဲ” “အပေါ့သွားတာပဲ၊ အိမ်သာတက်တာမှ မဟုတ်တာ၊ ဘာတွေမှာထားသေးလဲ” မျိုးမင်းစိုးက တသီတတန်းကြီးရွတ်ပြလိုက်ရာ မင်းခန့် အံ့သြသွားရသည်။ “အများကြီးပါလား” “အင်းလေ၊ ထမင်းစားပျက်နေတယ် ဆိုလို့ စုံအောင်မှာလိုက်တာ၊ ကြိုက်တာနဲ့စား အား မနာနဲ့” “အလုပ်မရှိ အကိုင်မရှိနဲ့ မင်း ငါ့ကြောင့် အကုန်အကျတော်တော်များနေပြီ” မျိုးမင်းစိုးက အမှုမထားသလို ဟန်ဖြင့် ပုခုံးတွန့်ပြရင်း “ဒီလောက်က ပါးပါးလေးပါ၊ ကုန်တော့လည်း အိမ်က တောင်းတာပေါ့၊ ဟား ..ဟား၊ ကဲ ..ကဲ၊ ဘာနဲ့ စားမှာလဲ၊ ထမင်းမစားချင်လည်း ဟင်းချည်းပဲစား” “အေးပါ၊ ဒါဆိုလဲ အားမနာတော့ဘူး” ဟင်းပွဲတွေ တခုပြီးတခု ရောက်လာတော့ အားရပါးရ စားလိုက်မည်ဟု ပန်းကန်ထဲကို တွေ့ သည့် ဟင်းတွေ ကောက်ပုံထည့်လိုက်ပြီး မှ စားချင်စိတ်တွေ လုံးဝ ပျောက်ဆုံး သွားတာကို သတိထားလိုက်မိသည်။ ဇွန်းနှင့် ခက် ရင်း ကိုကိုင်ပြီး မင်းခန့် ငိုင်တွေနေမိ၏။ စားဖို့ အ သာ ထား ဟင်းနံ့ ထမင်းနံ့ တွေကိုတောင် မှ မခံချင်သလို ဖြစ်နေမိ၏။ မျိုးမင်းစိုး ကြည့် နေတာကို မြင်လို့ ပိုက်ဆံကုန်ခံပြီး လိုက်ကျွေး ရသည့် သူငယ်ချင်းကို အားနာတာကြောင့် စိတ်တင်းပြီး ဟင်းတဖတ်နှင့် ထမင်းအနည်း ငယ်ကို ဇွန်းနှင့် ခပ် ကာ ပါးစပ် ထဲထိုးထည့် လိုက်ရသည်။ စားချင်စိတ် မရှိသလို ဝါးချင်စိတ်လည်း မရှိ။ ဝါးရင်းဝါးရင်း နှင့် ရင်ထဲက အော်ဂလီဆန်ပြီး ပျို့တက်လာသည်။ မျိုးမင်းစိုး စိတ်မကောင်းဖြစ်မှာ စိုးလို့ ကျိတ်မှိတ်ပြီး တလုပ် မျို ချလိုက် ရပေမယ့် ဘယ်လိုမှ ဆက်ပြီးစားချင်စိတ် မရှိတော့။ အခုမျိုချလိုက်ရတာကိုပင်ပြန်အန် ထွက်တော့မည်ဟု ထင်နေမိသည်။ ဟင်းတွေကို ယက်ဖယ်လိုက်ပြီး အလယ် နားမှာ ကျန် နေသည့် ထမင်း ဖြူသက်သက် ကိုသာ သုံးလေးဇွန်း လောက် ခပ်စားပြီး ပန်းကန်ကို ရှေ့ကို တွန်းထုတ်လိုက်တော့ မျိုးမင်းစိုး နားမလည်နိုင်စွာဖြင့် ကြည့်သည်။ “တော်ပြီ ကွာ၊ မစားနိုင်တော့ဘူး” “ဒုက္ခပါပဲ၊ မင်း ..ဘာဖြစ်နေတာတုန်း၊ လူလည်းဖြူဖျော့နေတာပဲ။ အစားအ သောက်လဲ မ စားချင်ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ၊ ကြာရင်ဆေးရုံရောက်လိမ့်မယ်” “ဟင်း အနံ့ကို မခံချင်တာကွ” “ဒါဆို ဘာစားမလဲ၊ နည်းနည်းချဉ်တဲ့ ဟင်းမျိုးစားမလား၊ ခံတွင်းလိုက်တာပေါ့၊ နေဦး ... မီ နူးကြည့်လိုက်ဦးမယ်” “ဘာမှကို မစားချင်တာ၊ စပါကလင်ဖြစ်ဖြစ်၊ လိမ္မော်ရည် ဖြစ်ဖြစ် မှာလိုက်ကွာ၊ အရည်ပဲ သောက်တော့မယ်၊ မင်းစေတနာနဲ့ ကျွေးပေမယ့် ငါစားလို့ မရတာ ဆောရီးကွာ” စိတ်ပျက်လက်ပျက်ဖြစ်နေသည့် မင်းခန့် ကို ကြည့်ပြီးမျိုးမင်းစိုး လက်လျှော့လိုက်ပုံရ သည်။ စားပွဲထိုးခေါ်ပြီး အအေးမှာပေး၏။ ပုလင်းပိတ် မဟုတ်ဘဲ အသီးကို ညှစ်ထား သည့် လတ်လတ် ဆတ်ဆတ် လိမ္မော်ရည် ကိုတော့ မင်းခန့် သောက်လို့ ရပါသည်။ “ထပ်မှာပေးမယ်လေ၊ သောက်လို့ အဆင်ပြေမယ် ဆိုရင်” “နေပါစေ၊ ရပါပြီ” စားပွဲပေါ်က ပန်းကန်တွေ စုံအောင်လိုက်နှိုက်စားရင်း မျိုးမင်းစိုး မင်းခန့် ကိုသေသေချာချာ စိုက်ကြည့်နေသည်။ သူကြည့်တာက တခုခုကို ပြောသင့် မပြောသင့်ချင့်ချိန်နေသည့် ပုံမျိုး ပေါက်နေသည့် အတွက် မင်းခန့် ကပဲမေးလိုက်သည်။ “မင်း ..တခုခု ပြောစရာရှိတယ် မဟုတ်လား မျိုးမင်းစိုး၊ ပြောလေ၊ ငါ့ကို အခုလို အလျှံအ ပယ် လိုက်ကျွေးထဲက အကြောင်းရှိမယ် ဆိုတာငါသိတယ်၊ စလုံး ပြန်ထွက်တော့ မလို့ လား” “မဟုတ်ပါဘူးကွာ၊ မင်း အစားအသောက်ပျက်နေတယ် ဆိုလို့ ကျွေးတာပါ၊ ကြည့်ရတာလဲ အားမရှိသလိုနဲ့ ဆေးခန်းပြပါလား၊ ငါလိုက်ပို့ ပေးမယ်လေ၊ အားဆေး လေး ဘာလေး ထိုး၊ အကြောဆေး သွင်းတန်သွင်းလိုက်ရင် ပြန်လန်းပြီး စားနိုင်သောက်နိုင် ဖြစ်ချင်ဖြစ်လာမှာ ပေါ့” “မသွားချင်ပါဘူးကွာ၊ အိမ်မှာတော့ ထမင်းစားဖြစ်ပါတယ်၊ ဟင်းနဲ့တော့စားလို့ မရဘူး၊ ထ မင်းကို ဆီနည်းနည်းဆမ်းပြီး ဆားနည်းနည်း ထည့်စားကြည့်တာရတယ်၊ ငါအခု အဲ လို ပဲ စားနေတာ” “အဲဒါလောက်နဲ့ ဘယ်လို အဟာရပြည့်မှာလဲ၊ မစားနိုင်ဘူး ဆိုတော့ အစာအိမ် ရောဂါ များ ဖြစ်နေသလား၊ ဒါ ...ဒါ ...ဒါမှ မဟုတ်. မင်း ..ကိုယ်..ကိုယ် ဝန်များရှိနေလို့လား” “ကိုယ်ဝန်၊ ငါက ဘာဖြစ်လို့ ကိုယ်ဝန် ....” မင်းခန့် စကား တပိုင်းတစနှင့် ရပ်သွားသည်။ မျိုးမင်းစိုးလည်း လက်ထဲက ဇွန်းကို ပစ်ချ ပြီး စားပွဲကို လက်ထောက်ကာ ကုန်းကုန်းကြီး ဖြစ်သွား၏။ “ပေါက်ကရတွေကွာ၊ ဒါမျိုးဖြစ်စရာ အကြောင်းမှ ..မရှိတာ” “ရှိတယ်လေကွာ၊ မင်းနဲ့ ငါနဲ့” “တော်စမ်းပါကွာ၊ မင်း ငါ့ကို အဓိပ္ပါယ် မရှိတာတွေ လာမပြောစမ်းပါနဲ့” သွေးရူးသွေးတမ်း ဖြင့် မင်းခန့်က အတင်းညင်းပယ် နေသလောက် မျိုးမင်းစိုး ၏ မျက်လုံး တွေကတော့ စိတ်အားထက်သန်မှု ကြောင့် တဖြည်းဖြည်းပြောင်လက်လာသည်။ ကိုယ် ဘယ်လောက်တောင် တုန်လှုပ်ချောက်ချားနေသည်ဆိုတာကို မင်းခန့်သိသည်။ မျိုးမင်းစိုး ထပ်ပြော မလာနိုင်စေရန် ဒီနေရာကနေ ထွက်သွားလိုက်ချင်ပေမယ့် ခြေထောက်တွေက တုန်ရီပြီး ထရပ်ဖို့ ခွန်အားကင်းမဲ့ နေသည်။ “ဟိုတလောတုန်းက မင်းတို့ ဆိုင်ရှေ့မှာ မင်းထွက် အန်နေတာငါတွေ့တယ်” “အဲဒါ ငါ့ဖာသာ အစာမကျေလို့ ဖြစ်တာပဲကွ၊ တခါလေး အန်မိတာနဲ့ မဟုတ်မဟပ် ဇာတ် လမ်းတွေ ဆင်မလာစမ်းနဲ့ ကွာ” “တခါ မဟုတ်ပါဘူး၊ ငါတွေ့တာသုံးလေးခါပါ၊ ငါမမြင်တဲ့ အခါတွေလည်း ရှိချင်ရှိမှာ။ နေဦး နေဦး၊ ခေါင်းနည်းနည်း မော့လိုက်စမ်း” ဘာဆိုလိုမှန်း မသိပေမယ့် မင်းခန့် ယောင်ပြီး ခေါင်းမော့လိုက်မိသည်။ “နဖူးက ဆံစတွေလဲ ခြောက်နေတယ်ဟ” “တော်တော့ကွာ” ခြေမခိုင်ပေမယ့် စားပွဲကို လက်ထောက်ကာ အားယူရပ်လိုက်သည်။ ဘေးမှာ ချထားသည့် အိတ်ကို လှမ်းဆွဲလိုက်ပြီးနောက် “ငါ့ဖာသာပဲပြန်တော့မယ်၊ မင်းဆီက အရည်မရ အဖတ်မရတွေ မကြားချင်တော့ဘူး၊ မင်း စားလို့ ပြီးမှ မင်းပြန်ပေါ့” “နေ ..နေပါဦးကွာ၊ ငါလိုက်ပို့ မှာပေါ့၊ ငါလဲ ဝပါပြီ” မျိုးမင်းစိုး ထလာပြီး လက်ကို အတင်းဆွဲထားသည်။ ခွန်အားချင်းက ကွာခြားလို့ မင်းခန့် အတင်း ရုန်းပေမယ့် လွတ်မသွား။ တခြားဝိုင်းတွေက မြင်ရင် တမျိုးထင်ကုန်ကြ မှာစိုး တာ ကြောင့် မင်းခန့် စိတ်လျှော့လိုက်သည်။ မျိုးမင်းစိုး ပိုက်ဆံရှင်းနေတာကို တောင်မှ မင်းခန့် မစောင့်ချင်ပါ။ မကောင်းတတ်လို့ သည်းခံပြီး စောင့်နေရသည်။ မစောင့်ဘဲ ထွက်သွားမည်ဆိုလျှင် ဘေးဝိုင်းတွေက အတွဲ တတွဲရောက်လာသည်။ ကောင်မလေးက စိတ်ကောက်ပြီးပြန်သွားသည် ဆိုတာမျိုးမြင် သွားမှာကို မလိုချင်ပါ။ ငွေရှင်းသည့် ကိစ္စ ပြီးတာနှင့် မင်းခန့် ကပဲရှေ့ဆောင်ပြီးထွက်လာခဲ့သည်။ ကားနားကို ရောက်သည်အထိ မျိုးမင်းစိုး ငြိမ်ကုပ်ကာ နောက်ကနေလိုက်လာပြီး ကားဘေး ရောက် တော့မှ ဘာစိတ်ကူးပေါက်သည်မသိ။ တိုးတိုးလေး ကပ်မေးသည်။ “မင်းခန့်” “ဘာလဲ” ပန်းလို့ မခေါ်ဘဲ မင်းခန့် လို့ခေါ်လိုက်သည့် အတွက် စိတ်လိုလက်ရထူးလိုက်မိသည်။ “မင်း..ကလေ၊ ဟို ..ဟိုဒင်း၊ မိန်းကလေး ဖြစ်သွားပြီဆိုတော့ ..ဟိုဟာလေ..ရာ..ရာသီတွေ ဘာတွေ လာတယ် မဟုတ်လား” “ဟေ့ ကောင်၊ အဲဒါ ..မင်း အလုပ်လား” “မဟုတ်ဘူးလေ၊ လာ ..လာတယ်ဆိုရင် အခု အဲဒါတွေဘာတွေရော မှန် ..မှန် ရဲ့လား” “မျိုးမင်းစိုး ..မင်းတော်တော်သိ..နေ .. နေ...” မင်းခန့် ရင်ဝကို အလုံးကြီးတလုံးဝင်ဆောင့်လိုက်သလိုဖြစ်သွားသည်။ မျိုးမင်းစိုးကို ဆက် ပြောရမည့် စကားတွေ ပျောက်ဆုံးသွား၏။ အမှတ်တမဲ့ ဖြစ်နေခဲ့သော အရာတခုကို သတိ ရလိုက်ပြီး ဦးနှောက်ထဲမှာ ဆူဝေသွား၏။ ဗိုက်အောင့်သည့် ဝေဒနာတွေ၊ ရေနွေးအိတ်ကပ် ရသည့် ဒုက္ခတွေ မကြုံတွေ့ ရသည်မှာကြာပြီဆိုခြင်းက ချက်ချင်း ခေါင်း ထဲရောက်လာ သည်။ မာလာ့ကို တိုးတိုးတိတ်တိတ် ကပ်ပြောပြီး နားရက် နှစ်ရက်ဆက် ယူခဲ့ရတာမျိုး မ ဖြစ်တာ ဘယ်လောက်ကြာပြီ နည်း။ ကြယ်မှုံ တွေလင်းလက်လာခါစ ကောင်းကင်မည်း မည်းကြီး တစစီပြိုကွဲပြီး ခေါင်းပေါ်ကို ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ရုတ်တရက် အသက်ရှူရပ်သွား၏။ ဒီ ငတုံးကောင်က မဟုတ်သည့်နေရာမှာ တော့ ဗဟုသုတ လာရှိနေသည်။ အလန့်တကြားနှင့် လက်ချောင်းတွေ ချိုးရေကြည့်ပြီးတော့မှ မျိုးမင်းစိုးက လာစိုက်ကြည့် နေ သောကြောင့် လက်ကို နောက်မှာကွယ်လိုက်ရသည်။ “ဟေ့ ကောင်၊ မင်း က ..ဘာ..ဘာလာကြည့်တာလဲ” “မင်းဘာလုပ်နေသလဲလို့ပါ” “ဘာလုပ်လုပ်ပေါ့” ပြောရင်းနှင့် မင်းခန့် တကိုယ်လုံးအေးစိမ့်လာသည်။ ရင်ထဲမှာလဲ လှပ်ကနဲ လှပ်ကနဲ နှင့် ဖြစ်လာ၏။ ခေါင်းထဲမှာ ဘယ်လောက်တောင် ဆူဝေနေသည် ဖြစ်သော်လည်း လစဉ် ခံ စားနေကျ ဒုက္ခတွေကနေ ကင်းလွတ်နေခဲ့တာ အနည်းဆုံး နှစ်ကြိမ်လောက်တော့ ရှိပြီ ဟု ခန့် မှန်းမိလိုက်သည်။ အဲဒါတွေ၏ ရှေ့တွင် မျိုးမင်းစိုး နှင့် ဖြစ်ခဲ့သော ရှက်ရွံ့စရာ ကိစ္စတွေ ရှိနေ၏။ ခေါင်းထဲမှာ မိုက်ကနဲဖြစ်သွားပြီး မင်းခန့် ကိုယ်ကနေ အသိကင်းလွတ်သလိုဖြစ်သွားသည်။ ကားခေါင်မိုးသာ ခံမနေရင် မင်းခန့် မြေပေါ်ကိုပုံလဲကျသွားတော့မည်ဖြစ်သည်။ “မင်းခန့် ..အာ ...ပန်း ...ပန်း...ပန်းဘာဖြစ်တာလဲ” မျိုးမင်းစိုး ကိုယ်ကိုမှီထားရင်းကနေ မင်းခန့် အသိပြန်ဝင်လာသည်။ မျက်စိထဲတွင် အနီး အနားက လူတွေ၊ ကားတွေ ဝေဝေဝါးဝါး နှင့် ခုန်ပေါက်နေ၏။ “ဘာမှ မဖြစ်ဘူး၊ ကားတံခါးဖွင့်ပေးပါ” မင်းခန့် ပြောသည့်အတိုင်း မျိုးမင်းစိုးက တံခါးဖွင့်ပေးပြီး ခုံပေါ်ကိုတွဲတင်ပေးသည်။ “လက်တွေကလည်း အေးစက်နေတာပဲ” မျိုးမင်းစိုး စကားကို ပြန်မဖြေနိုင်ဘဲ မင်းခန့် မျက်လုံးကို မှိတ်ပြီး ငြိမ်သက်နေမိသည်။ အေး စက်နေသော်လည်း တကိုယ်လုံးမှာ ချွေးစေးတွေပြန်နေတာ သတိထားမိသည်။ သူ ပါ အ ထဲ ဝင်ထိုင်လိုက်ပြီးနောက် မျိုးမင်းစိုးက ထိုင်ခုံနောက်မှီကို လှန်ချပေးသည်။ ပြတင်း ပေါက်မှန်ကိုလည်း ချပေးလိုက်သည်။ “ဒါကြောင့်ပြောတာပေါ့၊ အစားမစားတော့ အားဘယ်ရှိမလဲ၊ မဖြစ်ပါဘူး၊ ဆေးခန်းသွား မှပဲ ဖြစ်တော့မှာပါ” “မသွားနဲ့၊ မသွားဘူး၊ အိမ်ကိုပဲပြန်ပို့ပါ” ခုချိန်မှာ မင်းခန့် ဘယ်လိုမှ ဆေးခန်းမသွားဝံ့ပါ။ မကြားချင်သည့် ရလဒ်မျိုးတွေ ကြားရမှာ စိုးသည်။ အထူးသဖြင့် မျိုးမင်းစိုး နှင့် တူတူတော့ ဘယ်လိုမှ သွားလို့ မဖြစ်ပေ။ “ဖြစ်လို့လား” “ဖြစ်ပါတယ်၊ ငါ အိပ်ရေးပျက်ထားလို့ပါ၊ ကောင်းသွားမှာပါ” “ဖြစ်တယ်နော်” “ဖြစ်ပါတယ်ကွာ၊ ငါ့ကိုယ်ငါ သိပါတယ်” ကားထွက်လာတော့ မင်းခန့် မျက်စိမှိတ်ကာ မှိန်းပြီးလိုက်လာခဲ့၏။ မျက်နှာကို လေတွေ တဝူးဝူး နှင့် တိုးဝှေ့ကြသည့်အခါ နည်းနည်းတော့ ပြန်လန်းလာသည်။ မျိုးမင်းစိုး က လည်း အခြေအနေကို ရိပ်မိသည်ထင်သည်။ အိမ်ကို တိုက်ရိုတ်မောင်း မပို့ဘဲ ဟိုဟိုဒီဒီ လိုက်ပတ်မောင်းပေး၏။ တဖြေးဖြေး နှင့် မင်းခန့် ခေါင်းပြန်ကြည်လာသည်။ လက်ရှိကြုံ တွေ့နေရသည့် အခြေအနေ နှင့် မျိုးမင်းစိုး၏ စွပ်စွဲချက်တွေကို ယှဉ်ထိုးစဉ်းစား လိုက် မိသော အခါ ကြည်လင်ခါစ ခေါင်းထဲမှာ ပြန်ပြီးရှုပ်ထွေး နောက်ကျိသွား၏။ မိန်းကလေးစစ်စစ် တယောက်ဆိုရင်တော့ ရာသီပန်း ပျောက်ဆုံးနေခြင်း အပေါ်တွင် စိုးရိမ် ပူပန်စိတ် နှင့်စောကျောမိမည် ဖြစ်သော်လည်း မင်းခန့် ကတော့ ပေါ့ပေါ့ဆဆ ပင်သဘော ထားခဲ့သည်။ လာချိန်တန်လျှင် ဗိုက်အောင့်လိမ့်မည် ဟု သာလွယ်လွယ်မှတ်သားကာ အမှု မဲ့ နေခဲ့မိ၏။ အစားအသောက်ပျက်တာ အန်တာတွေနှင့်လည်း တွဲဖက်စဉ်းစားဖို့ လုံးဝမေ့ လျော့နေခဲ့သည်။ အခြေအနေကို ခြုံငုံပြီးဆက်စပ်မိသည့်အခါ မျိုးမင်းစိုး ကားပေါ်မှာ ဆက် ထိုင်နေချင်စိတ်ပင် မရှိတော့ပါ။ “ငါ ..သက်သာသွားပြီ၊ အိမ်ကိုပဲ ပြန်မောင်းတော့” “တကယ်လား” “တကယ်ပါ” ပိုပြီးယုံကြည်စိတ်ချသွားစေရန် နောက်မှီကို ပြန်တင်ပြီး ခပ်မတ်မတ် ထိုင်ပြလိုက်တော့မှ မင်းခန့် သက်သာသွားပြီးဟု လက်ခံသွားပုံရသည်။ မီးအချက်ပြလိုက်ပြီးနောက် ကားကို ပြန်ကွေ့လိုက်၏။ “ဘာပဲဖြစ်ဖြစ်ကွာ၊ ဆရာဝန်တော့ ပြသင့်တယ်ထင်တာပဲ” “မင်းက ငါဗိုက်ကြီးတယ် ထင်နေလို့လား၊ လုံးဝ မဟုတ်ဘူး၊ စိတ်ကူးယဉ် မနေနဲ့” “မဟုတ်ရင်လဲ ပြီးတာပါပဲကွာ၊ ငါက အားဆေးလေး ဘာလေး ထိုးလိုက်ရင် ပိုကောင်း မ လားလို့ပါ” “နောက်မှပေါ့ကွာ” မျိုးမင်းစိုး ကို နှစ်သိမ့် ရင်း အမှတ်မထင် ကိုယ့်ဗိုက်ကိုယ်ပြန် ငုံ့ကြည့်မိသည်။ စိတ်ထင် လို့ လားမသိပါ နည်းနည်း ပူနေသလိုလို ခံစားရ၏။ ဒါပေမယ့် ဒီနေ့ ဝတ်ထားသည့် ဂျင်း စကပ် က နည်းနည်းထူတာကြောင့် ဖြစ်မည်ဟု စိတ်ကိုဖြေတွေးလိုက်ရသည်။ အိမ်ရောက်ရင် စ ကပ်ကို ချွတ်ပြီးသေချာအောင် ထပ်ကြည့်ဖို့လည်း ဆုံးဖြတ်လိုက်မိပြန်သည်။ ကြည့်စရာမ လိုဘူး အပိုတွေပါဟု အားတင်းပေမယ့် သွေးကပျက်ချင်သလိုလို ဖြစ်နေသည်။ အိမ်နားရောက်တော့ မင်းခန့်က လမ်းထိပ်မှာ ရပ်စေချင်ပေမယ့် မျိုးမင်းစိုး က အိမ်ရှေ့အ ထိတန်းမောင်းချသွားသည်။ “မင်းနေလို့ မကောင်းဘူးဆိုရင် မနက်ကျရင် ဆိုင်သွားဖို့ ငါလာခေါ်မယ်လေ” “ရတယ်၊ ငါ့ဖာသာသွားမယ်၊ ညဖက်ကောင်းကောင်းအိပ်လိုက်ရင် လန်းသွားမှာပါ၊ အခု တောင်တော်တော် ကောင်းနေပြီ” “မကောင်းဘူး ဆိုရင်တော့ ဆရာဝန်ပြဖို့ ကြောက်မနေနဲ့နော်၊ ငါ့ကို မခေါ်ချင်ရင် မာလာနဲ့ သွားပေါ့” မင်းခန့် အခုဖြစ်နေတာတွေကို မာလာသိလို့ ကတော့ သံဃာစင်ပါ မှောက်မည့် ကိန်းဖြစ် သည်။ သူမ၏ သံသယက မျိုးမင်းစိုးထက် ဆိုးနိုင်သည်။ ကိုယ်ဝန်ဟု စွပ်စွဲပြီး ဆရာဝန် ဆီ အတင်းခေါ်သွားတော့မှာသေချာ၏။ အဲဒီထက် ပို ဆိုးတာက စိုးစိုး တို့ဆီကိုပါ မဟုတ်တ ရုတ် သတင်းတွေ ရောက်မည့် အရေးဖြစ်သည်။ မင်း ခန့် အန်နေတုန်းက မာလာသတိမ ထား မိခဲ့ပေမယ့် အခုတလော ခန ခန အပေါ့သွားနေ မိ တာကိုတော့ မာလာ မေးသည်။ “ညီမလေး လက်ထရိန် ခနခန သွားတယ်၊ ဘာဖြစ်တာလဲ” “သိဘူးမမ၊ ရေသောက်တာ များလို့ထင်တယ်” အစားအသောက်ပျက်တော့ အရည်တွေပဲ သောက်ဖြစ်တာ များတာကြောင့်ပဲ ဖြစ်နိုင်ပါ သည်။ ရာသီမလာတာကလည်း မိန်းကလေး တွေ ရံဖန်ရံခါ ဒီလိုပဲ ရာသီထိန် တတ် သည် ဟု မင်းခန့် ကြားဖူးသည်။ “ဘာမှ မဖြစ်ပါဘူးဆိုမှကွာ၊ ငါခေါင်းနောက်နေတာနော်၊ အဓိပ္ပါယ် မရှိတာတွေ လာ မပြော နဲ့” မျိုးမင်းစိုးကို ဟောက်ပြီးကားပေါ်က ဆင်းလိုက်ရသော်လည်း စိတ်ထဲကတော့ မ ဖြစ် သင့် သည့် ကိစ္စ မဟုတ်ပါစေနဲ့၊ သာမန် ကျန်းမာရေးချို့ ယွင်းမှု သက်သက်ဖြစ်ပါစေ ဟု ကျိတ် ပြီး ဆုတောင်းနေမိ၏။ မျိုးမင်းစိုး ကားပြန်ထွက်သွားပြီးနောက် ခြံထဲကိုဝင်ဖို့ တံ ခါး ဖွင့်တာ တောင်မှ လက်က တုန်နေသည်။ ခြံဝမှာ စိတ်ကို ငြိမ်အောင် ထိန်းချုပ်နေစဉ် ဟို ဖက် ခြံက ဂစ်တာသံ ထွက်လာသည်။ မင်းခန့် စိတ်ရှုပ်နေသည့် အချိန်မှာမှ ကြားရသည့် ဂစ်တာသံက မြူးကြွသွက်လက် လွန်းလှ ၏။ နားထဲမှာ ရိုးရိုး သီချင်းနှင့် မတူ။ ထီးပြင်တဲ့ သူ ဘာစိတ်ကူးပေါက်ပြီး စစ်ချီ သီချင်းတွေ တီးနေပါလိမ့်ဟု တွေးမိသည်။ ဂစ်တာသံနှင့် အတူ တီးလုံးကို ပါးစပ်နှင့် လိုက်ရွတ်နေသံပါ ထွက်လာ၏။ ထီးပြင်တဲ့လူ၏ အသံဖြစ်သည်။ “ဒါ ဒဒါး ဒါ့ဒါ၊ ဒါဒဒါး ဒါ့ဒါ ...” သူ့လိုမျိုး မူးလိုက်၊ သီချင်းဆိုလိုက်၊ ဂစ်တာတီးလိုက် နှင့် လောကကြီးထဲမှာ နေချင်သလို နေ လို့ ရရင် ဘယ်လောက်ကောင်းမည်နည်းဟု တွေးရင်း မင်းခန့် အိမ်ဆီကို လာခဲ့၏။ သော့ဖွင့် ပြီး အိမ်ထဲကို အဝင် ကျမှ သီချင်းဆိုသံ ထွက်လာသည်။ “သီတာ ...မင်းသမီးလေးကို၊ လိုချင် တပ်မက်မောသူ၊ ရာမ.. မင်းသားလေးနဲ့၊ မယှဉ်နိုင် အချစ်ပြိုင်ပွဲမှာ” ထီးပြင်တဲ့လူ ဒီနေ့တော့ ပန်းမပါသည့် သီချင်းဆိုနေလေသည်။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း- ၄(က) မနေတတ်မထိုင်တတ် ဖြစ်နေပါသည်ဆိုမှ မျိုးမင်းစိုး၏ စပ်ဖြဲဖြဲ မျက်နှာအမူအရာကြောင့် ပို ပြီးစိတ်တိုရသည်။ “မင်းကိုကြည့်ရတာ အိန္ဒြေမရလိုက်တာ၊ ခပ်တည်တည်နေစမ်းပါ” “ငါက သတို့သားလေကွာ၊ ဒီလောက်တော့ ရှိမှာပေါ့၊ မင်းလည်း ခုလိုကြီး မှုန်ကုပ်မနေစမ်း ပါနဲ့ကွာ၊ တော်ကြာတရားသူကြီးက အလိုမတူပဲ အတင်းခေါ်လာတယ်ထင်ပြီး ငါ့ကို အချုပ် ခန်းထဲ ထည့်နေဦးမယ်” “အဲဒါဆိုလဲ အေးတာပဲ၊ အခုလုပ်နေတာကလဲ ငါ့သဘောမှ မဟုတ်ဘဲနဲ့” “ဟာကွာ၊ ဒီမှာ အားလုံးစီစဉ် ပြီးနေပြီ၊ ခုမှတော့ မဖေါက်ပါနဲ့ တော့ကွာ” “ဒီမှာ မျိုးမင်းစိုး၊ မင်းက သိပ်ပြီး မျက်စိနောက်အောင် လုပ်ပြမနေရင် ငါငြိမ်ငြိမ်လေး လိုက် ခဲ့မယ်၊ ဟုတ်ပြီလား” “အေးပါကွာ၊ အေးပါ” မျိုးမင်းစိုး မျက်နှာပိုးသပ်ပြီး ကားကိုပဲ အာရုံစိုက်မောင်းနေသည်။ စောစောတုန်းကလို မင်း ခန့်ကို လှည့်ကြည့် လှည့်ကြည့် လုပ်မနေတော့ပါ။ အပြင်ဖက်က မြင်ကွင်းတွေကို လိုက် ငေး နေပြီးမှ မင်းခန့် ခုံပေါ်မှာကိုယ်ကို လျှော့ချမှီလိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက် သည်။ ဘာကြောင့် ဒီလိုတွေလုပ်နေရတာလည်း ဟုလည်း ဇဝေဇဝါ ဖြစ်နေ မိပြန်သည်။ ကိုယ်ဝန်ရှိနေတာ သံသယ မဟုတ် တကယ်ဖြစ်သည့် အကြောင်းကို မျိုးမင်းစိုး ကို ပြော လိုက်မိတာ အမှားလားဟု တွေးနေမိသည်။ မင်းခန့် ဆေးခန်း နှစ်ခု ပြောင်းပြီး ဆရာ ဝန် နှစ်ယောက် နှင့် စမ်းသပ်ခဲ့သည်။ အဖြေကတော့ တူတူပင်ဖြစ်သည်။ တယောက်ပြောတာ မှားလေ မလားဟု နောက်တယောက်ပြောင်းပြလိုက်ကာမှ အဖြေက မပြောင်း သည့် အခါ မင်းခန့် ဆောက်တည်ရာမရဖြစ်သွားပါသည်။ နောက်ဆုံးမျှော်လင့် ချက်ကလေး နဲ့ တတိ ယ အကြိမ် စမ်းလိုက်ချင်သေးသော်လည်း ရှိစုမဲ့စု ပိုက်ဆံလေးကုန်သွား မှာစိုးတာနှင့် မ လှုပ် ဝံ့တော့။ ဒီကြားထဲ မျိုးမင်းစိုး ကလည်း အခြေအနေကို တကျီကျီ လာ မေးနေ သည်။ ကြာတော့ မင်းခန့် စိတ်မရှည်ဖြစ်ရသည်။ စိတ်ညစ်ရတာက တဖက်၊ နားပူရတာက တမျိုး နှင့် သည်းခံချင်စိတ် ကုန်သွား၏။ “ဟုတ်တယ်ကွာ၊ ဟုတ်တယ်၊ စိတ်ရှုပ်ရတဲ့ ကြားထဲမှာ ပိုညစ်အောင်လာမလုပ်နဲ့” ဘာဆုံးဖြတ်ရမည် ကို မသိနိုင်ဘဲ ဖြစ်နေချိန်မှာ ရှည်ရှည်ဝေးဝေး မတွေးနိုင်တော့ဘဲ ဝန် ခံ လိုက်မိခြင်း ဖြစ်ပါသည်။ အဲဒါကို နောက်မှ နောင်တရမိသည်။ ပြောလိုက်တုန်းက တော့ ခေါင်းတွေ ထူပူနေတာပဲ သိခဲ့၏။ ထွက်ပေါက်ရှာလို့ မတွေ့ချိန်မှာ စိတ်ညစ်ညစ် နဲ့ ဘာကို မှ မတွေးမိခဲ့ပါ။ မျိုးမင်းစိုးကို ပြောလို့ မဖြစ်ဆိုသည့် အချက်ကို လုံးဝ မေ့လျော့ သွားခဲ့၏။ “မင်း ဘာ ..လုပ်မှာလဲ” “ဘာလုပ်ရမှန်း မသိလို့ ပေါ့ကွ၊ သိမှတော့ လုပ်ပြီးပြီ” “ဖျက်မချပါနဲ့ ၊ အန ္တရယ်ရှိတယ်၊ ငရဲလည်းကြီးမယ်၊ ငါလဲ ကူစဉ်းစားပေးပါ မယ် ကွာ” မင်းခန့် ဖျက်ချဖို့ တွေးခဲ့သေးသည်။ ဒါပေမယ့် မလုပ်ရဲပါ။ ဘဝကံကြွေး မကောင်းလို့ ယောက်ျားစစ်စစ် ကနေ မိန်းမ ဖြစ်ရပြီးနောက်တွင် နောက်ထပ် အကုသိုလ် အသစ်မတင် ချင်။ ကိုယ့် အသက်အန ္တရယ်ကလည်း ရှိသေး၏။ အဆင်အပြေဆုံး ဖြစ်နိုင်မည့် နည်း လမ်း ကိုလည်း ဘယ်လိုမှ မတွေးနိုင်သည့် အခါ ရူးချင်သလိုလို ဖြစ်လာ၏။ ရင်တွင်း က အပူကို လူမသိအောင်ထိန်းချုပ်ရခြင်းက လည်းပင်ပန်းလွန်းသည်။ မျိုးမင်းစိုး ကိုပြောလိုက်မိပြီးမှ ပိုဆိုးသည်။ ကိုယ့်အတွက်ကိုယ် စိတ်ညစ်ရတာက တမျိုး၊ မျိုးမင်းစိုး သိသွားပြီဆိုပြီး စိတ်အနှောက်အယှက်ဖြစ်ရတာကတမျိုးနှင့် ပိုပြီးပင် ပန်း၏။ တ ရက်မှာတော့ မနက်အစောကြီးပေါက်ချလာပြီး သူနှင့်လက်ထပ်ဖို့ ပြောသည်။ “ရမလားကွ၊ မဖြစ်ပါဘူးကွာ၊ ငါက မင်းကို ဘာလို့ ယူရမှာလဲ” “မင်းခန့် ကို လက်ထပ်မယ်ပြောတာ မဟုတ်ဘူး၊ ပန်းအိဖြူ နဲ့ လက်ထပ်မယ်လို့ ပြောတာ” “ငါက ပန်းအိဖြူ မှ မဟုတ်ဘဲ” “အဲဒါကို သိတာ မင်းနဲ့ ငါ နှစ်ယောက်ပဲ ရှိတယ်၊ အများအမြင်မှာတော့ ပန်းအိဖြူပဲ၊ လက် ထပ်တယ် ဆိုတာကလဲ ရုပ်ရှင်တွေထဲကလို ဟန်ဆောင်လက်ထပ်တာ မျိုးပါကွာ၊ မင်းကို ငါ လက်ဖျားနဲ့တောင် မထိပါဘူး” “ထိလို့ ရောရမလား” “စိတ်လျှော့စမ်းပါသူငယ်ချင်းရာ၊ ငါရှင်းပြတာကို သေသေချာချာနားထောင်၊ ငါတော့ ဒီ နည်းက မင်း တို့ ငါတို့အတွက် အကောင်းဆုံး ဖြစ်မှာပါ” “မင်းပြောကြည့်လေ၊ ငါစဉ်းစားမယ်” မျိုးမင်းစိုးက သူ၏ အစီအစဉ်ကိုပြောပြသည်။ သူက ပန်းအိဖြူ အနေနှင့် မင်းခန့် ကိုလက် ထပ်ယူမည်။ ကလေးနှင့် ပတ်သက်၍ သူအားလုံးတာဝန်ယူ၏။ မင်းခန့် က မွေးပေးရုံ၊ သူ့ ကို ကူညီပြီး စောင့်ရှောက်ပေးရုံ သက်သက်သာလုပ်ရမည်။ မင်းခန့်၏ စားဝတ်နေရေး အ တွက်လည်း သူမသေမချင်း တာဝန်ယူပေး သွားမည်ဟု ဆိုသည်။ “မင်းကတော့ ဟုတ်ပါပြီ။ မင်း အိမ်ကတော့ လက်ခံမယ် မထင်ဘူး” “ရွေးစရာမှ မရှိတော့တာ၊ ငါ အသက်သုံးဆယ်ပြည့်တော့မယ်၊ တသက်လုံး မိဘ စကား ကို နားထောင်လာတာ၊ တကြိမ်တခါတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်ခွင့် ရှိမှာပါ၊ နောက်ပြီး အခုလိုဆုံး ဖြတ်ရတာလဲ ငါ့အမှားကြောင့် လူ့လောက ကို ရောက်လာတဲ့ အ ပြစ်မရှိတဲ့ ကလေး အတွက်ဆုံးဖြတ်တာ” “အဲဒါ မင်း ရဲ့ကလေးလို့ ယုံသလား၊ ဘာအထောက် အထားရှိလို့လဲ ပန်းအိဖြူက အရင်ထဲ က ခပ်ရှုပ်ရှုပ်နော်” “မင်း ..ပန်းအိဖြူ ဖြစ်တာ ဘယ်လောက်ကြာပြီလဲ၊ ကိုယ်ဝန်က အခုမှ ဖြစ်လာတာလေ၊ မင်းခန့် အကြောင်းကို ငါ အသိဆုံးပေါ့ကွာ၊ မဟုတ်မဟပ် လုပ်မယ့် လူမျိုးကို မြွေမြွေချင်း ခြေမြင်မှာပဲ၊ အနားကို ဘယ်အကပ်ခံမလဲ၊ ငါ့ကိုပဲ သူငယ်ချင်း ဆိုပြီး ယုံခဲ့တာ” “အင်း ..ဟုတ်တယ်၊ မင်းကို ယုံခဲ့ မိတာ ငါမှားသွားတယ်” “ယုံလက်စနဲ့ အခုလည်း ဆက်ယုံလိုက်ပါကွာ၊ အဆင်အပြေဆုံးဖြစ်စေရမယ်လို့ ငါ ကတိ ပေးပါတယ်” မျိုးမင်းစိုး ကတိကို ယုံသည်မဟုတ်သော်လည်း လက်ရှိအခြေအနေမှာ သူပြောလာတာ ထက် ကောင်းသည့်အကြံ မင်းခန့် မစဉ်းစားတတ်ပါ။ ကိုယ်ဝန် ဖျက်ချပြီး လူသတ်မှု ကျူး လွန်တာထက်စာရင် တော်သေးသည်ဟု တွေးပြီး မတတ်သာသည့် အဆုံးမှာ ဒီအစီ အစဉ် ကို လက်ခံလိုက်ရသည်။ ရင်းနှီးသူတွေ ထိုအကြောင်းကို မသိစေဖို့လည်း မျိုးမင်းစိုး ကို သ တိပေးလိုက်သည်။ သူကလည်း ထိုအချက်ကို လက်ခံ၏။ “ဟုတ်တယ် သိလို့ မဖြစ်ဘူး၊ သိတဲ့လူများရင် ဇယားတွေရှုပ်ပြီး ကိုယ်လုပ်ချင်တာ လုပ်လို့ မရဘဲနေမယ်” မင်းခန့် သဘောတူလိုက်ပြီးနောက် မျိုးမင်းစိုး စီစဉ်စရာရှိတာတွေကို လိုက်လုပ်သည်။ မင်း ခန့်ကတော့ ဆိုင်မှာ စိတ်မပါလက်မပါ ဈေးရောင်းရင်း ဘာတွေဖြစ်လာမည်ကို တွေးကာ ရင်မောနေသည်။ အားလုံးစီစဉ် ပြီးပြီ မနက်ဖြန်လက်မှတ်ထိုးဖို့ မနက်ပိုင်းလာခေါ်မည် ဟု မျိုးမင်းစိုး ပြောလာသည့် ညက မင်းခန့် ကောင်းကောင်း အိပ်မပျော်ပါ။ ညနက်သည် အ ထိ မှတ်ပုံတင်ထဲက ပန်းအိဖြူ၏ လက်မှတ်ကို စာရွက်လွတ်ပေါ်မှာ အကြိမ်ကြိမ်ထိုး ကြည့် နေ မိ၏။ အိပ်ဖြစ်ပြန်တော့လည်း ကြက်အိပ်ကြက်နိုး ဆိုတာလို ပျော်လိုက်နိုးလိုက်နှင့် ကောင်း ကောင်းအိပ်ဖြစ်သည် မရှိ။ မနက်အချိန်တန်လို့ ထရတော့ ခေါင်းကမကြည်လင်။ ရေ ချိုးရင်း နှင့် မျိုးမင်းစိုး စိတ်ကူးကို သဘောတူလိုက်မိသည့် အပေါ်တွင်စိတ်က ချီတုံချတုံ ဖြစ်နေသေး၏။ မတော်တဆ မိန်းကလေး တယောက်ဘဝကို ရောက်ခဲ့ပြီးနောက်တွင် အိမ်ထောင် ပါ ကျသည့် အဖြစ်ကိုရောက်ရသည်ကို အံ့သြနေမိ၏။ ဟန်ဆောင်လက်ထပ် ခြင်းသာဖြစ်သော်လည်း ဒီနေ့က စပြီး ပန်းအိဖြူသည် လင်ရှိမယား တယောက်ဖြစ်သွား လေပြီ။ နောက်ကျရင် ကလေးအမေ ဟု လူတွေသတ်မှတ်တာ ခံရဦးမည်။ မိန်းမတွေ အပေါ်မှာ အလေးမထားခဲ့လို့ လိင်ဆန္ဒ အတွက် အသုံးချစရာ တခုလို သ ဘော ထားခဲ့ လို့ ကံကြမ္မာက အစီအစဉ် တကျ ဒါဏ်ခတ်နေခြင်းလားဟု မင်းခန့် တွေး နေမိ သည်။ မင်းခန့် ကို မွေးထုတ်ခဲ့သည့် မိခင်ကိုယ်တိုင်က မိန်းမသား တဦးပင်မဟုတ် ပါလား။ အတွေးထဲမှာ နစ်မြုပ်ပြီး ရေချိုးနေတုန်း နှာဝကို မွှေးပျံ့သည့် ဟင်းနံ့တခု ဝင်လာ သည်။ ထီးပြင်တဲ့လူ စော စော စီးစီး ထပြီးဘာတွေ ချက်ပြုတ်နေသည် မသိပါ။ အမှန်က တော့ မင်းခန့် အစား ဒီလူ သာ မိန်းမ တယောက်၏ ကိုယ်ခန္ဓာထဲ ရောက်သွားသင့်သည်။ ဒါဆို ရင် အချက်အပြုတ်ကောင်းသည့် မိန်းမ တယောက်ဖြစ်လာနိုင်သည်။ ရေချိုးပြီးတော့ ဘီရိုရှေ့မှာ ငိုင်ရပြန်သည်။ တရားရုံးလိုနေရာမျိုးကို သွားရမည်ဆိုတော့ ဖြစ်သလို ကောက်ဝတ်သွားလို့လည်း မရနိုင်ပြန်။ အိန္ဒြေရသည့် အဝတ်အစားကို လိုက် ရှာ ရင်း ပန်းနုရောင်ဖျော့ဖျော့ ဝမ်းဆက်တစုံသွားတွေ့သည်။ ပိုးသားလို့ထင်ရပေမယ့် ပြောင် ပြောင်လက်လက် မဖြစ်ဘဲ အမြင်မရိုင်းသည့် ဒီဝတ်စုံ သည် ပန်းအိဖြူ၏ ဘီရိုအ တွင်းမှ တ စုံတည်းသော မြန်မာဆန်ဆန် ဝတ်စုံဖြစ်၏။ ပန်းအိဖြူ ကိုယ်တိုင်လည်း အခန်းအနား တစုံ တရာအတွက် ရည်ရွယ်ပြီး ချုပ်ခဲ့ ပုံရသည်။ ဒါပဲဝတ် တော့မည်ဟု ဆုံးဖြတ် ကာ ကောက် ဝတ်လိုက်မှ စိတ်ညစ်စရာတခု သွား တွေ့ သည်။ ပန်းနုရောင်က ပန်းအိဖြူ၏ အသားအရည်နှင့် လိုက်ဖက်သော်လည်း ရင်ညွှန့် အထက်ပိုင်း နှင့် အကျ ႌလက်တွေက မှန်လိုကြည်သောအသားနှင့် ချုပ်ထားသည်။အပြာနှင့် အနက် ကျား ဘရာစီယာ ကြိုးကိုင်းပုခုံးပေါ်မှာက ထင်းထင်းကြီးပေါ်နေ၏။ တခြားမိန်းကလေး တွေ လည်းဒီလိုပဲ ဝတ် တတ်ကြ သော်လည်း မင်းခန့် အတွက်ကတော့ မတော်တရော် အဖြစ် လို့ မြင်သည်။ စိတ်ပျက်လက်ပျက်နှင့် အတွင်းခံတွေကြားမှာလိုက်ကြည့်ရင်း ကြိုး ကိုင်း မ ပါသည့် ဘရာစီယာ တထည်သွား တွေ့သည်။ အရင်ကတော့ မင်းခန့် ဒါမျိုးတွေသဘောကျသည်။ ချွတ်ရတာ အလွန်လွယ်၏။ ဒါမှမဟုတ် ရင်လည်း အပေါ်ကိုတွန်းတင်ချင်တင်၊ အောက်ကိုဆွဲချချင်ဆွဲချ အဆင်ပြေ၏။ တခြား အ တွင်း ခံတွေလို အလုပ်မရှုပ်ဘဲ မိန်းမတွေ၏ ရင်သားကို အလွယ်တကူ ကိုင်တွယ် နိုင် သည်။ ကိုယ့်ဖာ သာ ဝတ်ကြည့်တော့မှ ဆင်စွယ်ရောင် ရင်စည်းကလေး တထည်နှင့် ချာ လည် လိုက် နေ သည်။ ဝတ်လို့ ရသွားပြန်တော့လည်း စိတ်ထဲမှာ မဝံ့မရဲ နှင့်ဖြစ်နေ၏။ မ တော်လို့ နောက် ကချိတ်ပြုတ်သွားမှာကြောက်နေမိ၏။ ဒါပေမယ့် မင်းခန့် မှာရွေးချယ် စရာ မရှိတော့ပါ။ မကြာခင်မျိုးမင်းစိုး ရောက်လာတော့မှာ ဖြစ်သည့်အတွက် စည်းထားတာ တင်း နေတာပဲ ပြုတ်မကျ လောက်ပါဘူးဟု ကိုယ့်ဟာကိုယ်အားတင်းပြီး အဝတ်အစား ဆက်ဝတ်ရသည်။။ မျိုးမင်းစိုး၏ ကားဟွန်းသံကြားရသည့် အချိန်မှာ မင်းခန့်လည်း အဆင်သင့်ဖြစ်နေပါသည်။ ကားဆီကို လျှောက်လာသည့် မင်းခန့်ကို ကြည့်ပြီး မျိုးမင်းစိုး ပါးစပ် အဟောင်းသားဖြစ် နေသည်။ “မိုက်တယ်ကွာ၊ မင်း နဲ့ အရမ်းလိုက်တာပဲ” “ဘာပြောတယ်” “ဘာမှ မဟုတ်ပါဘူး” မျိုးမင်းစိုးလည်း တိုက်ပုံတွေဘာတွေ နှင့်သားနားနေသည်။ မျက်နှာထားကတော့ ဝတ်ထား သည့် လူလူသူသူ အဝတ်အစား နှင့် မလိုက်ဖက်စွာ ပြောင်ချော်ချော် ဖြစ်နေ၏။ သူ အူမြူး နေတာကို မြင် လေ ဒေါသ ဖြစ်လေ ဖြစ်ရသည်။ မကြိုက်မှန်းသိလို့ မျက်နှာပိုး သတ် သွား တော့ မှ မင်းခန့် လည်းနေသ ာထိုင်သာ ရှိသွားသည်။ “ဟော ..သူတို့က အရင် ရောက်နေကြပါလား” မျိုးမင်းစိုး အသံကြောင့် ကြည့်လိုက်ရာ တရားရုံးရှေ့မှာ ရပ်နေသည့် ကျော်သက်နှင့် မာ လာ ကို မြင်လိုက်ရသည်။ ကျော်သက်ကလည်း တိုက်ပုံနှင့် ဘာနှင့် ဖြစ်နေပြီး မာလာက လည်း မြန်မာဆန်ဆန် ကျက်သရေရှိစွာ ဝတ်စားထားသည်။ “မင်းပြောတော့ ဘယ်သူ့ကိုမှ အသိမပေးပါဘူးဆို” တောင်းပန်သလိုကြည့်ရင်း မျိုးမင်းစိုး သက်ပြင်းချသည်။ “နောက်မှ ရှင်းပြမယ်၊ ဟိုမှာ ကျော်သက်လာနေပြီ၊ သိပ်ပြီးသုန်မှုန် မနေနဲ့ဦး” ကားရပ်လိုက်တာနှင့် ဘေးကိုရောက်လာသည့် ကျော်သက်ကို ဟန်ဆောင် ပန်ဆောင် ပြုံး ပြပြီးနောက် အားနာစွာဖြင့် မာလာ့ကိုကြည့်မိသည်။ ဘယ်သူ့ကိုမှ မပြောဘဲ လုပ်ကြ မည် ဟု မျိုးမင်းစိုး နှင့် သဘောတူထားတာကြောင့် မာလာ့ကို ဒီနေ့ကိစ္စ ဘာမှ မ ပြောဘဲ သာ မန် နားရက် ယူသလိုမျိုးသာ မာလာ့ကို မနေ့က ပြောခဲ့မိ၏။ မာလာကတော့ မင်းခန့် ညာ တာ ကို မသိသလိုပုံမျိုးဖြင့် ဝင်းဝင်းပပ ပြုံးရင်း ကားပေါ်ကဆင်းလာသည့် မင်း ခန့် လက် ကို လာတွဲသည်။ “အရမ်း လှတာပဲ ညီမလေးရယ်” “မမ ..ဟိုလေ၊ မနေ့က .မပြောတာ..” “ကိုမျိုးမင်း ပြောပြီးပါပြီ၊ မနေ့ထဲက မမ သိပြီးသားပါ၊ လာလာ” “ဟဲ့ ကောင်မလေး မိတ်ကပ် က ဘယ်မှာလိမ်းတာလဲ၊ ခင်စန်းဝင်း ဆီမှာလား” “ကိုယ့်ဟာကိုယ် လျှောက်ပွတ်လာတာပါ ကိုကျော်သက်ရယ်” မာလာနှင့် မင်းခန့် ကို တနေရာမှာ စောင့်ခိုင်းပြီးနောက် မင်းခန့်ဆီက ပန်းအိဖြူ၏ မှတ်ပုံ တင်ကို ယူကာ ကျော်သက်နှင့် မျိုးမင်းစိုး ထွက်သွားသည်။ ကြိုတင်စီစဉ် ထားပြီးဖြစ် သည့် အတွက် သိပ်မကြာဘဲပြန်ရောက်လာသည်။ မနေတတ် မထိုင်တတ်ဖြစ်နေသည့် မင်းခန့် လက်ကို မာလာက မလွတ်တမ်းဆွဲထားသည်။ “တရားသူကြီးရောက်နေပြီ သွားကြမယ်၊ လာ” စာရေးနှင့် တူသူတယောက်က မင်းခန့် တို့ကို တရားသူကြီး အခန်းကိုလိုက်ပို့၏။ ထုံးတမ်း အစဉ် အလာအရ တရားသူကြီးက မေးခွန်းတွေမေးသည့် အခါ ကျတော့ မင်းခန့်က မှ တည်ငြိမ်သေး သည် မျိုးမင်းစိုးက အနည်းငယ်တုန်ရီနေလို့ ကျော်သက်တို့ လင်မယား ပြုံးလိုက်တာ မြင် ရသည်။ လက်မှတ်ထိုးချိန်မှာတော့ မင်းခန့်လည်း လက်တုန်နေ သည်။ ကိုယ်မဟုတ်သည့် အခြားသူတယောက်၏ လက်မှတ်ကို ထိုးရတာ စိတ်မလုံလို့ ဖြစ်သည်။ ကိစ္စပြီးလို့ အပြန်ကျတော့ သက်သေအဖြစ်လိုက် ကူညီသည့် ကျော်သက်နှင့် မာလာ ကို မျိုးမင်းစိုး က နေ့လည်စာလိုက်ကျွေးသည်။ မင်းခန့် လည်း အစားနည်းနည်း ပြန်စား လို့ ရ နေပြီဆိုတော့ နေ့လည်စာမှာ သိပ်ပြီးရုပ်မပျက်ပါ။ စိတ်လိုလက်ရ နှင့် ပြုံးပြုံးရွှင်ရွှင် နှင့် လိုက်လံကူညီသည့် သူငယ်ချင်း လင်မယားကြောင့် သူတို့ကို ပြောရပါမည်လား ဟု မျိုး မင်းစိုးကို စိတ်ခုနေတာ လျော့ကျသွားရသည်။ သူငယ်ချင်းတွေထဲမှာ မင်းခန့် ကို ပန်းအိ ဖြူ အဖြစ်နှင့် လှိုက်လှဲနွေးထွေးစွာ ဆက်ဆံတာ ဒီလင်မယားပဲ ရှိသည် မဟုတ်ပါလား။ ဒါပေမယ့် ကျော်သက်တို့ကို ပြန်လိုက်ပို့ ပြီး အပြန်မှာတော့ မင်းခန့် အကြီးအကျယ်ပေါက် ကွဲသွားမိ၏။ ကျော်သက် တို့ အိမ်ရှေ့မှာ ကားပေါ်က ဆင်းကြပြီးနောက် မပြန်ခင်မှာ မင်း ခန့်က မာလာ့ကို လောကဝတ် အရ ကျေးဇူးစကားပြောမိသည်။ “အခုလိုလိုက် ကူညီတာ ကျေးဇူးတင်ပါတယ် မမ၊ မမ ကို မပြောတာက ဟိုလေ” “ရပါတယ်ဆို၊ ဒီကောင်မလေးကလဲ၊ နောက်နေ့ တွေမလာလဲရတယ်၊ အေးအေးဆေးဆေး ပဲ၊ လခ မဖြတ်ဘူး...ဟားဟား” ပြီးတော့မှ မင်းခန့် နားနားကို ကပ်ပြီး “ကိုယ့်ကျန်းမာရေးပဲ ကိုယ်ဂရုစိုက် အဲဒါက အရေးကြီးတယ်” ဗိုက်ဆီကို မျက်စပစ် ရင်းပြောလိုက်သည့် မာလာ့ စကားကြောင့် မျိုးမင်းစိုးအပေါ်မှာ ဒေါ သတွေ အလိုက်လိုက်ထွက်လာရသည်။ လက်မှတ်ထိုးမှာကို ခေါ်ခဲ့ ရုံမက ဗိုက်ကိစ္စပါ ပြော ပစ်လိုက်တာတော့ လွန်လွန်းသည်။ မင်းခန့် မျက်နှာ ပျက်သွားတာကို မာလာကတော့ ရှက် လို့ဟု ထင်သွားပုံရသည်။ တရားရုံးရှေ့မှာ စတွေ့စကထဲက မာလာ့ မျက် လုံးတွေက မင်းခန့် ဗိုက်နားမှာ တဝဲဝဲဖြစ်နေတာကို အခုမှ ပြန်မြင်ယောင်လာ၏။ “မရှက်နဲ့ မရှက်နဲ့၊ ဒါကသဘာဝပဲ၊ ကဲ ..ကဲ ..နောက်မှ အေးအေး ဆေးဆေး ပြောကြ တာပေါ့” အိမ်အပြန်လမ်းမှာတော့ မျိုးမင်းစိုးကို မင်းခန့် အကြီးအကျယ်ကွိုင်ရှာတော့၏။ “မင်းပြောတော့ ဘယ်သူ့ကိုမှအသိမပေးပါဘူးဆို၊ ဘာလို့ ကျော်သက်တို့ လင်မယား ကို ခေါ်လာရတာလဲ” မင်းခန့် တကယ်စိတ်ဆိုးနေမှန်းသိလို့ မျိုးမင်းစိုး မျက်နှာငယ်လေး နှင့် ဖြစ်သွားသည်။ “ငါ့ မှာ အရင်းနှီးဆုံး တိုင်ပင်စရာ ဘယ်သူရှိလို့လဲကွာ၊ ဟိုကောင်တွေကလည်း ပန်းအိဖြူ ဆိုရင်ကြည်တာ မဟုတ်ဘူး၊ ငါ အကူညီတောင်းစရာ ကျော်သက်ပဲ ရှိတော့တယ်၊ အဲဒါ နားလည်ပေးပါကွာ၊ လက်မှတ်ထိုးဖို့ က သက်သေလိုတယ်လေ” မျိုးမင်းစိုး အခက်အခဲကို မင်းခန့် နားလည်ပါသည်။ တိုင်ပင်ရမည် အကူအညီတောင်းရ မည်ဆိုရင်လည်း ဒီလူတွေပဲရှိ၏။ အဲဒီထဲမှာမှ ပန်းအိဖြူကို ကြည်ဖြူစွာ ဆက်ဆံတာ ကျော်သက် နှင့် မာလာပဲရှိသည်။ “အဲဒါတော့ ရှိစေတော့၊ ဒါပေမယ့် ကိုယ်ဝန်ကိစ္စ မာလာသိနေတယ်၊ ဒီလောက်ပြောစရာ မလိုဘူးထင်တယ်၊ အဲဒါတော့ လွန်တယ်ကွာ၊ မင်း ဒီလောက်အထိတော့ ပါးစပ် မဖွာသင့် ဘူး” “ကျော်သက်က မေးတယ် ဖြုန်းစားကြီးဘယ်လို ဖြစ်တာလဲတဲ့၊ ငါဘာ အကြောင်းပြချက် ပေးရမှာလဲ၊ နောက်ပြီး ..မင်း အတွက်လဲ မာလာသိတာ ကောင်းတယ်” “ဘာဆိုင်လို့ တုန်း” “ဒီကိုယ်ဝန်ကို မွေးမယ်သာပြောတာ၊ ကိုယ်ဝန်ဆောင်တဲ့ အကြောင်း၊ ကလေးမွေးတဲ့ အ ကြောင်း မင်းလဲ မသိဘူး၊ ငါလဲ မသိဘူး၊ မာလာက ကလေး နှစ်ယောက် အမေ၊ သူနား လည်တယ်၊ အတွေ့ အကြုံရှိတယ်၊ ဆေးခန်းပြတာ၊ အိုဂျီ အပ်တာက အစ သူလိုက်ကူညီ ပေးလိမ့်မယ်၊ ဒါပေမယ့် ငါသူ့ကို တိုက်ရိုတ်ပြောပြတာမဟုတ်ပါဘူး၊ ကျော်သက်ကိုပဲ ပြော တာ၊ ကျော်သက်ပြောပြလို့ မာလာသိသွားတာပါ” မျိုးမင်းစိုးပြောတာ လမ်းကျသည့် အတွက် မင်းခန့် နှုတ်ပိတ်ထားလိုက်ရသည်။ ဗိုက်ထဲက ကလေးကို မွေးမည်ဆိုလျှင် အတွေ့အကြုံ ရှိသည့် အမျိုးသမီး တယောက်၏ အ ကူအညီ အမှန်ပင်လိုအပ်၏။ လက်ရှိအခြေအနေ အရဆိုရင် ထိုသူမှာ မာလာ ကလွဲပြီး တခြားသူ မရှိနိုင်ပြီ။ “မင်း ..အရင်လို မဟုတ်ဘူး၊ ဆင်ခြေဆင်လက် တော်တော်များလာတယ်” ငြင်းမရတော့တာ နှင့် မပြောသာပြောသာ ပြန်ပြောမိသည့် အခါ မျိုးမင်းစိုး မျက်နှာ စပ် ဖြီးဖြီး ကြီး ဖြစ်သွားသည်။ “ဒါကတော့ အခြေအနေက မတူတော့ဘူးလေ၊ ငါက အိမ်ထောင်ကျသွားပြီကိုး ဟီး ..ဟီး” “နားခါးတယ်ကွာ၊ တော်ပြီ အိမ်ရှေ့အထိ မပို့နဲ့တော့၊ လမ်းထိပ်ကပဲ မင်းပြန်တော့” “မဟုတ်ဘူးလေကွာ၊ ဟို ဒင်း ..ငါတို့ ..ဆက်တိုင်ပင်စရာလေးတွေ ..ရှိ ..ရှိ” “ငါဒီနေ့ စိတ်ရှုပ်နေတယ်၊ မင်းပြောချင်ရင် နောက်မှပြောတော့၊ အချိန်တွေ အများကြီး ရှိ သေးတယ်၊ နောက်နေ့ တွေ့ဦးမှာပဲ” မျိုးမင်းစိုး ထပ်ပြီး တွန့်ချင်သေးသော်လည်း မင်းခန့်၏ မျက်နှာထားကို ကြည့်ပြီးအတည် ပြောနေမှန်းသိလို့ လမ်းထိပ်မှာပဲ ကားရပ်ပေးပြီး လှည့်ပြန်သွားသည်။ လမ်းထဲကို ဝင်လာ တော့ တခြားနေ့တွေနဲ့ မတူထူးခြားစွာ ဝတ်စားဆင်ရင် ထားသည့် မင်းခန့် ကို ထီးပြင် တဲ့ လူ သူ့ဆိုင်လေး ပေါ်ကနေ ပါးစပ် အဟောင်းသားနှင့် စိုက်ကြည့်နေသည်။ တကယ်လို့သာ အခုလေးတင် တရားရုံးမှာ လက်ထပ်စာချုပ် လက်မှတ်ထိုးပြီး ပြန်လာတာကိုသာ သိရင် တော့ ထီးပြင်တဲ့လူ ပါးစပ်အဟောင်းသား ဖြစ်ရုံမက သူ၏ နီကြောင်ကြောင် မျက်လုံးကြီး တွေ သူ့ဆိုင်စားပွဲလေးပေါ်က ထုံးအိုးကြီးလောက် ပြူးကျယ်သွားလိမ့်မည်ဟု မင်းခန့် တွေး လိုက် မိ၏။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx လက်ထပ်စာချုပ်မှာလက်မှတ်ထိုးလိုက်ပြီးရင် ကိစ္စတွေ အတော်အသင့်ပြေလည်သွားပြီဟု မင်းခန့် ယူဆထားခဲ့ပေမယ့် မျိုးမင်းစိုးမှာ တော့ နောက်ထပ် အစီအစဉ်တွေ ရှိနေခဲ့သည်။ လက်မှတ်ထိုးပြီး နောက်တနေ့မှာ မျိုးမင်းစိုး ဆိုင်ကို ရောက်လာပြီးနောက် မာလာနှင့် အ တူ အပြင်ကို ပြန်ထွက်သွားသည်။ မင်းခန့် ကို ဆိုင်အပ်ထားခဲ့ပြီး မာလာ ထွက်သွားတော့ ဘာကိစ္စ ရယ်လို့ အထူးတလည် တွေးမနေမိပါ။ မျိုးမင်းစိုး ကလည်း မင်းခန့် ကို ပြုံးပြ နှုတ် ဆက်သွားတာကလွဲရင် ဘာမှမပြောဘဲ ထွက် သွားသည်။ညနေလာကြိုပြီး အပြန်လမ်းကျမှ သူတို့ တိုက်ခန်းလိုက်ကြည့်တာ ဖြစ်ကြောင်း မျိုးမင်းစိုး ပြောပြ၏။ “ဘာလုပ်ဖို့တုန်း” “နေဖို့လေ၊ လက်ထပ်တယ်ဆိုတာ အိမ်ကသိတာနဲ့ ငါက ဆင်းရတော့မှာ နေစရာရှာရ တာပေါ့” “ငါ့အိမ်တော့ မလာနဲ့နော်” “မလာပါဘူး၊ မင်းပဲ ငါနဲ့လိုက်နေရမှာ” “မင်းလွန် မလာနဲ့လေ၊ အခုမင်းက တရားဝင် ကလေးအဖေ ဖြစ်ခွင့်ရသွားပြီပဲ၊ တော်ပြီပေါ့” “မဟုတ်သေးဘူးလေကွာ၊ တအိမ်ထဲ မနေဘဲနဲ့ ကလေးကို၊ နောက်ပြီးတော့ မင်းကို၊ ငါ ဘယ် လို စောင့်ရှောက်မလဲ၊ ပန်းအိဖြူ ဆိုတဲ့ ကောင်မလေးနဲ့ ငါနဲ့က တရားဝင်လက် ထပ် ပြီးပြီလေ၊ တူတူ နေရမှာပေါ့” “မဆိုင်လိုက်တာကွာ” အရင်လိုသာဆိုရင် မျိုးမင်းစိုး အိမ်ပေါ်ကဆင်းလာပါက အိမ်ပေါ်ခေါ်တင်ထားဖို့ မင်းခန့် ဝန် မလေးပါ။ အခုအချိန်မှာတော့ အရင်လို မဟုတ်တော့သည့် အတွက် မျိုးမင်းစိုး နှင့် တူတူ မ နေချင်။ နေရမှာကလည်း လင်မယား အသွင်ဆိုတော့ ပိုဆိုးသည်။ “မင်းက အဲဒီအိမ်လေးမှာပဲ တသက်လုံးနေတော့မှာလား၊ ဟို ..ထီးပြင်တယ် ဆိုတဲ့လူနဲ့ ဝေးဝေး မနေချင်ဘူးလား” “မျိုးမင်းစိုး၊ ငါဆွဲထိုးချင်လာအောင် မလုပ်နဲ့နော်၊ အဲဒီ လူကိုကြိုက်ရလောက်အောင် ငါက မိန်းမ စိတ်ပေါက်နေလို့လား” “စတာပါကွာ၊ မင်းအကြောင်း ငါအသိဆုံးပါ၊ ဒီလိုနေရာမှာ မင်းခန့် နေတတ်မှာ မဟုတ် ဘူး ဆိုတာ ငါသိပါတယ်၊ ဟုတ်တယ် မဟုတ်လား၊ မင်းကို ကောင်းကောင်း မွန်မွန် ထား မှာ ပါ၊ ငါ့အိမ်လဲ မင်းအိမ်ပါပဲ၊ စိတ်ကြိုက်နေချင်သလို နေလို့ရတယ်၊ ဟုတ်ပြီလား” တကယ်တော့မင်းခန့် လည်း ဒီမှာ မပျော်ပါ။ သွားစရာနေစရာ မရှိလို့ နေနေရခြင်းဖြစ်ပါ သည်။ မျိုးမင်းစိုး က မင်းခန့် အတွက်ကောင်းအောင်စီစဉ် ပေးခြင်းဆိုတာ သိနေသော် လည်း တအိမ်ထဲ တူတူ နေဖို့ကို ရွံ့နေသည်။ မတော်တဆ မျိုးမင်းစိုး အရက်တွေဘာတွေ မူးလာသည့် အခါမျိုးမှာ ဟိုတခါလို မတော်တရော်တွေ ဖြစ်မှာလည်းစိုးသည်။ မင်းခန့် က လက်ရှိအချိန်တွင် သူနှင့် ခွန်အားချင်း ယှဉ်နိုင်တာ မဟုတ်။ မင်းခန့် ဘာကိုတွေးပြီးစိုးရိမ် နေသည်ဆိုတာကို မျိုးမင်းစိုး ရိပ်မိပုံရသည်။ “မင်းကိုလည်း လက်ဖျားနဲ့တောင် မထိပါဘူးကွာ၊ ကတိပေးပါတယ်” “ထိလို့ ရမလား၊ လက်သီးစာမိသွားမှာပေါ့” “အေးပါကွာ၊ မင်းကို ငါ အရင်ထဲက ကြောက်တာပါ၊ ငါအခုပြောနေတာ မင်းအတွက်တခု ထဲ မဟုတ်ပါဘူး၊ ကလေး အတွက်လဲပါတယ်” “ဘာဆိုင်လို့လဲ” “မင်းအိမ်ရှေ့ကို ကြည့်လိုက်စမ်း၊ ရေအိုင်ပုပ်ကြီးနဲ့၊ မြောင်းတွေကလည်း အနံ့အသက်မ ကောင်းဘူး၊ ကျန်းမာရေးရှု့ထောင့်ကကြည့်ရင် ဘယ်လိုမှ မသင့်တော်တဲ့နေရာမှာ က လေးကို မထားချင်ဘူး” “ဒါကတော့ မင်းသက်သက် ပိုတာပဲ၊ ရပ်ကွက်ထဲမှာ ကလေးတွေပြည့်လို့၊ အားလုံးကျန်း ကျန်းမာမာ ရှိတယ်” မင်းခန့် က ပြန်ကပ်သော်လည်း မျိုးမင်းစိုး စိတ်မဆိုးပါ။ စိတ်ရှည်လက်ရှည် နှင့် ဆက်စည်း ရုံး၏။ “ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့ စကားရှိတယ်လေ၊ သူတို့ တွေလည်း အခြေအနေ အရ ဈေးသက်သာတဲ့ နေရာမှာနေကြရတာပေါ့၊ အခု တို့မှာက ကောင်းကောင်းမွန်မွန် နေ နိုင်တဲ့ အနေအထားရှိတယ်လေ” “ဟုတ်သားပဲ၊ မင်းက သူဌေးဆိုတာ ငါမေ့နေတယ်” “သူဌေး မဟုတ်ပါဘူးကွာ၊ လုပ်သင့်တာလေး လုပ်နိုင်ရုံပါ။ စဉ်းစားပါ သူငယ်ချင်းရာ၊ ငါက မင်းလဲ ကောင်းကောင်းနေရ၊ ကလေးလဲ အဆင်ပြေမယ့် အနေအထားမျိုး လုပ်ပေးချင်လို့ ပါ” မျိုးမင်းစိုး ကဇွဲကောင်းကောင်း နှင့် တရားချနေသည့် အတွက် မင်းခန့် တထစ်လျှော့ပေး လိုက်သည်။ “မင်းပဲ အခန်း အရင်ရအောင်လုပ်ပါဦးကွာ၊ ကျန်တာ နောက်မှပြောတာပေါ့၊ မင်းက အပိုင် ဝယ်ချင်တာလား” “ဘာလဲ ပွဲစားလုပ်ဦးမလို့လား၊ လောလောဆယ်တော့ အငှားပေါ့ကွာ၊ ငွေမအိပ်အောင်လို့၊ တတ်နိုင်ရင် ငါက တိုက်ခန်းမဝယ်ဘူး၊ လုံးချင်းအိမ်ပဲ လိုချင်တာ၊ တထပ်တိုက်လေးပဲ ဖြစ် ဖြစ်၊ ဝင်းလေးခြံလေးနဲ့ နေချင်တာ” စိတ်ကူးယဉ်လိုက်တာ ဟု ပြောမည်ဟန်ပြင်ပြီးမှ ပြန်မျိုချလိုက်ရသည်။ မျိုးမင်းစိုး မျက်နှာ က တကယ်အတည်ပြောနေတာ သိသာလို့ နောက်ရမှာ မင်းခန့် အားနာသွား၏။ “ဒီတရက် နှစ်ရက် အတွင်း ရအောင်လုပ်မယ်၊ မတော်တဆ အိမ်က သိသွားရင် ကိုယ်က ဦးနေမှ ဖြစ်မှာ” “ရှာပေါ့ကွာ၊ ဒါပေမယ့် ငါကြည့်ဦးမယ်နော်၊ ကြိုက်မှ နေမယ်” “အေးပါ၊ အေးပါကွာ” မင်းခန့် က အလွယ်တကူပြောလိုက်တာဖြစ်ပေမယ့် မျိုးမင်းစိုးကတော့ တကယ်ကို ကြိုး စား ပန်းစားလိုက်ရှာသည်။ နောက်နှစ်ရက် သုံးရက်လောက် နေတော့ မင်းခန့် ကို ဆိုင်မှာ လာခေါ်၏။ “တိုက်ခန်း သွားကြည့်ရအောင်၊ အားတယ် မဟုတ်လား” ဆိုင်မှာနေ့ ခင်းဆိုတော့လူပါးသည်။ မာလာကလည်း ကြည်ကြည်ဖြူဖြူ ထည့်လိုက်တာ နှင့် မင်းခန့် ပါသွား၏။ နေရာက သိပ်မဝေးပါ မာလာတို့ အိမ်နှင့် ဆိုရင် သုံးမှတ်တိုင် သာ သာလောက်ပဲ ဝေးသည်။ “မင်းလဲ ဆိုင်သွားဖို့ အဆင်ပြေတာပေါ့” အခန်းက မြေညီထပ်၏ အပေါ် ပထမထပ်မှာ ဖြစ်သည်။ ဆောက်ထားတာ သိပ်ကြာသေးပုံ မရပါ။ သပ်သပ်ရပ်ရပ် နှင့် အသစ်စက်စက် ဆိုတော့ အပြစ်ရှာပြီး ရစ်လိုက်မည်ဟု လိုက် လာ သည့် မင်းခန့် တောင် သဘောကျသွားသည်။ “မဆိုးပါဘူး” နိုင်ငံခြားရောက်နေသည့် မိတ်ဆွေတယောက်နှင့် အွန်လိုင်းမှာ စကားစပ်မိပြီး မျိုးမင်းစိုး ဒီ အခန်းကို တွေ့ခြင်းဖြစ်သည်။ သူ့မိတ်ဆွေက မိသားစုလိုက် ဟိုမှာနေပြီး ရင်းနှီးမြုပ်နှံ လို သည့် သဘောဖြင့် ဝယ်ထားခြင်းဖြစ်သည်။ ပြန်လည်းမရောင်း ဖြစ်သေးသည့် အတွက် မျိုးမင်းစိုး ကို ငှားထားဖို့ သူက သဘောတူ၏။ “လိုချင်တာတော့ မြေညီထပ်ကွ၊ ဒါပေမယ့် မြေညီထပ်က စီးပွားရေးလုပ်လို့ ရတော့ ဈေး အရမ်း မြောက်တယ်လေ” “ပထမထပ်လဲ မဆိုးပါဘူး၊ မင်းက ဘာဖြစ်လို့ မြေညီထပ်လိုချင်ရတာလဲ၊ ဈေးရောင်းမလို့ လား” “ဟုတ်ဘူးလေ၊ အဆင်းအတက်လွယ်အောင်လို့” “ဒီဟာကလဲ ဘယ်လောက် မြင့်လို့တုန်းဟ” “နောက်ဆို ကိုယ်ဝန်က ရင့်လာရင် မင်း မပေါ့မပါးကြီးနဲ့ အတက်အဆင်းခက်မှာ စိုးလို့” “ဟေ့ ကောင် အဲဒါကြီးပါမလာနဲ့၊ ငါ လိုက်မနေပဲ နေလိုက်မှာနော်” “အေးပါ၊ အေးပါ၊ မပြောတော့ပါဘူး၊ ဒီအခန်း မဆိုးဘူး မဟုတ်လား” “အေး” “ဒါဆိုလဲ ယူမယ်ပြောလိုက်တော့မယ်” အပြန်လမ်းကျတော့ မျိုးမင်းစိုးက မင်းခန့် အရင်နေခဲ့သည့် တိုက်ခန်းလည်း အခုတိုင်လွတ် နေသေးကြောင်းပြောပြသည်။ ကိုယ်နေခဲ့သည့် အခန်းလေးကို သံယောဇဉ် ရှိသည့် အပြင် ကိုယ်နှင့် အကျွမ်းတဝင် ရှိပြီးသား ပတ်ဝန်းကျင်လဲ ဖြစ်သောကြောင့် “အဲဒီ အခန်းဆို ကောင်းတာပေါ့၊ မင်းစောစောက ဘာလို့ မပြောတာလဲ” “မင်းအခန်းက အိပ်ခန်းတခန်းပဲ ရှိတယ်လေကွာ၊ တကယ်လို့ မင်းက ငါနဲ့ တခန်း ထဲ တူတူ အိပ်နိုင်မယ် ဆိုရင်တော့ ငှားလိုက်မယ်လေ” “ဒါ..ဒါ ဆိုလဲ နေပါစေတော့ကွာ၊ အခု အခန်းပဲ ယူလိုက်ပါတော့” ထို့နောက် စကားစပ်မိသည်နှင့် မျိုးမင်းစိုးက မင်းခန့် ကွယ်လွန်ပြီးနောက် သူတို့လုပ်ခဲ့တာ တွေကို ပြောပြသည်။ ကျန်ခဲ့သည့် အဝတ်အစားနှင့် အသုံးအဆောင်တွေကို လှူတန် တာ လှူ၊ ရောင်းတန်တာရောင်း လုပ်ခဲ့ကြသည်ဟု သိရသည်။ ရောင်းလို့ ရသည့် ပိုက်ဆံတွေ ကိုလည်း မင်းခန့် ကိုရည်စူး၍ ကောင်းမှု ကုသိုလ်တွေ လုပ်ပေးခဲ့ကြသည်။ “အဲဒီ ကုသိုလ်တွေကြောင့် မင်း အခု ဘဝမှာ ကောင်းကောင်းမွန်မွန် နေရတာပေါ့” “ဒါကောင်းတာလားကွာ” မင်းခန့် ညည်းညည်းညူညူ ပြောမိတော့ မျိုးမင်းစိုး လည်းသက်ပြင်းချ၏။ ဒီအကြောင်း နောက်ထပ် မပြောတော့ပါ။ စကားလွှဲပြီး တခြားဟာ တွေလျှောက်ပြောနေသည်။ ဆိုင် ကို ပြန်ရောက်တော့ မာလာက အခြေအနေမေးသည်။ “ဘယ်လိုလည်း ညီမလေး၊ အခန်းက အဆင်ပြေလား” “ပြေပါတယ်မမ” “ညီမလေး သဘောကျဖို့ အရေးကြီးတယ်တဲ့ ကိုမျိုးမင်းက၊ ဘယ်တော့ ပြောင်းမှာလဲ” “မသိသေးပါဘူး” တကယ်လဲ မင်းခန့် အိမ်ပြောင်းဖို့ လေးဖင့်နေမိသည်။ ဒီကိစ္စကို မျိုးမင်းစိုး တယောက်သာ တက်ကြွစွာလှုပ်ရှားနေ၏။ ညနေဖက် ပြန်လိုက်ပို့သည့် အချိန်မှာတော့ မျိုးမင်းစိုးက ဘာ တွေလုပ်ပြီးပြီ၊ ဘာလုပ်နေသည် စသည်ဖြင့်ပြောလာရင် စိတ်မပါတပါ နှင့် နားထောင်ပေး တာမျိုးပဲ ရှိသည်။နေဖို့ အတွက် အ သင့်ပြင်ပြီးကြောင်း မျိုးမင်းစိုး ပြောလာသည့် အချိန်မှာတော့ မင်းခန့် ပိုပြီး တွေဝေသွားရသည်။ “အေးအေး ဆေးဆေး မှပြောင်းတာပေါ့ကွာ၊ မင်းပဲ အရင်သွားနေနှင့် ပေါ့” “ငါ့ အမြင်ပြောရရင် ဗိုက်ကသိပ်ပူမလာခင် မင်းပြောင်းသင့်တယ်ထင်တာပဲ၊ ဗိုက်ထွက်လာ မှ အိမ်ပြောင်းရင် သိပ်မကောင်းဘူးလေ” မျိုးမင်းစိုးပြောတော့မှ ကိုယ့်ဗိုက်ကိုယ် အလန့်တကြားငုံ့ကြည့်မိသည်။ ခုနေမှာ ဘာမှမထူး ခြားသေးပေမယ့် နောက်ဆိုရင် သိသိသာသာ ဖြစ်လာတော့မည်။ မာလာကတော့ အပျို ဗိုက်မို့ သိပ်မထွက်သေးတာဟု ဆို၏။ လရင့်လာရင်တော့ မြင်သာလာမှာမလွဲပေ။ ပန်းအိ ဖြူ မျိုးမင်းစိုး နှင့် လက်ထပ်ထားသည်ဆိုတာ အိမ်နားပတ်ဝန်းကျင်က ဘယ်သူမှ မသိကြ။ မြင်သာထင်သာ ကိုယ်ဝန်ကြီး နှင့်မှ ဒီကထွက်သွားရင် လူပြောစရာတွေ ဖြစ်လာနိုင်သည်။ နောက်ဆုံး တော့ ခပ်စောစောပဲ ပြောင်းတော့မည်ဟု ဆုံးဖြတ်လိုက်ရသည်။ ပြောင်းဖြစ်တော့လည်း မင်းခန့် တယောက်ထဲ အရင်ပြောင်းဖြစ်သွားသည်။ မျိုးမင်းစိုးက အခြေအနေကြည့်ပြီး နောက်ရက်တွေမှ ပြောင်းလာဖို့ စီစဉ်ထား၏။ မင်းခန့် မှာ သယ်စရာ ပစ္စည်းက များများစားစား မရှိလှပါ။ ထို့ကြောင့် မျိုးမင်းစိုး၏ ကားအပြင် ကျော်သက် က ပစ်ကပ်ကား တစီး ငှားလာပေးသည်။ ကြီးကြီး မား မားဆို၍ အဝတ်ဘီရို နှင့် မွေ့ယာပဲ ရှိတော့ ထိုကားတစီးထဲနှင့် အကုန်တင်လို့ ရသွား၏။ မျိုးမင်းစိုး တယောက်ထဲနှင့် တောင် အတင်အချလုပ်နိုင်သည်ဆိုတော့ ကျော်သက် ၏ ဂိုထောင်က အလုပ်သမား နှစ်ယောက် အကူခေါ်လာတာတောင် အပို ဖြစ်သွား၏။ ပစ္စည်းတွေ တင်နေချိန်မှာ ထီးပြင်တဲ့လူ ယောင်လည်လည် နဲ့ လာလုပ်နေကြောင်း မျိုးမင်း စိုးပြောလို့ သိရသည်။ မင်းခန့် ကတော့ အိမ်ထဲမှာ ရှိနေလို့ မမြင်လိုက်ရ။ ပစ္စည်းကုန်လို့ မင်းခန့် အပြင်ထွက်လာတော့ ထီးပြင်တဲ့လူကို မမြင်ရတော့ပါ။ “မင်းဘော်ဒါကြီး ကို နှုတ်မဆက်တော့ဘူးလား” “နှုတ်ဆက်မယ်လေ၊ ဒါပေမယ့် အခု ဘယ်ရောက်နေသလဲမှ မသိတာ” မင်းခန့် တကယ်နှုတ်ဆက်ချင်တာက ကြည်မာ့ကို ဖြစ်သည်။ အိမ်ပြောင်းသွားသည့် အ ကြောင်းကို မှာထားခဲ့ချင်သည်။ ထီးပြင်တဲ့ လူကို မှာထားခဲ့လို့တော့ ဖြစ်မည် မထင်ပါ။ ကြည်မာက သူ့ စကားကို အလေးအနက်ထားမည် မဟုတ်။ ဖုန်းခေါ်သည့် စတိုးဆိုင်မှာ ပြောထားခဲ့မည်ဟု စဉ်းစားပြီးမှ မှာမထားခဲ့တော့ဟု ဆုံးဖြတ်လိုက်မိသည်။ နောက်မှပဲ ကြည်မာနေသည့် အဆောင်ကို လိုက်သွားပြီး အကျိုးအကြောင်းပြောပြတော့မည်။ ကုမ္ပဏီ ကို သိရင် အဆောင်နေရာ စုံစမ်းလို့ ရနိုင်မည် ထင်သည်။ အိမ်ကထွက်တော့ ကျော်သက်နှင့် အလုပ်သမားတွေက ရှေ့ကနေပစ်ကပ်ကားနှင့် သွား နှင့်ကြပြီး မင်းခန့် နှင့် မျိုးမင်းစိုးက အိမ်ရှင်ကို သော့အပ်ဖို့ ဝင်ရမှာ ဖြစ်သည့်အတွက် နောက် ချန်နေခဲ့သည်။ အိမ်ရှေ့ကထွက်ပြီး ကားဘီး တပတ်နှစ်ပတ် လောက်လိမ့်သွား ပြီးနောက် ထီးပြင်တဲ့လူ၏ ဆိုင်လေး ဖက်ကို မင်းခန့် လှမ်းကြည့်မိလိုက်သည်။ ဆိုင်ပေါ် မှာ မတွေ့ရ။ “သစ်ပင်နောက်မှာလေ” မင်းခန့် ဘာကြည့်သည်ဆိုတာကို ရိပ်မိသည့် မျိုးမင်းစိုးက ပြောလိုက်တော့မှ ပင်စည်ခပ် သေးသေး ယုဇနပင်နောက်နေကွယ်ပြီး ချောင်းနေသည့် ထီးပြင်တဲ့လူ၏ မျက်လုံးနီနီကြီး တွေကို မြင်လိုက်ရသည်။ ခြေသလုံးလောက်သာတုတ်သည့် သစ်ပင်လေးက သူ့ခန္ဓာကိုယ် ကြီးကို အလုံးစုံကွယ်ထားနိုင်သည်ဟု ထင်ပုံရ၏။ ခေါင်းလေးမပြူ တပြူ နှင့် ချောင်းကြည့် နေသည့် ပုံစံကို ရယ်ချင်သော်လည်း မျက်နှာထားကို သနားသောကြောင့် မရယ်ဖြစ်တော့ ပါ။ “လက်ပြလိုက်လေ” “မပြတော့ပါဘူး နေပါစေတော့” “အဲလိုကျတော့လည်း သူက ကလေးလေး ကျနေတာပဲ၊ မမူးသေးလို့ ဖြစ်မယ် ထင်တယ်” မျိုးမင်းစိုး ကို ပြန်လည်ဝေဖန်စကား မဆိုတော့ဘဲ လမ်းပေါ်ကိုပဲ ငေးရင်းလိုက်ပါခဲ့သည်။ ဘာမှန်းညာမှန်း မသိဘဲနှင့် ရောက်လာရသည့် နေရာတခုကနေ နောက်တနေရာကို ပြောင်း ရွှေ့ရပေဦးမည်။ နောက်တနေရာမှာ ဘာတွေဖြစ်လာလိမ့် ဦးမည်ဆိုတာကလည်း မသိနိုင်သေး။ ကလေးတယောက်မွေးရဦးမည် ဆိုတာတခုပဲ သေချာသေး၏။ မျိုးမင်းစိုး က တော့ သူတတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးမည်ဟု တော့ယုံကြည်ပါ၏။ တိုက်ခန်း အသစ်ဆီကို မင်းခန့် တို့ရောက်သွားချိန်တွင် ကျော်သက်တို့က ပစ္စည်းတွေ တောင်ချပြီးနေလေပြီ။ ကျော်သက်က ဧည့်ခန်းထဲမှာချထားသည့် မင်းခန့်၏ မွေ့ယာနှင့် အိပ်ယာလိပ်ကို မေးငေါ့ပြရင်း “ဒါတွေက ဘယ်ပို့မလဲ မျိုးမင်းစိုး” “ဒီဖက် အခန်းမှာထားလိုက်” ဧည့်ခန်းနှင့် ကပ်လျက်ရှိသည့် အိပ်ခန်းကို မျိုးမင်းစိုးပြလိုက်တော့ မင်းခန့် ဝင်ပြောမိ၏။ “ဟိုဖက် အခန်းမှာနေမှာလေ” “ဒီကောင်မလေး ကတော့လေ၊ ညည်းနေမယ့် အခန်းလည်း သွားကြည့်ပါဦး” ဘုမသိဘမသိ နှင့် မင်းခန့် နေမည်ဟု မျိုးမင်းစိုးကို အရင်ကထဲကပြောထားသည့် အခန်း ထဲကို ဝင်ကြည့်လိုက်တော့ ပြောင်လက်နေသော နှစ်ယောက်အိပ်ကျွန်းကုတင်ကြီး နှင့် တကယ့် မင်္ဂလာခန်း ပမာပြင်ဆင်ထားသည့် အိပ်ယာကို တွေ့လိုက်ရသည်။ ခြေရင်းဖက် မှာတော့ အဝတ်ဘီရိုနှင့်သားရေသေတ္တာကို ချထားသည်။ မင်းခန့်က မျက် လုံးပြူးပြီး မျိုး မင်းစိုးကို ကြည့်လိုက်သောအခါ မျိုးမင်းစိုးက အလန့်တကြားအမူအရာဖြင့် ကျော်သက်ကို လက်ညိုး ထိုးပြသည်။ “ဟေ့ကောင်ကျော်သက် ပြောလိုက်လေ” “ဟင် ..ပန်းအိဖြူက မသိဘူးလား၊ ဒါက ငါတို့ လက်ဖွဲ့တာလေ” “ကိုကျော်သက်နဲ့ မမမာလာ လား” “မာလာက သပ်သပ် လက်ဖွဲ့လိမ့်မယ်၊ ညည်းကို မှန်တင်ခုံပေးမယ်တဲ့၊ ဒါက ငါရယ်၊ ထွန်း အောင်ဇော်ရယ် ဝင်းခိုင်ရယ်သုံးယောက်ပေါင်းဖွဲ့တာ” “ဟင် ...ဒါဆို သူတို့ သိသွားပြီပေါ့” “ဒီလူတွေပဲ ရှိတာဟယ်၊ ဘယ်လိုဖြစ်ဖြစ်ပေါ့ဟာ၊ နောက်လဲသိကြရမယ့်တူတူ ပြောလိုက် တာကောင်းပါတယ်၊ အဲ ...သူတို့ မိန်းမတွေတော့ မသိကြသေးပါဘူး” တန်ဖိုးကြီးကြီး လက်ဖွဲ့သည်ဆိုထဲက ထွန်းအောင်ဇော် နှင့် ဝင်းခိုင် အရင်ကလောက် ပန်း အိဖြူ အပေါ် အမြင်မစောင်းကြတော့ဟု ယူဆရန်ရှိသည်။ မင်းခန့် ဝမ်းသာသလိုလို ဖြစ် သွားမိသေးသော်လည်း မျိုးမင်းစိုး ကို ပြောလို့မရသည့်အဆုံးမှာ တတ်နိုင်သမျှ အကောင်း ဆုံးဖြစ် အောင် ဝိုင်းလုပ်ပေးလိုက်တာလည်း ဖြစ်နိုင်သည်ဟု အတွေးဝင်လာ သည့် အခါ ဝမ်းသာ စိတ်လေး လျော့ပါးသွား၏။ “ကဲ ..ကဲ..နားချင်လည်း နားကြ၊ ညည်းအိုးခွက် ပန်းကန်တွေတော့ မီးဖိုထဲမှာ ထားခဲ့ပြီ။ ငါ့ကောင်လေး တွေပြန်ပို့ ရဦးမယ်၊ စိတ်လွတ်လက်လွတ်တော့ မနားကြနဲ့နော်၊ မာလာ လက်ဆောင်လာပို့ ဦးမှာ၊ ဟား ..ဟား” ကျော်သက်ထွက်သွားသည့် အခါ မင်းခန့် မျိုးမင်းစိုးကို ဒေါသနှင့် စိုက်ကြည့်မိသည်။ မင်း ခန့် ဘာကို စိတ်တိုမှန်း မျိုးမင်းစိုး သိ၏။ လက်ကလေး ကာပြီး “ငါ ..က ..ငါ ..က ဟိုဖက် အခန်းမှာ မင်းယူလာတဲ့ အိပ်ယာ အဟောင်းတွေနဲ့ အိပ်မှာပါ၊ ဒီဟာက မင်းတယောက်ထဲ သုံးဖို့ပါ၊ သူတို့တွေက အတင်းဝယ်ပေးတော့ ငါ ..ငါ ..ဘယ် လို အကြောင်းပြ ညင်းမလဲကွာ” “အေးပါ၊ အဲသလိုဆိုလဲ ပြီးတာပဲ၊ တခုတော့ရှိတယ်နော်၊ ထွန်းအောင်ဇော်က စိတ်ချလို့ ရ ပေမယ့် ဝင်းခိုင်က ကြာကြာအောင့်နိုင်မှာ မဟုတ်ဘူး၊ ခင်ထွေးမြင့် သိရင် စိုးစိုးလည်းသိပြီ” “ဟုတ်တယ်၊ ငါလဲ မြန်မြန်လစ်လာရတော့မယ်၊ ယူစရာလေးတွေ ကျန်သေးလို့၊ အဝတ်အ စားတွေကတော့ နည်းနည်းချင်းထုတ်လာတာ ဟိုဖက် အခန်းမှာတော်တော်ရောက်နေပြီ၊ အိပ်ဖို့ တယောက်အိပ် ကုတင်တလုံးလည်း ဝယ်ရဦးမယ်လေ၊ ဝင်းခိုင် နောက်နှစ်ရက်သုံး ရက်လောက် တောင့်နိုင်ရင် အဆင်ပြေသွားပါပြီ” “မင်းဇာတ်ကို မင်းနိုင်ရင် ပြီးတာပါပဲ” “နိုင်ပါတယ်ကွာ၊ ကဲကဲ အပြင်မှာ လျှောက်ကြည့်လိုက်ဦးလေ၊ ငါလဲ ဟိုဖက်ခန်းမှာ နည်း နည်းလုပ်လိုက်ဦးမယ်” အိမ်ထဲကို လိုက်ကြည့်မှ မျိုးမင်းစိုး တော်တော် အကုန်အကျခံထားတာ တွေ့ရသည်။ တီဗွီ၊ ဒီဗွီဒီ စက်၊ ရေခဲသေတ္တာ အားလုံး အသစ်စက်စက်တွေ ဖြစ်သည်။ အိမ်ထောင်ပရိဘော ဂ တွေလည်း အစုံအလင်ထည့်ထား၏။ တယ်လီဖုန်း ကတော့ ငှားကထဲက ပါပြီးသား ဖြစ် သည်။ ကြည်မာနှင့် အတူနေခဲ့သည့် အိမ်ကလေးနှင့် အခြေအနေအဆင့် အတန်းကွာ ခြား သည့် ဒီလိုနေရာကို ရောက်လာရပေမယ့် မင်းခန့် မပျော်ပါ။ တခုခု အတွက် စိတ်လေး နေ သလိုခံစားရသည်။ သိုသော်လည်း ပတ်ဝန်းကျင် အသစ်မှာ အသားမကျသေးလို့ ပဲဟု စိတ်ကို ဖြေလျှော့ချလိုက်သည်။ မင်းခန့် ယူလာသည့် ပန်းအိဖြူ၏ မီးဖိုချောင်ပစ္စည်း တွေကို နေရာချနေစဉ် မာလာရောက် လာသည်။ ကျော်သက် ပြောသည့် အတိုင်း မှန်တင် ခုံလာပို့ ခြင်းဖြစ်သည်။ တစစီ ဖြုတ် ထည့်လာသည့် ပုံးကြီးကို ချပေးပြီးနောက် မာလာက ဒါ အင်ဂျင်နီယာ အလုပ်ဟု ပြောကာ မျိုးမင်းစိုးကို ဆင်ခိုင်းပြီး သူမက မင်းခန့် ကို လာကူညီ ပေးသည်။ ဖြစ်နိုင်ရင် ဒီပစ္စည်းတွေ မင်းခန့် ယူမလာချင်ပါ။ ပန်းအိဖြူ၏ ပစ္စည်းတွေ ယူလာရတာ လိပ် ပြာမလုံပါ။ ထားခဲ့ရမှာကလည်း ဘယ်လိုထားရမှန်း မသိတာနှင့် ပါလာခြင်းဖြစ်သည်။ မီးဖို နှင့် ရေတိုင်ကီတွေ ယူမလာတော့ဘဲ ထားပစ်ခဲ့သည်။ အ ဝတ်အစားတွေကတော့ မယူ မဖြစ် လို့ ယူခဲ့ရ၏။ မင်းခန့် အခုချိန်ထိ မိန်းမ အဝတ်အစား အသစ်ထပ်မဝယ်ဖြစ်ပါ။ ပန်း အိဖြူ ဟာတွေကိုပဲဝတ်နေဆဲဖြစ်သည်။ အသစ်ဆိုလို့ ဆိုင်မ ဖွင့်ခင်ကထဲက ကူညီခဲ့သည့် အတွက်ဆိုပြီး မာလာ လက်ဆောင်ပေးသည့် အကျ ႌတထည် နှင့် ခေါင်းစည်း တ ခုပဲ ထပ် တိုး၏။ ဝက်အူလှည့် တချောင်းနှင့် အခန်းထဲမှာ အလုပ်ရှုပ်နေသော မျိုးမင်းစိုး က လုပ်ငန်းပြီး ကြောင်း သတင်းလာပို့ တော့မှ မာလာက အခန်းထဲဝင်ပြီး ပန်းအိဖြူ၏ အလှပြင်ပစ္စည်း တွေကို မင်းခန့် နှင့် အတူ မှန်တင်ခုံမှာ ကူညီ နေရာလိုက်ချပေး၏။ “တကယ့် ဘရန်းတွေချည်းပါလား၊ ဒါကြောင့် ငါ့ညီမလေး အသားအရည်လှတာ” မင်းခန့် သိတာ၊ ယူသုံးတာ ရေမွှေး၊ မျက်နှာလိမ်းသည့် ခရင်မ်ပါ့ဖ် နှင့် နှုတ်ခမ်းနီပဲ ရှိ သည်။ ကျန်တာတွေ အကုန်လုံးက ပန်းအိဖြူ ထားသွားသည့် အတိုင်းသာဖြစ်၏။ တခါမှ ယူမသုံးမိပါ။ “အရင်က သုံးတာတွေပါ၊ အခုနောက်ပိုင်း မသုံးတော့ပါဘူး” လေပျော့လေး နှင့် မင်းခန့် ပြောမိသည်။ “ဘာဖြစ်လို့လဲ၊ အိမ်ထောင်ကျသွားလို့လား၊ ယောက်ျားရတော့မှ ဒါတွေပိုလိုအပ်တာ ညီမ ရဲ့၊ ဒါမှ ကျေးဇူးရှင် တွေကို ထိန်းနိုင်မှာ၊ ဟုတ်တယ်နော် ကိုမျိုးမင်း” မျိုးမင်းစိုး ဘယ်အချိန်က အနားကိုရောက်နေသည် မသိပါ။ မာလာ ပြောလို့ လှည့်ကြည့် လိုက်တော့ စပ်ဖြဲဖြဲ မျက်နှာ နှင့် နောက်နားမှာ ရပ်နေတာတွေ့ရသည်။ “ဘာလို့ လာရပ်နေတာလဲ၊ ဒီမှာ ဘာအလုပ်ရှိလို့လဲ” “ဟိုဒင်း ..ဆင်ထားတာ ဘာလိုသေးလဲလို့ လာကြည့်တာပါ” “မလိုဘူးရတယ်၊” မျိုးမင်းစိုး အဟောက်ခံနေရတာကို မာလာခပ်ပြုံးပြုံးကြည့်ရင်း ထိုင်ရာကထသည်။ “ကဲ..ကဲ၊ ဧည့်သည်ပြန်မှ ရန်ဆက်ဖြစ်ကြ၊ အမ တော့ ပြန်ပြေးလိုက်ဦးမယ်၊ ဆိုင်ကို ပစ် ထား ခဲ့တာကြာနေပြီ” “မနက်ဖြန် ဆက်ဆက်လာပါ့မယ် မမ၊ ညီမ မရှိတော့ မမ ခြေချုပ်မိနေပြီပေါ့” “ရပါတယ် တရက်တလေပဲ၊ ဆိုင်က ကောင်မလေးတွေကို ဒီလိုပဲ အကျင့်လုပ်ပေးရမှာ ပေါ့၊ ကဲ သွားပြီနော်” မာလာပြန်သွားပြီးနောက် မျိုးမင်းစိုးလည်း အိမ်ခနပြန်သည်။ ညစာစားချိန်ကျမှ လာပြန် ခေါ်မည်ဟု ပြော၏။ မျိုးမင်းစိုး နှင့် နှစ်ယောက်ထဲနေရမှာ စိတ်မလုံသည့် မင်းခန့် ကလည်း သူပြန်တာကို သဘောကျပါသည်။ “တကူးတက ဆိုရင်တော့ မလာနဲ့တော့လေ၊ ငါက မာလာ့ ဆီသွားစားလဲရတယ်” “ခါတိုင်းလဲ ငါက အပြင်ထွက်နေကျပဲကွာ၊ အပန်းမကြီးပါဘူး၊ တံခါးတွေကိုသာ သေသေ ချာချာပိတ်ထား၊ တော်ကြာ မိန်းကလေး တယောက်ထဲ ...ထဲ၊ အင်း အင်း သွားပြီ၊ သွားပြီ” မင်းခန့် က မိန်းကလေး တယောက်ပမာပြောတာကို မကြိုက်မှန်းသတိရပြီးနောက် မျိုးမင်း စိုး ဆက်မပြောတော့ဘဲ မင်းခန့် ဒေါသက လွတ်အောင် သုတ်ကနဲပြေးတော့သည်။ သူ ထွက်သွားတော့မှ မင်းခန့် လည်းတံခါးတွေကို စနစ်တကျပိတ်လိုက် ပြီးနောက် အခန်းထဲ ပြန်ဝင်လာခဲ့သည်။ ထူထဲပြီး အိစက်ညက်ညောပုံရသည့် အိပ်ယာကြီးက မင်းခန့် ကိုလာ ပါ အိပ်ပါဟု ဖိတ်ခေါ်နေသယောင်ရှိသည်။ နေရာသစ်ကို ပြောင်းရွှေ့ဖို့ အရေးကြောင့် မင်း ခန့် ညတုန်းက ဟိုတွေးဒီတွေး နှင့် တော်တော်နှင့် အိပ်မပျော်ပါ။ အိပ်ရေးပျက် ထား သည့် အတွက် အိပ်ယာပေါ်ပစ်လှဲချကာ အိပ်ပစ်လိုက်ချင်စိတ်ပေါ်လာ၏။ မျိုးမင်းစိုးက ကောင်းကောင်းမွန်မွန် ထားပါမည် ဆိုသည့် ကတိအတိုင်း အိပ်ခန်းထဲမှာလေ အေးစက်လည်းတပ်ထားပေးသည်။ အိပ်ယာပေါ်မတက်ခင် လေအေးစက်ကို ခလုပ်သွား ဖွင့်ရင်း မာလာ့လက်ဆောင် မှန်တင်ခုံပေါ်က မှန်ချပ်ကြီးထဲမှာ ပန်းအိဖြူ နှင့် မျက်နှာချင်း ဆိုင်ဆုံ၏။ အနက်ရောင်အကျ ႌကြောင့် ပန်းအိဖြူ၏ အသားအရည်က ပိုပြီးဖြူဖျော့နေ သည်။ အညို နှင့် အနက်ရောင်ရောနေသည့် ဆံနွယ်ခွေခွေတွေက ပုခုံးပေါ်မှာ ကပိုကယို ကျနေပြီး မျက်နှာက သွေးမရှိသလို ဖြစ်နေသော်လည်း နှုတ်ခမ်းတွေကတော့ အခုနက မာ လာ အရောင်စမ်းရင်း ဆေးဆိုးပေးသွားသောကြောင့် အနီရောင် ထမိန်လေး နှင့် အပြိုင် ရဲ တွတ်နေသည်။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း- ၄ (ခ) မင်းခန့် ရောက်ပြီးနောက် သုံးရက်အကြာတွင် မျိုးမင်းစိုး ပြောင်းလာသည်။ “အိမ်မှာ စာရေးထားခဲ့တယ်” အိမ်က ဆင်းလာသည်ဆိုသော်လည်း မော်တော်ကားပါယူလာခဲ့သည်။ မင်းခန့် က မေး ကြည့်သောအခါ “ငါ့ပိုက်ဆံနဲ့ ဝယ်ထားတာ၊ ငါ့နာမည်ပေါက်ပဲ ယူလာတာပေါ့” ပြောင်းလာခါစ ရက်ပိုင်းမှာ မျိုးမင်းစိုးဆီကို မိသားစုက ဖုန်းခနခန ဆက်တာ မင်းခန့်တွေ့ သည်။ ပြန်လာဖို့ ခေါ်တာ ဖြစ်ပုံရသည်။ အိမ်က ဖုန်းဆိုရင် မျိုးမင်းစိုးက အပြင်မှာ ထွက် ပြောတတ်သည့် အတွက် ဘာတွေပြောမှန်း မင်းခန့် မသိပါ။ မျိုးမင်းစိုး မျက်နှာသိပ်မ ကောင်းသည်ကို တော့ ရိပ်မိ သည်။ “အိမ်က ခေါ်ရင်ပြန်သွားလိုက်ပါလား၊ ဒီမှာ ငါတယောက်ထဲ နေလို့ ဖြစ်ပါတယ်” “မသွားတော့ပါဘူးကွာ၊ အခုက အစမို့လို့ပါ။ နောက်ကျရင် အေးအေးဆေးဆေး ဖြစ်သွား မှာပါ” သူများမိသားစု အတွင်းရေးဆိုတော့မင်းခန့် ဘာမှဝင်မပြောဘဲ နေလိုက်ရသည်။ ခုလို ဖြစ်လာရတာက ကိုယ့်ပ ယောဂ မကင်းသလို ဖြစ်ရသည့်အတွက် စိတ်ထဲမှာမလုံမလဲ တော့ ခံစားရသည်။ မျိုးမင်း စိုး ပုံစံက အပြီးအပိုင်ဆုံးဖြတ်ထားပြီးသလို ဖြစ်နေလို့ ထပ်ပြီး မပြောတော့ပါ။ မျိုးမင်းစိုး အိမ်က လိုက်လာမလားဟု တွေးကာ စိတ်ထင့်မိသေးသော် လည်း အခုနေရာကို မျိုးမင်းစိုး အိမ်က မသိ။ သူတို့ကလည်း မသိဘူးဟု ငြင်းထားကြောင်း ကျော်သက် ပြောမှ စိတ်အေးရသည်။ မျိုးမင်းစိုး ပြောင်းလာသည့်ညနေက ထုံးစံ အတိုင်းပွဲဖြစ်သည်။ မျိုးမင်းစိုး နှင့် ကျော်သက် က မင်းခန့် ကိုလိုက်ခဲ့ဖို့ အတင်းခေါ်သည်။ “လိုက်ခဲ့စမ်းပါ၊ ဟိုကောင်တွေက အေးအေးဆေးဆေးပါ၊ စိုးစိုး တို့ မပါပါဘူး” “ဟင့်အင်း၊ မလိုက်တော့ပါဘူး၊ အိမ်မှာပဲ နေခဲ့မယ်ရပါတယ်” သောက်လို့ မရဘဲနဲ့တော့ မလိုက်ချင်ပါ။ သောက်လို့ရရင်လည်း မင်းခန့် မသောက်ရဲ ပါ။ ဟိုတခါ သောက်မိလို့ ဗိုက်တလုံး ဖြစ်လာခဲ့ပြီးလေပြီ။ နောက်ပြီး သတို့သမီး တယောက်၏ အမူအယာမျိုးနှင့် မခို့တယို့လေးနှင့် နေနေ ရမည့်အစား အမူးသောက်ပြီး မှောက်သွားတာ ကမှ ကောင်းဦးမည်။ “သော့ပိတ်ထားမယ်၊ ကိုယ့်ဖာသာပဲ ဖွင့်ဝင်ခဲ့တော့” မျိုးမင်းစိုး နားကို တိုးတိုးကပ်မှာတော့ ကျော်သက် လှမ်းကြည့်ပြီး “ဒီကောင်က နဂိုထဲက သိပ်မသောက်တဲ့ကောင်ပါဟာ၊ နင်မှာစရာ မလိုပါဘူး” ဘောင်းဘီအိတ်ထဲ ကသော့တွဲထုတ်ပြပြီး မျိုးမင်းစိုး မချိုမချဉ် မျက်နှာထားနှင့် ထွက်သွား သည်။ ကျော်သက်ကတော့ “သိပ်နောက်မကျဘူးဟေ့၊ နင်ပျင်းရင် နင့် အမဆီသွားနေပါလား၊ အပြန်ကျရင် နင့် ယောက်ျား ဝင်ကြိုမှာပေါ့” “ရပါတယ်၊ မမ အလုပ်ပျက်နေဦးမယ်၊ အိမ်မှာပဲ တီဗွီ ထိုင်ကြည့်နေတော့မယ်” “အေးအေး ပြီးရော” သူတို့ ထွက်သွားပြီးနောက် မင်းခန့် တယောက်ထဲ ညစာစားပြီး တီဗွီရှေ့မှာ အချိန်ထိုင် ဖြုန်းနေလိုက်သည်။ ရှစ်နာရီခွဲကျော်တော့ အိပ်ခန်းထဲ ဝင်လာခဲ့၏။ မျိုးမင်းစိုး မူးပြီးပြန် လာ တာနှင့် မတိုးချင်ပါ။ မင်းခန့် မှန်းသိနေလို့ မျိုးမင်းစိုး ထိန်းချုပ်မည် ဆိုတာသိပေ မယ့် မီးဆိုတာ မလောင်ခင်က တားတာကောင်းသည် မဟုတ်ပါလား။ အိပ်ခန်းထဲ မဝင်ခင် အိမ် သာဝင်ပြီး ရှင်းစရာရှိတာ တခါထဲရှင်းထားလိုက်သည်။ အခန်းတံခါးကို လည်းချက်တွေ ရှိ သမျှ အကုန်ထိုးထားလိုက်၏။ အိပ်ရာပေါ်ရောက်ပြီးသိပ်မကြာမှီပင် မင်းခန့် စိတ်ချလက်ချ အိပ်ပျော်သွားသည်။ မျိုးမင်းစိုး ဘယ်အချိန် ပြန်ရောက်လာသလဲ ဆိုတာတောင် မသိတော့ပါ။ မနက်လင်းတော့မှ အိမ်ရှေ့ ခန်း မှာ ထိုင် နေသည့် မျိုးမင်းစိုးကို တွေ့ရသည်။ “အစောကြီးနိုးနေပါလား၊ ညက သိပ်မသောက်ဘူးထင်တယ်။” “နည်းနည်းပါ၊ မူးတော့မူးတာပေါ့၊ ဟဲ၊ ဟဲ၊ မျက်နှာသစ် ပြီးရင် အဝတ်အစားလဲလေ၊ လ ဘက်ရည် ဆိုင်သွားရအောင်” “ဆိုင်သွားရမှာလေ” “အော် ..အေး ဟုတ်သားပဲ၊ ရတယ်လေ၊ တခါထဲ တန်းထွက်တာပေါ့၊ လုပ်လုပ်” မင်းခန့် ရေချိုးအဝတ်အစားလဲကာ ပြင်ဆင်ပြီး ထွက်လာတော့ မျိုးမင်းစိုး ကားသော့လေး ကိုင်ပြီး အဆင်သင့်စောင့်နေသည်။ “ကျော်သက်လဲ လာလိမ့်မယ်၊ ငါဖုန်းဆက်ထားတယ်” ချိန်းထားသည့် လဘက်ရည်ဆိုင်ကို မင်းခန့် တို့ ရောက်ပြီးသိပ်မကြာမှီပင် ကျော်သက် ရောက်လာသည်။ “ကောင်မလေး၊ နင့်ယောက်ျား ညက သိပ်မမူးဘူး မဟုတ်လား၊ ငါသေသေချာချာ စောင့် ရှောက်ပေးလိုက်တာ” “မသိဘူးလေ၊ အိပ်ပျော်သွားတာနဲ့ သူဘယ်အချိန် ပြန်ရောက်သလဲ ဆိုတာတောင် မသိ ဘူး” “ကောင်းရောဟ” ကျော်သက် နှင့် မျိုးမင်းစိုး တို့က လေဖောနေကြချိန်မှာ မင်းခန့် ကတော့စားသောက်ပြီး သည်နှင့် ဖင်တကြွကြွ ဖြစ်နေသည်။ “ဟဲ့ ဒီမှာ ဆိုင်ရှင်ကိုယ်တိုင်ထိုင်နေတာ၊ ဘာမှ မဖြစ်ဘူး၊ အေးအေး ဆေးဆေးနေ” မင်းခန့် လည်း သူငယ်ချင်းတွေနှင့် နေချင်ပါသည်။ သူတို့တွေ နှင့် မနက်ခင်းဖက် လဘက် ရည်ဆိုင်မှာ မစားရမသောက်ရတာ၊ ဝိုင်းဖွဲ့စကားမပြောရတာ ကြာလေပြီ။ ဒါပေမယ့် မာ လာ့ ကို အားနာသည်။ မနက် ဖက် ဆိုရင် ကလေးတွေတာဝန်က တဖက်နှင့် ဆိုတော့ ဆိုင် မှာ မင်းခန့် ရှိနေပေးမှ အလုပ် ပိုတွင်သည်။ “လမ်းလျှောက်သွားလိုက်မယ်လေ၊ သိပ်မဝေးပါဘူး” “ကဲ ..ကဲ၊ မင်း ဒီမှာ ခနနေ ငါလိုက်ပို့ပေးလိုက်မယ်” မျိုးမင်းစိုး က ကျော်သက် ကိုထားခဲ့ပြီး မင်းခန့် ကိုလိုက်ပို့ပေးသည်။ “ငါလဲ နောက်အပတ်ဆိုရင် အလုပ်ဆင်းရပြီ” “ပြန်သွားမှာလား” “မဟုတ်ပါဘူး၊ ဒီမှာပါပဲ၊ ငါပြန်ရောက်ကထဲက လုပ်ချင်လာခဲ့လို့ပြောထားတာ၊ မလုပ်ချင် သေးတာနဲ့ နေနေတာ၊ ပြန်ထွက်ဖို့ ကတော့ မင်းမွေးပြီးမှပဲ အခြေအနေ ကြည့်လုပ်တော့ မယ်၊ ဟိုမှာ လောက်မရပေမယ့် အခု အလုပ်ကပေးတဲ့ လစာလဲ မဆိုးပါဘူး၊ လုပ်ကြည့် လိုက်ဦးမယ်” မျိုးမင်းစိုးက ကျောင်းမှာထဲက စာတော်သည်။ သူလုပ်သည့် အလုပ်မှာလည်း ကျွမ်းကျွမ်း ကျင်ကျင် ရှိသည်။ လုပ်ငန်းအတွေ့အကြုံကလည်း များလို့ ဒီမှာဆိုလည်း အလုပ်အ ကိုင် ရ ဖို့ မခက်ပါ။ ဟိုအရင်ထဲက ဒီမှာပဲ လုပ်ပါလားဟု မင်းခန့် ပြောဖူးသည်။ဒါပေမယ့် နိုင်ငံခြား မှာက ဝင်ငွေ ပို ကောင်းလို့ ကိုယ့်ပြည်တွင်းမှာ မလုပ်ခဲ့ခြင်းဖြစ်သည်။ အခုတော့ မျိုးမင်းစိုး ဝင်ငွေနည်း သည့် လမ်းကို ရွေးလိုက်ရပေပြီ။ “မင်း ပြန်သွားရင်လည်းသွားပါ။ ဒီမှာ ကျော်သက်တို့ မာလာတို့ နဲ့လည်းနီးတာပဲ၊ သူတို့က ဂရုစိုက်ကြပါတယ်” “ငါကိုယ်တိုင်ရှိသလောက် တော့စိတ်မချဘူးကွာ၊ စကားပုံ ရှိသားပဲ ယောက်ျားဖေါင်စီး မိန်း မ မီးနေတဲ့၊ ဒါကြောင့် မင်းမွေးပြီးမှ သွားမယ်လို့ စဉ်းစားတာ” ဖေါင်လည်း မစီးချင်ဘူး မီးလည်းမနေချင်ဘူးဟု မင်းခန့် စိတ်ထဲကနေကျိတ်ပြော လိုက် မိ သည်။မျိုးမင်းစိုး ထွက်သွားရင် ကလေး တယောက်နှင့် ကျန်ခဲ့မည့်အရေး ကိုတွေးပြီး နည်း နည်းတော့ ရင်လေးသွား၏။ မာလာကတော့ ကူညီမည် လို့ ထင်မိပါသည်။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း-၄ (ဂ) မင်းခန့် ဘယ်တုန်းကမှ အားမနာဖူးသူတွေထဲမှာ မျိုးမင်းစိုးလည်းပါသည်။ ဒါပေမယ့် အခု အချိန်မှာ တအိမ်ထဲတူတူနေပြီးနောက်မှာတော့ မျိုးမင်းစိုး အပေါ် အားနာမှုတွေ ခံစားလာ ရသည်။ အားနာစိတ်ကို ထုတ်ဖေါ်ပြသမိခြင်း မရှိသော်လည်း တခါတရံကျ မနေတတ်မ ထိုင်တတ် ဖြစ်ရသည်။ တယောက်တခန်းစီနေကာ ကိုယ့်အဝတ်ကိုယ်လျှော်ဝတ်ကြဖို့ သဘောတူထားကြပေမယ့် စားရေးသောက်ရေးနှင့် ပတ်သက်ရင် အများဆုံးတာဝန်ယူရသည်က မျိုးမင်းစိုး ဖြစ်သည်။ ထမင်းကို ပေါင်းအိုးနှင့် ချက်တတ်ပြီးကြက်ဥ၊ ဘဲဥလောက်ကြော်တတ်တာကလွဲရင် မင်း ခန့် ဘာမှ မလုပ်တတ်ပါ။ ရောက်ခါစက ဆိုင်မှာပဲ စားဖြစ်ကြပြီး နောက်ပိုင်းကျတော့ အိမ် မှာပဲ ချက်စားတော့မည်ဟု မျိုးမင်းစိုးက ဆိုသည်။ နိုင်ငံခြားမှာ တယောက်ထဲနေခဲ့စဉ်က ကိုယ့်ဟာကိုယ်ချက်ပြုတ်စားသောက်ရင်း မျိုးမင်းစိုး တော်တော်လေး ကျွမ်းကျင်ခဲ့သည်။ ဒန်ပေါက် နှင့် မုန့် ဟင်းခါးလိုမျိုး တွေတောင် ကောင်း ကောင်း ချက်တတ်သည်ဆို၏။ မင်းခန့် ကတော့ တယောက်ထဲနေခဲ့တာကြာပေမယ့် ကိုယ် တိုင် သေသေချာချာ ချက်စားဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပါ။ ထို့ကြောင့် မျိုးမင်းစိုး ခေါင်းပေါ် ပုံကျသွားသည်လို့ ပင်ဆိုနိုင်ပါသည်။ မျိုးမင်းစိုး ကလည်း တောက်တိုမယ်ရလေး ဝိုင်းလုပ်ပေးတာမျိုးကလွဲရင် မင်းခန့် ဝင်ပါတာ ကိုသဘောမကျ။ အဓိက ကတော့ ဗိုက်တခုခု ဖြစ်သွားမှာ စိုးရိမ်ခြင်း ဖြစ်သည်။ မင်းခန့် ထက် အဲဒါကို ပိုဂရုစိုက်သည်လို့ ဆိုနိုင်သည်။ အဝတ်လျှော်တဲ့ ကိစ္စမှာတောင်မှ အဝတ် လျှော်စက် ဝယ်ဖို့ အခန်းပြင်ကထဲက သတိမရရ ကောင်းလားဟု သူ့ဖာသာသူ မကျေမ နပ် ဖြစ်နေသည်။ “အခုဝယ်လိုက်လဲ ရတာပဲကွာ” “ငါမအားလို့ ဟ၊ သူ့အတွက်ရေပိုက်သွယ်ရမယ်၊ ရေထွက်ပေါက်လုပ်ရမယ်၊ အဲဒါတွေရှိ သေးတယ်၊ နှစ်ရက်လောက် ဆက်နားမှ လုပ်လို့ရမယ်” အလုပ်ရှင်က မျိုးမင်းစိုးကို လစာကောင်းကောင်းပေးသလို တာဝန်ကြီးကြီးလဲ ပေးသည်။ ထို့ ကြောင့် အလုပ်စဝင်ကထဲက မျိုးမင်းစိုး နားရသည်မရှိပါ။ သူကလည်း တာဝန် မရှောင် တတ်သူဆိုတော့ မညည်းဘဲ လုပ်ပေးသည်။ မနက်ဆိုရင် နှစ်ယောက်စာချက်ပြုတ်ပြီး မှ အလုပ်သွားရသည်။ ပြန်လာရင်တော့ ဟင်းချက်စရာ မလိုသည့် အတွက် အရင်ပြန်ရောက် သူက ထမင်းအိုးတလုံးတည်ထားလိုက်ရုံသာ။ များသောအား ဖြင့်တော့ တူတူပြန်ရောက် ကြတာ များပါသည်။ ပုံမှန်ရုံးဆင်းချိန် ပြန်ရသည့်နေ့တွေဆိုရင် မင်းခန့် ကို ဝင်ခေါ်ပြီးမှ ပြန် သည်။ နောက်ကျမယ် ဆိုရင်တော့ ဆိုင်ကို ဖုန်းဆက်ပြီး မင်းခန့် ကို ပြန်နှင့်စေ၏။ သိပ် နောက် မကျဘူးဆိုရင်တော့ စောင့်ခိုင်းထားပြီး ဝင်ကြိုတတ်သည်။ “ငါလဲ ဖြေးဖြေးချင်းတော့သင်ပါ့မယ်ကွာ၊ မင်းပဲ လုပ်နေရတာ အားနာလာပြီ” “ဒါမျိုးဆိုတာ စိတ်လဲပါဦးမှကွ၊ မင်း ဒါတွေစိတ်မဝင်စားတာ ငါသိပါတယ်ကွာ၊ ငါ့အတွက် က မထူးပါဘူး၊ ဟိုမှာ ဆိုလဲ ဒီလိုပဲ ချက်စားနေရတာပဲ၊ မင်းကိုယ်မင်းပဲ ဂရုစိုက်စမ်းပါ” “ငါက ဘာဖြစ်နေလို့လဲ အကောင်းကြီး အလတ်ကြီးပဲ” “ပြောပြီးပါရောလား၊ မင်းတခုခု ဖြစ်ရင် ငါက နှစ်ယောက်ဆုံးရှုံးရမှာ၊ အာ ..အခုဆိုရင် သုံး ယောက်ဖြစ်သွားပြီ၊ အေးအေး နေစမ်းပါကွာ၊ ငါလုပ်နိုင်ပါတယ် ဆိုမှပဲ” မင်းခန့် ကို မညည်းမညူ ချက်ပြုတ်ကျွေးသလို ဘာစားချင်သလဲ ဆိုတာလည်း တဖွဖွမေး နေတတ်သည်။ နားညီးလို့ ပါးစပ်ထဲ ရှိတာလျှောက်ပြောလျှင် တကယ်ချက်ပေး၏။ သူ မ လုပ်တတ် တာမျိုးဆိုရင်လည်း ရအောင်ရှာဝယ်ကျွေး၏။ မင်းခန့် လည်း ကိုယ့်အတတ် ကိုယ်စူး ပြီး မစားချင်ဘဲ စားရတာတွေရှိသည်။ “နေပါဦး၊ မင်းက ငါ့ကို ဘာဖြစ်လို့ ဘာစားချင်လဲ ခနခန မေးနေရတာလဲ” “ဟိုလေကွာ၊ ကိုယ်ဝန်ဆောင် တွေမှာ ချဉ်ခြင်း ဖြစ်တယ်ဆိုတာရှိတယ် မဟုတ်လား၊ ဟို ဟာ စားချင်တယ်၊ ဒီဟာစားချင်တယ်၊ အဲဒါမျိုး ရှိမလားလို့ မေးတာ၊ မင်းစားချင်တာရှိ ရင် အားမနာနဲ့ ပြောသာပြောနော်” ကိုယ်က ဘာမှမဖြစ်၍ မင်းခန့်လည်း မပြောတတ်ဖြစ်နေသည်။ ထူးထူးခြားခြား စားချင် သောက်ချင်သည့် အာသီသ မရှိပဲဖြစ်နေသည်။ အားရှိသည် ဆိုပြီး မျိုးမင်းစိုး အတင်းကျွေး သမျှကို စားနေရသည်ကလည်း ဒုက္ခတခုလိုဖြစ်နေ၏။ “စားချင်တာသောက်ချင်တာ တော့မရှိဘူး၊ တခါတလေတော့ မင်းခေါင်းကို အနားမှာတွေ့ တာနဲ့ ရိုတ်ခွဲချင်စိတ်ဖြစ်တယ်၊ အဲဒါ လုပ်လို့ရမလား” “မနာဘူး၊ မကွဲဘူး ဆိုရင်တော့ လုပ်လေကွာ” မျိုးမင်းစိုးက ဒီလိုကောင်စားဖြစ်သည်။ မင်းခန့်လည်း အမြင်ကပ်တာနှင့် လေကုန်ခံပြီး သူ နှင့် ပြိုင်ငြင်းမနေတော့ပါ။ ကိုယ့်ဟာကိုယ်ပဲ နေသာသလိုနေလိုက်သည်။ မင်းခန့် ဖက် က နေ တောင်းဆိုတာတခုပဲရှိခဲ့ပါသည်။ ကြည်မာ့ အဆောင်လိပ်စာကို စုံစမ်းခိုင်းခြင်း ဖြစ် သည်။ ကြော်ငြာထဲမှာ တွေ့သည့် ကုမ္ပဏီ ရုံးလိပ်စာပေးပြီး အဆောင်စုံစမ်း ခိုင်းလိုက်ရာ အဆင်မပြေဖြစ်လာသည်။ “ရီဆပ်ရှင် က မိန်းမက ငါ့ကို မေးလိုက်တာစုံနေတာပဲ၊ အရေးထဲ ငါကလဲ မင်းကောင်မ လေး နာမည်ကိုမေ့နေတယ်။ ကြည်တလုံးပဲ မှတ်မိတော့ခက်နေတာပေါ့။ တတ်သလောက် မှတ်သလောက် ပြောပြတာပဲကွာ၊ငါပြောတာနားထောင်နေ ပြီးတော့မှ ပြောခွင့်မရှိပါဘူး တဲ့” “မင်းကို ကောင်မလေးတွေကြောင်ဖို့ လာတယ် ထင်လို့နေမှာပေါ့” “ငါပြောပါတယ်၊ ကျွန်တော့် မိန်းမရဲ့ သူငယ်ချင်း နဲ့တွေ့ချင်လို့ပါလို့” “ဘာပြောတယ်” “အဲ ..အဲ လို မပြောလို့ ငါ ဘယ်လိုပြောမလဲ” “အေးပါ၊ ထားလိုက်ပါတော့၊ ဒီတခါ ငါလိုက်မေးမယ်၊ မင်းနေ့ ခင်းဖက်အားတဲ့ တရက်သွား ကြတာပေါ့” မင်းခန့် တကယ်တွေ့ချင်နေမှန်းသိလို့ မျိုးမင်းစိုး ခွင့်တရက်ယူပြီး တကူးတက လိုက်ပို့ပေး ရှာပါသည်။ “မင်းချဉ်ခြင်း ကလဲ တမျိုးကြီးကွာ” “စကားမရှည်နဲ့ ဟိုရောက်ရင် ငါဆင်းမေးမယ်၊ မင်းကားထဲမှာပဲနေခဲ့” မိန်းကလေး တယောက်က လာမေးသည်ဆိုတော့ ကုမ္ပဏီရုံး ကလည်း ကောင်းကောင်းမွန် မွန် ဆက်ဆံပြီး နေရာပြောပြပါသည်။ ပန်းအိဖြူ နှင့် ကြည်မာက ရွယ်တူတန်းတူတွေ ဆို တော့ အရင်က တူတူ တအိမ်ထဲနေခဲ့သည့် သူငယ်ချင်းကို တွေ့ချင်ကြောင်း ပြောတာကို အလွယ်တကူ လက်ခံလိုက်ပုံရ၏။ ကားပေါ်ပြန်ရောက် တော့လက်မထောင်ပြီး မျိုးမင်းစိုး ကို ကြွား မိသည်။ “ငါမေးတော့ ချက်ချင်း ပြောလိုက်တယ်ကွ၊ မင်းကို နှာဗူးကြီးလာမေးတယ် ထင်ပြီး မပြော လိုက် တာ ဖြစ်မယ်” “အေးပါကွာ၊ ရှိပါစေတော့၊ နေရာသိပြီဆိုတော့ အခုသွားမလား၊ ငါတနေ့လုံးအားတယ်” မင်းခန့် နာရီကိုကြည့်လိုက်မိသည်။ သွားမယ်ဆိုရင် ကြည်မာ့ကို တွေ့နိုင်သည်။ ကြည်မာ တို့က ညနေပိုင်းကျမှ ကြည်မာ့ အပြောအရဆိုရင် အပုပ်ချိန်ရောက် မှ ထွက်ကြသည်ဆို တော့ ကြည်မာ တခြားကို မသွားဘူးဆိုရင် အဆောင်မှာပဲ ရှိနေမှာ ဖြစ်သည်။ “အေးလေ၊ သွားကြတာပေါ့” ရလာသည့် လိပ်စာကလည်း မြို့သစ်တခုမှာ ဖြစ်သည်။ မောင်းသွားကြရင်းလမ်းမှာ မျိုး မင်းစိုးက စကားပြန်ဆက်သည်။ “မင်းက သားသားနားနား ဝတ်သွားတော့ ဟိုက အထင်ကြီးပြီး ချက်ချင်းပြောလိုက်တာနေ မှာပေါ့” “ဒါသားနားတာလား၊ မင်းသွားတုန်းကရော စုတ်တီးစုတ်ပြတ် နဲ့သွားလို့လား” ပြောရင်း ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိသည်။ ဗိုက်က ယောင်ယောင်လေးသာ စူသေးတာ ဆိုတော့ အဝတ်အစားတွေကို အဆင်ပြေပြေဝတ်လို့ ရသေးသည်။ ဒီထက်ပိုပြီး ပူလာရင် တော့ မာလာနှင့် တိုင်ပင်ပြီး အဝတ်အစားတွေ ထပ်ဝယ်ရတော့မည်။ အခုလို ထမိန်စ ကပ် တွေဘာတွေ ဝတ်လို့ ရတော့မည် မဟုတ်။ မျိုးမင်းစိုး ဆိုသည့် ကောင်ကလည်း ဗိုက် ဖုံး အကျ ႌ မဝယ်သေးဘူးလား ဟု တကျီကျီ မေးနေတတ်လို့ မနည်းဟောက်ထားရ သည်။ အဝတ်အစားအကြောင်းစဉ်းစား ရင်း မင်းခန့် စိတ်ကူးပြောင်းသွားသည်။ “မျိုးမင်းစိုး ပြန်လှည့်ကွာ၊ မသွားတော့ဘူး” “ဘယ်လိုဖြစ်တာတုန်းဟ၊ အစကတော့သွားချင် လှချည်ရဲ့ဆို” “အေး ..အခု မသွားချင်တော့လို့၊ လိပ်စာသိနေပြီပဲ ကွာ နောက်မှသွားကြတာပေါ့၊ ငါဆိုင် ကိုပဲ ပြန်သွားတော့မယ်၊ ဟိုမှာ မာလာ တယောက်ထဲကွ” ကားကို အချက်ပြကာ ပြန်ကွေ့ဖို့ လုပ်ရင်း မျိုးမင်းစိုး ပြုံးစိစိ လုပ်နေသည်။ “မင်းက ဘာပြုံးတာလဲ” “အော် ...မင်းမွေးမယ့် ကလေးက မိန်းကလေး ပဲဖြစ်မယ်လို့ တွေးမိလို့” “ဘာဆိုင်လို့လဲ” “မင်းစိတ်က ခုတမျိုးတော်ကြာတမျိုးပြောင်းနေလို့လေ၊ မိန်းမတွေစိတ်က ဒီလိုပဲ၊ ခုနောက် ပိုင်း မင်းကိုကြည့်ရတာ မိန်းမ နဲ့ပိုတူလာတယ်၊ ကလေးက မိန်းကလေး ဖြစ်နေလို့ ပဲဖြစ် မှာ” “ရူးပါ့ ကွာ” “ကိုယ့်ကိုယ်ကို တော့ဘယ်သိမှာလဲဟ၊ မင်း အရင်ထက် အများကြီး ပိုလှလာတယ်။ ဘယ် အဝတ်အစားနဲ့ ပဲဖြစ်ဖြစ် အရမ်းကြည့်ကောင်းတာပဲ” “မျိုးမင်းစိုး” “ဘာတုန်း” “ငါသိပ်ပြီး အမြင်ကပ်လာအောင် မလုပ်နဲ့နော်၊ သည်းခံနိုင်တဲ့ အဆင့် ကျော်သွားရင် ဖျက် ချလိုက်မိလိမ့်မယ်” “မင်း အဲဒီလောက် မရက်စက်ပါဘူးကွာ၊ ဖျက်ချဖို့ ဆိုတာကလည်း အပြောသာလွယ်တယ်၊ တကယ်လုပ်ဖို့ မလွယ်ပါဘူး” “ရန်ကုန်မှာ မြို့နယ်ပေါင်း လေးဆယ်ကျော်ရှိတယ် မျိုးမင်းစိုး၊ မင်း ပါးစပ်ထဲရှိတဲ့ တမြို့နယ် ပြောလိုက် ငါအဲဒီမြို့နယ်ထဲမှာပဲ သွားလုပ်ပြမယ်၊ ငါမင်းခန့် ဆိုတာ မေ့နေပြီလား၊ ဒီလို နေရာ၊ အ ဆက်အသွယ် တွေမသိဘဲ မင်းတို့ ပြောသလို နှာဗူးလုပ်လို့ မရဘူး” တကယ်တော့ မင်းခန့်လည်း ဒီလောက်တော့မသိပါ။ ဟိုဆရာဝန်၊ ဒီဆေးခန်း စသည်ဖြင့် ကြားဖူးနားဝတွေ ရှိပေမယ့်၊ မင်းခန့်၏ ကောင်မလေး တွေ တခါမှ မပတ်သက်ခဲ့ရဖူးပါ။ ဆိုး ရွားသည့် အဆင့် အခြေအနေ မရောက်အောင် မင်းခန့် အမြဲသတိထားခဲ့သည်။ မတော်တ ဆ ကာကွယ်ဖို့ သတိလွတ်သွားသည် ရှိသည့်တိုင်အောင် နာရီပိုင်း အတွင်းသောက် ရ သည့် ဆေးကို ရအောင်အမြန်ဝယ်ပေးပြီး ကာကွယ်ခဲ့၏။ ကိုယ့်ဟာကိုယ်ကျမှ ထူပူပြီး ဆေး သောက်ဖို့ သတိလွတ်သွားလို့ ဒီအခြေကို ဆိုက်ရခြင်းဖြစ်၏။ ဘာပဲပြောပြော အခု လို လေလုံးမိုးလုံး နှင့် ဖိချလိုက်တော့ မျိုးမင်းစိုး ငိုင်ဆင်းသွားတာကတော့ အမှန်ဖြစ်၏။ “ငါ..ငါက နောက်တာပါကွာ၊ မင်းခန့် ...မင်း ..မဟုတ်တာတွေ မလုပ်ဘူးမဟုတ်လား၊ မ လုပ်ပါနဲ့ ကွာ၊ မင်းလဲ အန္တရယ်ရှိတယ်၊ မလုပ်ပါနဲ့ ကွာ၊ နော်၊ ငါတောင်းပန်ပါတယ်၊ နောက် ကို မင်းမကြိုက်တာ ငါ မစတော့ပါဘူး” မျက်နှာငယ်လေး နှင့် တုန်တုန်ရီရီ ပြောလာသည့် မျိုးမင်းစိုး ကို မင်းခန့် သနားသွား မိ သည်။ ဒီ ကိုယ်ဝန်ကို မျိုးမင်းစိုး ဘယ်လောက် အလေးအနက် ထားတာကို မင်းခန့် အသိ ဆုံး ဖြစ်၏။ ထို့ကြောင့် သက်ပြင်းချပြီး စိတ်ကိုလျှော့ချလိုက်ရသည်။ “ကြည်မာ့ဆီကို ငါအခု မသွားသေးဘူး ဆိုတာက ဒီကိုယ်ဝန်ကြောင့်ပဲ” “သူ့ကို မသိစေချင်ဘူးလား” “သိစေချင်ပါတယ်၊ ဒါကြောင့် ဒီ့ထက် ပိုပြီးထင်သာမြင်သာ ဖြစ်လာမှပဲ သွားတွေ့ တော့ မယ်” “ဟင် ..ဘာဖြစ်လို့လဲ” “ကြည်မာ က အရမ်းစိတ်ထားကောင်းတယ်၊ ငါ့ကို ..ပန်းအိဖြူကိုပေါ့လေ၊ တည်တည်ငြိမ် ငြိမ် သိပ်ဖြစ်စေချင်တာ၊ မလေးမှာ ရောက်နေတဲ့ မချို ဆိုတဲ့ အမျိုးသမီးရောပေါ့၊ အရင် လို စိတ်အလိုလိုက်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးမထားပဲ ပွေပွေရှုပ်ရှုပ် မနေစေချင်ကြဘူး၊ အဲဒီ တော့ကွာ ပန်းအိဖြူကို အတည်တကျ အိမ်ထောင်ကျနေပြီ၊ မကြာခင် ကလေးလဲ ရတော့ မယ်၊ မိသားစု တခုနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီ ဆိုတာ သိရင် ကြည်မာပို စိတ်ချမ်းသာ မလားလို့ပါ။ မချို နဲ့ သူနဲ့ အဆက်အသွယ်ရှိသေးရင်လည်း ဒီအကြောင်းပြောပြ နိုင်တာ ပေါ့” မင်းခန့် ပြောင်းရွှေ့သွားပြီဆိုတာ ကြည်မာ အရင်အိမ်ကို လာလည်ဖြစ်ရင် သိသွားလောက် ပေပြီ။ ဘယ်ကိုပြောင်းမှန်း အနားပတ်ဝန်းကျင်က မသိကြပေမယ့် ယောက်ျားတယောက် ကားနှင့် လာခေါ်တင်သွားသည် ဆိုတာလောက်ကိုတော့ သတင်းအစ အနရပေမည်။ ကြည်မာ စိတ်ပူချင်လည်း စိတ်ပူနေလိမ့်မည်။ ထိုအချိန်မှာ မင်းခန့် ကို ကိုယ်ဝန်ကြီး နှင့် တွေ့လိုက်ရင် အံ့သြသွားမှာ သေချာသည်။ အခြအနေ ကိုသိသွားရင်တော့ ကြည်မာ ဝမ်း သာမည်ထင်ပါ၏။ မျိုးမင်းစိုး ကတော့ သူ့အတွေးနှင့် သူမှတ်ချက်ပြုသည်။ “မင်းစိတ်ကူး ကောင်းပါတယ်၊ အဲဒီကောင်မလေး မင်းကို ဖြစ်စေချင်သလို ငါလဲ မင်းကို ဖြစ်စေချင်ခဲ့ ဖူးလို့ နားလည်ပါတယ်” “အင် ..ဘာဖြစ်လို့လဲ” “မင်းကို အိမ်ထောင်ပြုပြီး တော့ မိသားစု အသိုက်အဝန်းနဲ့ တည်တည်ငြိမ်ငြိမ် နေဖို့ အရင် တုန်းက ငါ ခနခန တိုက်တွန်းတယ်လေ။ မမှတ်မိဘူးလား၊ မမှတ်မိရင်တော့ မင်းခန့် မ ဟုတ် နိုင်တော့ဘူးထင်တယ်၊ တကယ့် ပန်းအိဖြူ ပဲ ဖြစ်လိမ့်မယ်” “ဟ ..ဘာလို့ မမှတ်မိရမှာလဲ၊ မှတ်မိတယ်၊ မှတ်မိတယ်၊ ရုတ်တရက်ဆိုတော့ မေ့နေတာ၊ အင်း ..ဟုတ်သားပဲ၊ မင်းလဲ ငါ့ကို ဒါမျိုးပြောခဲ့ဖူးတာပဲ” “ဒါပေမယ့် အခု မင်းလဲ အိမ်ထောင်ကျနေပြီပဲ၊ ငါစိတ်ချသွားပါပြီ၊” “ဟေ့ ကောင်၊ တော်ပြီ ဖေါက်မလာနဲ့တော့” ထိုနေ့က အိမ်ထောင်ပြုသည် ဆိုသောကိစ္စ နှင့် ပတ်သက်ပြီး မျိုးမင်းစိုး ကို မင်းခန့် သိချင် တာ တခုမေးကြည့်မိသည်။ “မျိုးမင်းစိုး... မင်း ..အိမ်ထောင်ပြုရတာ မတန်ဘူးလို့ မထင်ဘူးလား” “ဘာဖြစ်လို့လဲ” “လူတွေ အမြင်မှာတော့ မျိုးမင်းစိုး မိန်းမရသွားပြီပေါ့၊ ဒါပေမယ့် မင်းယူလိုက်တဲ့ မိန်းမက မင်း ထိလို့မရ တို့လို့ မရတဲ့ သူဖြစ်နေတယ်၊ နာမည်ကြီး ထမင်း ငတ် ဖြစ်နေတယ်လို့ မ တွေးမိဘူးလား” မျိုးမင်းစိုး ငြိမ်သွားသည်။ ပြီးတော့မှ တဖြည်းဖြည်း ပြုံးလာ၏။ “ငါ ..အဲဒီကိစ္စ တခုထဲအတွက် ..မင်းကို...အဲလေ၊ ပန်းအိဖြူကို လက်ထပ်တာမှ မဟုတ် တာ၊ တသက်လုံး ဒီလိုပဲ နေလာတာကွာ၊ နောက်ပိုင်း ဆက်နေရလဲ မထူးပါဘူး၊ ငါလိုချင် တဲ့ မိသားစု တခုရရင်ပဲ ကျေနပ်ပါတယ်” “တကယ်လား” “တကယ်ပါ၊ ငါ့ အခင်ဆုံးသူငယ်ချင်းကိုလည်း ပြန်ရတယ်၊ ငါအချစ်ဆုံး မိန်းကလေးကိုလဲ နေ့တိုင်းမြင်ခွင့်ရတယ်၊ တူတူ နေခွင့်ရတယ်၊ ငါ ချစ်ရမယ့်၊ ပြုစုစောင့်ရှောက်ရမယ့် ရင် သွေးလေး တယောက်လဲ ရတော့မယ်၊ ဒါလောက်ဆို လုံလောက်ပါပြီကွာ၊ ငါလောဘ မ ကြီးပါဘူး” မင်းခန့် စိတ်ချမ်းသာအောင် တမင်ပြောနေခြင်းလားဟု မျိုးမင်းစိုး မျက်နှာကို သေသေ ချာ ချာ အကဲခတ်ကြည့်လိုက်တော့ တကယ်ပင် စိတ်ထဲ ရှိသလို ရိုးရိုးသားသား ပြောနေ တာ ကို တွေ့လို့ မင်းခန့် ချစ်သူငယ်ချင်းကို သနားသွားမိသည်။ “ငါကတော့ မင်း ကံဆိုးတယ်လို့ ထင်တာပဲ” “ဒီလိုလဲ မဟုတ်ဘူးလေကွာ၊ ငါ့အကြောင်း မင်းသိပါတယ်၊ ရည်ရွယ်တဲ့ မိန်းကလေးတွေ နဲ့ ဘယ်လောက် အထိလွဲခဲ့လဲဆိုတာ၊ အရင်ကတော့ အဲဒါတွေ အတွက် စိတ်ထဲ တမျိုးဖြစ် တာ ပေါ့ကွာ၊ အခုတော့ ငါသိသွားပြီ သူတို့တွေနဲ့ လွဲခဲ့ရတယ် ဆိုတာက ငါ့အတွက် ပြ ဌာန်း ထားပြီးသား ကံကြမ္မာက ရှိနေလို့ပဲ၊ လူတိုင်း ကိုယ်နဲ့ ထိုက်တန် သလောက်ပဲရကြ ပါတယ်ကွာ၊ အခုရနေတဲ့ ဘဝကို ငါကျေနပ်ပါတယ်” မျိုးမင်းစိုး အတွက် ကျေနပ်ပေးရမလား၊ သနားရမလား ဆိုတာကိုမင်းခန့် မတွေးတတ် တော့ပါ။ ဖြစ်နိုင်ရင် မင်းခန့် လည်း သူ့လိုပဲ ကိုယ့်ဘဝကိုယ် ကျေနပ်နှစ် သိမ့် လို့နေချင် ပါ သည်။ ဒါပေမယ့် မင်းခန့် ရလိုက်သည့် ဘဝအခြေအနေက လျှော့လျှော့ပေါ့ပေါ့ တွေးမယ် ဆိုရင်တောင် လက်ခံချင်စရာလုံးဝ မရှိသည့် အဖြစ်မျိုး ဖြစ်နေသည်။ “မင်း ကိုတော့ ကိုယ့် အခြေအနေ ကိုယ်ကျေနပ်သလားလို့ ငါမမေးတော့ပါဘူး” “အေး ..မမေးတာပဲ ကောင်းပါတယ်ကွာ” “ဒါပေမယ့် တခြား တခုတော့မေးကြည့်ချင်တယ်” “ဘာလဲ” “ဟိုကွာ၊ မင်းနဲ့ ..ဟို..ဟို ...အဲဒါ ဖြစ်သွားတဲ့ ယောက်ျားဟာ ငါ မဟုတ်ဘူး၊ တခြားတ ယောက် ဖြစ်နေမယ်၊ ဒါပေမယ့် ..သူက လူကောင်းသူကောင်း လဲဖြစ်မယ် ဆိုရင်၊ မင်း ..အခုလို ...ဘဝမှန်ကိုဖွင့် ပြောမလား၊ ဒါ မှမဟုတ် ....” မျိုးမင်းစိုး စကားက တပိုင်းတစနှင့် ရပ်သွားသော်လည်း ဆိုလိုရင်းကို မင်းခန့် နားလည် လိုက်ပါသည်။ မဖြေတတ်သည့် အတွက် သက်ပြင်းကိုသာချမိသည်။ “မဖြေချင်လဲရပါတယ်ကွာ၊ ထားလိုက်ပါ” “ဖြေချင်ပါတယ်ကွာ၊ ဒါပေမယ့် မဖြေတတ်ဘူး၊ ဒီလိုမျိုး ငါတခါမှ မတွေးခဲ့ဖူးဘူး၊ အဲဒါ ကြောင့်ပါ” မျိုးမင်းစိုး ခေါင်းတဆတ်ဆတ်ညိတ်ပြီး မျက်နှာလွှဲသွားသည်။ မင်းခန့် လည်း ရှုပ်ထွေး နောက်ကျိသွားသော စိတ်ကြောင့် ငြိမ်သက်သွားမိ၏။ “မထူးပါဘူး၊ မင်းကို လိုက်ပို့ ပြီးသွားရင် အဝတ်လျှော်စက် သွားဝယ်ထားလိုက်မယ်၊ လိုတဲ့ ပစ္စည်းတွေပါ တခါထဲဝယ်ထားလိုက်ပြီး တနင်္ဂနွေ အားရင် ဆင်လိုက်မယ်” သူ့ဟာသူ ရေရွတ်သလို ပြောနေတာဖြစ်သောကြောင့် မင်းခန့် ပြန်ပြောမနေတော့ပါ။ ကား ပြတင်းမှာ ရိပ်ကနဲ ရိပ်ကနဲ ကျန်ခဲ့သည့် လူတွေ အဆောက်အဦးတွေကို သာ လိုက်ပြီးငေး မောကြည့်နေမိ၏။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx မျိုးမင်းစိုး အပြင် မင်းခန့်ကို ဂရုတစိုက်ရှိသူနောက် တယောက်မှာ မာလာဖြစ်သည်။ နေ့စဉ် လိုလို အတူတူရှိနေ တွေ့နေကြသူတွေဆိုတော့ မင်းခန့် အပေါ် မာလာ သံယောဇဉ် ဖြစ်နေ တာကြောင့် အပြင် မျိုးမင်းစိုး ကလည်း ကြုံတိုင်း ဂရုစိုက်ဖို့ ကူညီဖို့ တဖွဖွ အတင်းအပ်နေ တာကြောင့်လည်း ပါမည် ထင်ပါသည်။ “အေးအေး သက်သာ နေပါညီမရယ်၊ ကိုမျိုးမင်း တွေ့သွားရင် အမ တို့ကို ရန်လုပ်နေပါဦး မယ်” ဆိုင်မှာ မင်းခန့် အလုပ်လုပ်တာ များသွားပြီဆိုရင် မာလာကရယ်သလိုမောသလိုနှင့် တား တတ်သည်။ “ဒီကောင်က မျိုးမင်းစိုး မဟုတ်တော့ဘူး၊ မျိုးမင်းသဲ လို့ပြောင်းခေါ်ရတော့မယ်” ကွယ်ရာတွင် ကျော်သက်ကလည်း သြဘာပေးသည်။ အိမ်မှာ ဆိုရင်တော့ ဒီ ကောင်သိပ် ပြီး သဲ မပြရဲပါ။ လိုတာထက်ပိုလာရင် မင်းခန့် က ထုံးစံအတိုင်း ဖျက်ချပစ် လိုက်မည်ဟု ခြိမ်း ချောက်လိုက်လျှင် ငြိမ်သွားသည်။ မာလာ့ကို ပြောပြတော့ မာလာမျက် လုံးတွေ ပိတ် အောင်ရယ်ပြီး သဘောကျနေသည်။ “လူပျိုကြီးတွေ ကောင်မလေး ငယ်ငယ်ချောချောလေး ရရင် အဲဒီလိုပဲ ညီမလေးရဲ့” ပန်းအိဖြူ၏ နောက်ကြောင်း နှင့် ပတ်သက်ပြီးတော့ မာလာသိမသိ မေးကြည့်ဖူးသည်။ ခပ် ဆိုးဆိုး ခပ်ရှုပ်ရှုပ် မိန်းကလေး တယောက်မှန်းသိသိ နှင့် မာလာက ဆိုင်မှာ လက်ခံ ထားပြီး လိုအပ်သည့် အကူအညီတွေလည်း ပေးတတ်လို့ဖြစ်သည်။ “အမ ပေါင်းကြည့်သလောက်တော့ ညီမလေးက မစိုး တို့ပြောသလောက်မဆိုးပါဘူး။ မရင့် ကျက်သေးတဲ့ အရွယ်မှာ ဖြစ်ခဲ့တာတွေ ကိုထိုင်ပြီး အပြစ်တင်နေလို့လဲ အလကားပဲလေ။ ကိုမျိုးမင်း ကလည်း အသည်းအသန် ဖြစ်နေတော့ အမ တို့မှာက အကောင်းဆုံး ဖြစ် အောင် နိုင်သမျှ ကူညီပေးရုံပဲ ရှိတာပေါ့” “တော်တော်လေး လွန်ခဲ့တာတွေ ရှိပါတယ် မမရယ်” “ဝန်ခံတာကိုက ငါ့ညီမ ရိုးသားလို့ပေါ့၊ လူဆိုတာ မှားတာသိဖို့ အရေးကြီးတယ်၊ ကိုယ့် အ မှား ကိုယ်သိလို့ ပြုပြင်နိုင်ရင် လွန်တယ် မခေါ်နိုင်ပါဘူး၊ အမ လည်းညီမကို အကဲခတ် တာ ပါပဲ၊ ကိုမျိုးမင်း က အလုပ်ခန့်ပေးဖို့ အသည်း အသန်လာပြောကထဲက အမ အခြေအ နေ ထူးခြားတယ် ဆိုတာတွေးမိတယ်လေ၊ ညီမလေး ကိုခေါ်လာတဲ့ နေ့ကျတော့ပိုသေ ချာ သွားတယ်၊ ညီမလေးက ကိုမျိုးမင်း အသည်းအသန် ဖြစ်မယ် ဆိုဖြစ်လောက်တဲ့ မိန်းက လေးကိုး၊ ကိုကျော်သက်ကလဲ ပြောတယ် မိန်းမချင်း ကြည့်ပြီး အကဲခတ်ပေးစမ်းပါဦး တဲ့၊ ကိုယ့်လူက ဆေးမမှီသလိုဖြစ်နေပြီတဲ့” အလုပ်ခန့် ပေးဖို့ ခေါ်လာသည့် အချိန်အထိ မျိုးမင်းစိုး၏ စိတ်အခြေအနေကို လုံးဝ မရိပ် မိခဲ့ပါ။ ပန်းအိဖြူ အပေါ် မျိုးမင်းစိုး ရိုးသားသည်လို့ပဲ နားလည်ထားခဲ့၏။ “ဆိုင်မှာ တူတူ လုပ်လိုက်တော့ အမ ညီမလေးကို ခင်သွားတယ်၊ ညီမလေး အရင်က အ ရမ်းဆိုးတယ် ဆိုတာမစိုး လာပြောတာတောင်မှ ခွင့်လွှတ်ပြီး တတ်နိုင်သလောက် ပြုပြင် ပေးမယ်လို့ အမ ဆုံးဖြတ်ခဲ့တယ်၊ ကိုမျိုးမင်း မျက်နှာလဲ ပါတာပေါ့လေ” သွေးမတော်သားမစပ် ဒီလို စိတ်ထားနိုင်သည့် မာလာ့ကို မင်းခန့် တကယ်ကျေးဇူးတင်ပါ သည်။ အရင်ကတော့ မာလာဆိုတာ မင်းခန့် တို့ထက် ငယ်ရွယ်သည့် ချာတိတ်မလေး တ ယောက်လို ပင်ဖြစ်ခဲ့သည်။ ကျော်သက်နှင့် အိမ်ထောင်ကျတော့ မာလာက ဆယ့်ရှစ်နှစ် ကျော် ဆယ့်ကိုး နှစ်လောက်ပဲ ရှိသည်။ မင်းခန့် တို့တောင်မှ ကျော်သက်ကို အရွယ် မ ရောက်သေးသူကို ဖျားယောင်းလက်ထပ်မှုဖြင့် ထောင်ကျဖို့ သီသီလေး လိုတော့တယ် ဟု နောက်ကြသေးသည်။ အဲဒီတုန်းက မင်းခန့် တို့ကျောင်းတက်နေဆဲရှိသေးသည်။ ကျော် သက်က အသက်နှစ်ဆယ် ကျော်ခါစပဲ ရှိသေး၏။ ကျော်သက် က မင်းခန့်တို့ အုပ်စုထဲ မှာ အရင်ဆုံး အိမ်ထောင်ကျသူလို့ ဆိုနိုင်သည်။ မာလာက ဆယ်တန်းအောင်ခါစ ဖြစ်၏။ အခု တော့ မင်းခန့် မာလာ့ကို ကိုယ့်ထက် ကြီးရင့် သူတယောက်ပမာ တလေးတစားကြည့် နေရ လေပြီ။ မာလာက မင်းခန့်၏ ကိုယ်ဝန်ကို သူနှင့် သိကျွမ်းသည့် အိုဂျီ ဆရာဝန်မ ကြီးတယောက်ထံ မှာ လိုက်အပ်ပေးသည်။ ဆေးခန်း သွားပြရင်လည်း အဖေါ်လိုက်ရသည်။ လိုအပ်သော ဆေး ဝါးတွေဘာတွေလည်း သူကပင်စီစဉ် ဝယ်ချမ်းပေးသည်။ ကျော်သက်သာ မာလာ့ကို မယူ ခဲ့လျှင် ငါတော့အခုနေဒုက္ခပဲ ဟု မင်းခန့် မကြာမကြာတွေးမိတတ်သည်။ ကိုယ်ဝန် ဆောင်သည် တွေလိုက်နာသင့်သည့် ဆောင်ရန်ရှောင်ရန်တွေကိုလည်း မာလာက ကြုံရင် ကြုံသလို သင်ကြားပေးတတ်သည်။ “ညီမလေး ကို ကြည့်ရတာ ကိုယ်ဝန်အတွက် အနေခက်နေသလိုပဲ၊ ဟုတ်လား” မှန်ကန်သော အမြင် ဖြစ်သည့်အတွက် မင်းခန့် ခေါင်းညိတ်ဝန်ခံလိုက်သည်။ “ငယ်ငယ်ရွယ်ရွယ် နဲ့ အပျိုဘဝမှာ လွတ်လွတ်လပ်လပ်နေရင်း ကနေ ဒီလိုဖြစ်သွားတော့ စိတ်ညစ်စရာတော့ ရှိတာပေါ့ ညီမရယ်၊ ဒါပေမယ့် ညီမလေးကမှ တော်ပါသေးတယ်၊ အခု နှစ်ဆယ့်သုံး နှစ်ရှိပြီ၊ အမ တုန်းက ဆယ့်ကိုးနှစ် ..ဟီးဟီး၊ သူ့ဟာသူ ဖြစ်လာတော့လည်း မတတ်နိုင်ဘူးလေ၊ စိတ်ညစ်ပေမယ့် မိန်းမတွေတာဝန်ကိုး၊ မွေးရတော့တာပေါ့” ကျော်သက်နှင့် မာလာက ကိုယ်ဝန်ရှိသွားလို့ ကမန်းကတန်း လက်ထပ်လိုက်ရခြင်း ဖြစ် သည်။ ကျော်သက်ကလည်း ရိုးပုံရိုးလက် နှင့် ခြေပုန်းခုတ်တတ်သည်။ သူငယ်ချင်းတွေ က ဝိုင်းမေးတော့ “တခါ ခိုး တခါမိ ဖြစ်သွားတာပါကွာ၊ မင်းခန့် လို ခနခန ခိုးနေတဲ့ ကောင် ကျ တော့ အေးလို့ကွာ၊ မနာလိုဘူး” ဟု စပ်ဖြဲဖြဲဝန်ခံ၏။ မင်းခန့် ကတောင် စောစော စီးစီး ငါ့ကို ပြောပါလား၊ ဒီလိုမဖြစ်အောင် လုပ်ပေးမှာပေါ့ ဘာညာ နှင့် ဆရာကြီးလုပ်ကာ ဟိန်း ခဲ့ ဟောက်ခဲ့သေးသည်။ “အမ တို့တုန်းကလဲ ညီမလေးတို့လိုပဲလေ၊ ဟဲဟဲ၊ ညီမလေးကမှ နှစ်ခါပျောက်မှ သတိထား မိတာ၊ မမ က တလကျော်သွားတာနဲ့ လန့်ဖြန့်ပြီး မင်္ဂလာဆောင်လိုက်ရတယ်၊ နောက် တ လ လဲ စောင့်မနေနိုင်တော့ဘူး၊ စောင့်နေရင် ဝါဝင်သွားတော့မှာလေ” မင်းခန့် ကတော့ အဲဒီတုန်းကကျော်သက် မင်္ဂလာဆောင်မှာ စွတ်သောက်ပြီး အစောကြီး မှောက်သွားတာပဲ မှတ်မိသည်။ “သူတို့လူရိုးလူအေး တွေက အဲဒီဖက်တော့ စွမ်းတယ် ထင်တယ်နော်” “ဟင် ..ဘာလဲ မမ” “အော် ..အမတို့က တခါထဲနဲ့ ညိ သွားတာလေ၊ အဲဒီတခါကလည်းကွယ် ကိုယ့်ညီအမ ချင်းမို့ ပြောရဦးမယ်၊ ဘာမှန်းတောင် မသိလိုက်ပါဘူး၊ ဘုမသိဘမသိ နဲ့ ကွိုင်တန်းတက် တော့ တာ၊ နာလည်းနာသေး ဒုက္ခ လည်းရောက်သေး” အိမ်ထောင်သည် အမျိုးသမီးချင်းရယ်လို့ မာလာက ပွင့်လင်းစွာပြောလာသည့် အခါ မင်း ခန့် မျက်နှာ မထားတတ်အောင် ဖြစ်ရသည်။ သူသည် မင်းခန့် ဆိုသည့် မာလာလည်း သိ သည့် ယောက်ျားတယောက်ဆိုတာကိုသာသိရင် မာလာဘယ်လိုနေမလဲဟု လည်းကြံဖန် ကာတွေးပူမိသည်။ “ကိုကျော်သက်ကပြောတယ်၊ မျိုးမင်းစိုးလဲ ငါ့လိုပဲတဲ့၊ ဟုတ်လား ညီမလေး၊ ဟဲ ..ဟဲ” မဖြေတတ်လို့ ငြိမ်နေသည့် မင်းခန့် ကို မာလာက ရှက်နေသည်ဟုထင်ပြီး ဆက်မမေး တော့ပါ။ သိပ်အရှက်ကြီး မဟုတ်ပေမယ့် တခါတခါ ဒီလိုပဲ မာလာက ပွင့်ပွင့်လင်းလင်း တွေပြောလာရင် မျက်နှာနည်းနည်းတော့ ပူမိသည်။ မင်းခန့်၏ ခံစားချက်တွေကို မသိ ရှာသည့် မာလာကတော့ သူမ၏ အတွေ့အကြုံတွေကို စေတနာနှင့် ပြောပြပေး၏။ “ညီမလေး ကိုယ်ဝန်ရှိတာ သိပြီးတဲ့နောက်ပိုင်း ကိုမျိုးမင်းနဲ့ အတူနေဖြစ်သေးလား” “ဟင်” “ဒီလိုလေ၊ အတူနေတယ် ဆိုတာက သိတယ်မဟုတ်လား၊ ဟိုကိစ္စ ကိုပြောတာ” “မ ..မနေ ပါဘူး မမ” “ကောင်းတာပေါ့၊ ညီမက ခွင့်မပြုတာလား၊ ကိုမျိုးမင်း က ကျေနပ်ရဲ့လား” “အခု ..တခန်းစီ ခွဲအိပ်ကြတယ်မမ၊ ဘာဖြစ်လို့လဲ ဟင်” “ကောင်းတာပေါ့၊ တကယ်လို့ ဟိုဟာပြုမယ် ဆိုလဲပြုလို့ ရတယ်လို့ပြောမလို့၊ ဒါပေမယ့် သတ်သတ်စီနေတော့လဲ တမျိုးကောင်းပါတယ်လေ၊ စိတ်ရှင်းတာပေါ့၊ အန္တရယ် မရှိဘူး ပြောကြပေမယ့် ကိုယ်ဝန်ရှိနေတုန်းမှာ ဆင်ခြင်နိုင်ရင် အကောင်းဆုံးပဲ၊ ငါ့ညီမ စိတ် ခိုင် သားပဲ၊ အမ လို မဟုတ်ဘူး” “ဘာဖြစ်လို့လဲမမ” “အမ ကျတော့ ကိုယ့်ယောက်ျား ကို သနားတယ်လေ၊ သူကလိုချင်ရင် ပေးလိုက်မိရော၊ ပြီး ရင် သူက စိတ်ကျေနပ်ပြီး အိပ်ပျော်သွားပေမယ့် ကိုယ့်မှာ အဲဒီတော့မှ ကလေး ကို ထိခိုက် သွားရင် ဒုက္ခပဲ ဆိုပြီး အိပ်ရေးပျက်ကရော၊ ဟင်း ..ဟင်း” မျိုးမင်းစိုး ကတော့ဒီလို လုပ်မည့်သူမဟုတ်ပါ။ မင်းခန့် ကို ဒါမျိုးလာလုပ်လို့လည်း လက်ခံ မည် မဟုတ်၊ ဖြစ်ခဲ့တာတွေက မင်းခန့် မှန်း မျိုးမင်းစိုး မသိလို့သာ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ကြုံခဲ့တာကလည်း တခါဆို ဆိုသလောက် မင်းခန့် ကိုသွေးပျက်စေ၏။ မျိုးမင်းစိုး ၏ ကြီး ထွားရှည်လျားမှု ကို ပြန်တွေးမိတိုင်းလန့်၏။ ခွန်အားကလည်း ကြီးသူဖြစ်လို့ ရခဲ့သည့် နာ ကျင်မှု တွေကို ခုထက်ထိ မှတ်မိနေ၏။ တချိန်တုန်းက မင်းခန့်၏ အချစ်ကြမ်းကြမ်းမှာ ထွန့်ထွန့်လူးအောင် မချိမဆန့် ဖြစ်ခဲ့ကြ သည့် မိန်းကလေးတွေ၏ နာကျင်မှုက ဒီလိုမျိုးပဲဖြစ်မည် ထင်သည်။ သို့သော်လည်း သူတို့ က မိန်းမသားစစ်စစ်တွေ ဖြစ်သည်။ အစပိုင်းမှာ နာကျင်စေကာမူ “မ” သဘာဝက ပေး သည့် သာယာသောခံစားမှု ကို ရောက်ရှိပိုင်ဆိုင်နိုင်ကြသည်။ စိတ်နှင့်ကိုယ် တခြားစီ ဖြစ် နေ သည့် မင်းခန့် သာလျှင် ရင်မှာ ဗလာသက်သက်နှင့် စိတ်ဆင်းရဲခဲ့ရ၏။ “အယ် ...ငြိမ်သွားတယ်၊ ဘာတွေ တွေးနေတာလဲ” “ဘာမှ မဟုတ်ပါဘူးမမရယ်၊ ဗိုက်ကြီးသယ် လုပ်ရတာ မလွယ်ပါလားလို့ တွေးနေတာ” “လွယ်တာတော့ မလွယ်ဘူးပေါ့ကွယ်၊ ဒါပေမယ့် ကိုယ့်ရင်သွေးလေး ကျန်းကျန်းမာမာ အ ဆင်ပြေပြေနဲ့ လူလောကကို ရောက်လာဖို့ ကိုယ်က တာဝန်အရှိဆုံးပဲ ဆိုတော့ ဒီလိုပဲ ကြိုးစားကျော်ဖြတ်ရတာပေါ့၊ မကြောက်ပါနဲ့ ညီမလေးရယ်၊ ကိုမျိုးမင်းစိုး ကလည်း အရမ်း ဂရုစိုက်တာပဲ မဟုတ်လား” “စိုက်လွန်းလို့ စိတ်ညစ်နေတာ” အကြောင်းသိနေသည့် မာလာ ခေါင်းတညိတ်ညိတ် နှင့် ပြုံးသည်။ မျိုးမင်းစိုး ဆိုသည့် ကောင်ကလည်း တခါတလေကျရင် တမင်လုပ်နေသလားလို့ ထင်ရအောင် ပိုလွန်းသည်။ အိုဗာ ဖြစ်လွန်းသည်။ တရက်မှာ မင်းခန့် က ဧည့်ခန်းထဲမှာ တီဗွီကြည့်ရင်း ညောင်းသ လို လို ရှိတာနှင့် ခြေသလုံးနှင့် ပေါင်ကို လက်သီးနှင့် ဖွဖွထုနေတာကို မျိုးမင်းစိုး မြင်သွား သည်။ “ဘာဖြစ်လို့လဲ” “နည်းနည်း ညောင်းလို့ပါ” “ဆေးခန်း သွားမလား” “ဒါလောက်လေး များကွာ၊ တခါတလေ တော့လဲဖြစ်မှာပေါ့” မျိုးမင်းစိုး ဘေးက ခုံမှာလာထိုင်သည်။ “ငါလဲ ပြောမယ် ပြောမယ်နဲ့” “ပြောလေ ဘာတုန်း” “မင်းအလုပ်က မထိုင်ရဘူး မဟုတ်လား၊ ကောင်တာတွေနားမှာ ဟိုနားမတ်တပ်၊ ဒီနားမတ် တပ်နဲ့ ခြေထောက်ညောင်းတယ်ကွ” “မင်းပဲ ဒီအလုပ်သွင်းပေးတာလေ” “အေးလေ၊ အဲဒါကြောင့် ထွက်လိုက်တော့လို့ ပြောမလို့၊ အိမ်မှာပဲ အေးအေးဆေးဆေး နေ တော့ကွာ” “ဖြစ်ရပြန်ပြီ၊ မျိုးမင်းစိုး၊ ငါတော်တော်စိတ်ညစ်နေပြီကွ၊ မင်းသိပါတယ်၊ ငါက မင်းရဲ့ မိန်းမ အစစ် မဟုတ်ဘူးလေ၊ ဒီလောက် အထိတော့လိုက်ပြီး ကွန်ထရိုးလ် မလုပ်နဲ့” “ဟုတ်ပါတယ်၊ ဒါပေမယ့် မင်းဗိုက်ထဲက ကလေးက ငါ့ကလေးလေကွာ” “မင်း အပြင်မှာလျှောက်ကြည့်၊ ကိုယ်ဝန်အရင့်အမာနဲ့ ဈေးတောင်းခေါင်းပေါ်ရွက်ပြီး တ လမ်းဝင် တလမ်းထွက် နေပူမရှောင် မိုးရွာမရှောင် ဈေးရောင်းနေရတဲ့ သူတွေ ပြည့် လို့” “ဒါက သူတို့ အခြေအနေနဲ့ သူတို့လေ၊ ငါက မင်းကို မကြောင့်မကျ ထားနိုင်တာပဲ၊ အရင် က တော့ ဟုတ်တယ်၊ မင်းစားဝတ်နေရေး အတွက် အလုပ်လုပ်ဖို့ လိုတယ်၊ အခု ငါ တာ ဝန် ယူလိုက်ပြီလေ၊ မင်းလုပ်စရာ မှ မလိုတော့တာ၊ ဟိုတပတ်ကလဲ မင်းဖျားသေးတယ် မဟုတ်လား” “ဒါကတော့ လူပဲ၊ ရာသီဥတုနဲ့ အစားအသောက်နဲ့ အခန့် မသင့်ရင် နာတတ်ဖျားတတ် တာ ပေါ့၊ သံနဲ့လုပ်ထားတဲ့ မင်းတို့ စက်တွေတောင် ပျက်တတ်တာပဲ၊ ဆေးခန်းသွားပြတော့ နှစ် ရက်တောင် မကြာဘူး ပြန်ကောင်းတယ်လေ” “ဘာပဲဖြစ်ဖြစ်၊ ငါစိတ်ပူတယ်ကွာ” မျိုးမင်းစိုး က စိတ်ကောင်းရှိသော်လည်း တခါတလေဇွတ်တရွတ် နိုင်တတ်သည်။ စေတနာ ကောင်းလွန်းတာလို့လည်း ဆိုနိုင်ပါသည်။ စကားနိုင်ပြန်လုလိုက်ချင်ပေမယ့် သူ့စေတ နာ ကို နားလည်လို့ စိတ်လျှော့ပြီး အေးအေးသက်သာရှင်းပြရသည်။ “မျိုးမင်းစိုး၊ မင်း ငါ့အကြောင်း အရင်ထဲက သိတယ်မဟုတ်လား၊ ငါက ငပျင်း။ ဘာမှမလုပ် ရလေ ပိုကြိုက်လေပဲ။ ဒါပေမယ့် အိမ်ထဲမှာ တယောက်ထဲနေတော့လည်း ပျင်းတယ်ကွ၊ ငါ တယောက်ထဲ လဘက်ရည်ဆိုင်တွေ လျှောက်ထိုင်နေမယ့် အစား မာလာတို့ ဆိုင်မှာ သွား နေတာ ပို မကောင်းဘူးလား၊ နောက်ပြီး ငါ့ အပေါ်မှာ မာလာ ကူညီခဲ့တာတွေ အ များကြီး ပဲ။ ငါရှိမှ သူလဲ တခြားအလုပ်ကလေးတွေ လုပ်ရတာ၊ ဆိုင်တဖက် အိမ်မှုကိစ္စတွေတဖက် နဲ့ မနိုင်မနင်း ဖြစ်နေမှာစိုးလို့ပါကွာ” “အဲဒါတော့ အဲဒါပေါ့ကွာ၊ ဒါပေမယ့် ငါက မင်းပင်ပန်းမှာ စိုးလို့ပါ၊ အခုတောင် ညောင်းနေ ပြီ မဟုတ်လား၊ မတ်တပ် ရပ်ရတာများလို့ သွေးကျတယ်ထင်တယ်၊ ခြေသလုံးတောင် နည်းနည်း ပိုကြီးလာသလိုပဲ” အမြင်ကပ်ကပ်နှင့် ခြေသလုံးကို ဂါဝန်စနှင့် ပြန်ဆွဲအုပ်ထားလိုက်ပြီး အလုပ်ကိစ္စ ဘယ်လို ရှင်းရင် ကောင်းမလဲ အကြံထုတ်မိသည်။ ဒီတိုင်းဆက်သွားနေရင်လည်း မျိုးမင်းစိုး ကြောင့် နားပူရမှာကရှိသေးသည်။ နောက်ဆုံးတော့ မာလာ့ကို ဖွင့်ဟ တိုင်ပင်ကာ မင်း ခန့်၊ မာလာ နှင့် မျိုးမင်းစိုး တို့ သုံးယောက် မျက်နှာချင်းဆိုင်ဆွေးနွေးပြီးနောက် အဖြေတ ခု ရသွား သည်။ မင်းခန့်က ခါတိုင်းလို ဆိုင်မဖွင့်ခင် ရောက်ရန်မလို၊ မျိုးမင်းစိုး အလုပ်သွားသည့် အချိန်ကျ မှ လာလို့ရသည်။ အလုပ်ပါးချိန်တွင် မင်းခန့် ထိုင်ဖို့ အတွက် ခုံတလုံးထားပေး မည်။ နား ရက်ကို တပတ်တရက် မဟုတ် ကြိုက်သလောက်နားနိုင်သည်။ အလုပ်လာ ပြီးမှ ပြန်ချင် သည့် အချိန်တွင် ထပြန်လို့ရသည် အစရှိသဖြင့် သဘောတူညီချက်တွေရရှိ သွား သည်။ တကယ်တော့ ထိုအချက်တွေက မင်းခန့် နှင့် မာလာ ကြိုတင်လက်ဝါး ရိုတ် ထား ပြီးသား အချက်တွေ ဖြစ်နေသည်။ မျိုးမင်းစိုး အလုပ်ကိုရောက်နေသည့် အချိန်တွေမှာ မင်း ခန့် ဘယ်လိုနေနေ ဘာလုပ်လုပ် မျိုးမင်းစိုး မြင်နိုင်သည်မဟုတ်။ ဒါကို မသိရှာသည့် မျိုး မင်း စိုး ကတော့ လိုက်လျောလွန်း သည့် မာလာ့ကို ကျေးဇူးတင်ရုံမက အလွန်အားနာ သွား သည်။ “မာလာရယ်၊ နင့်ဖက်က ဒီလောက်လျှော့တော့ ငါဘာပြောရမှန်းကို မသိဘူး၊ ဒီလို လုပ် ဟာ၊ ပန်းကို နင် လခမပေး နဲ့တော့၊ ကိုယ့်မောင်နှမချင်း..အဲ ..ညီအမချင်း အားတဲ့အချိန် လာကူပေးတာလို့ သဘောထားလိုက်၊ ဒါဆို ပြတ်ပြီ” ဒီတချက်ကို တော့မင်းခန့် ကလည်း သဘောတူသည်။ ကိုယ်ဝန် ရင့်လာရင် မျိုးမင်းစိုးက အိမ်ပေါ်ကနေ အိမ်အောက်ဆင်းတာတောင် လိုက်ကန့်ကွက်ချင် ကန့်ကွက်နေနိုင်၏။ မင်း ခန့် ကိုယ်တိုင်ကလည်း တခါတလေကျရင် အပျင်းထူတတ်ရာ လစာ မယူရင် သိပ်ပြီးအား နာနေစရာ မလိုတော့။ ဗိုက်ကြီးတကားကား နှင့် လူထဲမှာ သွားလာနေဖို့လည်း စိတ်ပါ မည် ဟု ကိုယ့်ကိုယ်မထင်။ ငွေရေးကြေးရေး မပါဘဲ စေတနာနှင့် လာရောက်ကူညီတာ မျိုးဆို ရင် ပျက်ကွက်ပါကလည်း သိပ်ပြီးအားနာနေရမှာ မဟုတ်။ ဒီကိစ္စ မှာလည်း ညှိရင်းပြော ရင်း ကနေ မူလ လစာ တဝက်နှင့် ဈေး တည့်သွားသည်။ နောက်ဆုံးတော့ မျိုးမင်းစိုး ကို ဘတ် မည် ဟု မင်းခန့် နှင့် မာလာ ကြိုတင် တိုင်ပင်ထားပြီးသား အချက်တွေကနေ ကွဲလွဲ သည့် အဖြေတွေထွက်ကုန်သည်။ “ဘယ့်နှယ့် ကောင်လဲ မသိဘူး၊ အစကတော့ လစာ အများကြီးပေးရမယ် ဆိုပြီး အတင်း လိုက်တောင်းတဲ့ ကောင်က အခုတော့ မပေးပါနဲ့တော့တဲ့၊ မိန်းမ ရသွားပြီးကထဲက ဒီ ကောင် စိတ်မမှန်တော့ဘူး၊ လွဲသွားပြီ” ကျော်သက် ဒီအကြောင်းသိသွားတော့ မင်းခန့် နှင့် မာလာရှေ့မှာပင်လျှင် မျိုးမင်းစိုး ကို နှိပ် ကွပ်သည်။ “မင်းတို့ သက်သာအောင်လဲ ပြောရသေးတယ်၊ စေတနာနဲ့ မတန်တဲ့ ကောင်” မည်သို့ပင် ဖြစ်စေ မင်းခန့် ကတော့ မာလာတို့ဆိုင် နေ့တိုင်းရောက်သည်သာ။ အရင်လို မ နက်စောစော မရောက်တော့တာပဲ ရှိသည်။ အိပ်ရေးဝ၀ ပို အိပ်ရလို့ မင်းခန့် လည်း အဆင် ပြေ၏။ နားရက်ယူသည့် နေ့တွေမှာတောင် ခနတဖြုတ်တော့ ရောက်သွားလိုက်သေးသည်။ အိမ်မှာ တီဗွီကြည့်လိုက်စာဖတ်လိုက်နှင့် ကြာတော့ပျင်းလာသည်။ နီးလည်း နီးနေတော့ လမ်းလျှောက်ပြီးတော့ပဲဖြစ်ဖြစ်သွားလိုက်သည်။ ဆိုင်ရောက်တော့မှ မင်းခန့် ဒီမှာ ပျင်းလို့ ရောက်နေကြောင်း မျိုးမင်းစိုး ဆီဖုန်းလှမ်းဆက်လိုက်၏။ လူစိတ်ဆိုတာ ဆန်းတော့ဆန်းသည်။ ပြောင်းလဲတတ်သည် ဆိုလျှင်ပိုမှန်ပါမည်။ ပန်းအိဖြူ ဘဝ ကိုရောက်ခါစတုန်းက မင်းခန့် အပြင်မထွက်ချင်၊ လူတွေနှင့် မတွေ့ချင် အိမ်ထဲမှာပဲနေ ချင်မိသည်။ အခုကျပြန်တော့လည်း အိမ်ထဲမှာနေဖို့ ပျင်းနေမိပြန်သည်။ မျိုးမင်းစိုးက တနင်္လာမှ စနေ အထိ အလုပ်ဆင်းရပြီး တနင်္ဂနွေနေ့ ပိတ်ရက်ရသည်။ ကြိုက် တဲ့ ရက် နားလို့ ရပေမယ့် တနင်္ဂနွေနေ့ကို မင်းခန့် ရှောင်သည်။ အကြောင်း အမျိုးမျိုးပြပြီး တခြားရက်တွေပဲ နားသည်။ မျိုးမင်းစိုး ပြောလွန်းလို့ တခါမှာ တနင်္ဂနွေ နားလိုက်ပြီးနောက် ပိုင်း မနားဖြစ်တော့။ ဗိုက်ကိုပဲ အရိပ်တကြည့်ကြည့် လုပ်ပြီး တပြုံးပြုံးသဘောကျနေတာ ကို အမြင်ကပ်တာ နှင့် တနေကုန် အခန်းအောင်းနေလိုက်သည်မှာ လူတောင်တော်တော် ညောင်းသွား၏။ ထိုနောက်ပိုင်းမှ မင်းခန့် တနင်္ဂနွေနားရက် မယူတော့ပါ။ မျိုးမင်းစိုးက သူကြိုတင်ပေးထားသည့် ကတိအတိုင်း မင်းခန့် ကို လက်ဖျားနှင့်ပင် မတို့ပါ။ အနေ အထိုင်ဆင်ခြင်ရှာပါသည်။ ဒါပေမယ့် အကြည့်ကိုတော့ မဆင်ခြင်နိုင်ပါ။ မင်းခန့် နေ ရ အခက်ဆုံးက ဗိုက်ကိုပဲ တကြည့်ကြည့်လုပ်နေခြင်း ဖြစ်သည်။ မင်းခန့် ကိုယ်ပေါ် က မိန်း မသားသဘာဝ အစိတ်အပိုင်းတွေကို ယောင်လို့တောင် မကြည့်ပါ။ ဒီဗိုက်ကိုပဲ ရွှန်း ရွှန်းစား စား လိုက်ကြည့်နေတာ ကြာတော့ အသည်းယားသည်။ အစပိုင်းတုန်းက ဒီအတိုင်း ဆိုရင် သိပ်မသိသာသည့် ဗိုက်က ထမိန်ပြင်ဝတ်ထာ မျိုးဆိုရင်တော့ သာမန်ထက်ပိုပြီးပေါ် လွင် သည်။ အဲဒါကို လာပြီး ငါလုပ်လိုက်တာကွ ဆိုသည့် ကျေနပ်သည့် အကြည့်မျိုးနှင့် ကြည့် တာကို မင်းခန့် မခံနိုင်ပါ။ ပြောရင်လည်း တခါပဲ နားထောင်သည် ဆိုတော့ မင်းခန့် အိမ်မှာ ဆိုရင် ထမိန်နှင့် သိပ်မနေဖြစ်တော့။ ဝတ်စရာ မရှိလို့ ဝတ်ဖြစ်ရင်လည်း မျိုးမင်းစိုး ရှေ့မှာ ပြင်မဝတ်မိအောင် ရှောင်ရသည်။ တစထက် တစ ဗိုက်ကလည်း သိသိသာသာပူလာသည်။ လိပ်ခွံတခု ကပ်ထားသလို ခုံး လာသည့် ဗိုက်ကို စမ်းမိတိုင်း နောက်ထပ် အဆများစွာ ပူလာဦးမည့် အရေးကို တွေးပြီး မင်းခန့် ရင်လေးရသည်။ ရင့်သထက်ရင့် လာရင် ပူလာသည်နှင့် အမျှအောက်ကိုပါ တွဲကျ လာလိမ့်မည်ဟု မာလာက ဆိုသည်။ ခုချိန်ထိတော့ အသားပျော့သော စကပ်တွေ၊ ဘောင်း ဘီ တွေကို ချက်ပြုတ် ဝတ်ရင် ဝတ်လို့ရသေးသည်။ ဒါပေမယ့် ဒီလို ဝတ်လိုက်ရင် ဗိုက်က အပေါ်ကို သပ်သပ် ရောက်သွား ပြီး ကိုယ်ဝန်ရှိနေမှန်း ပိုသိသာလာသည်။ မင်းခန့် မကျေ နပ်ပေမယ့် မျိုးမင်းစိုး ကတော့ ထိုမြင်ကွင်းကို သဘော အကျကြီးကျနေတတ်၏။ ဗိုက်ဖုံး အကျ ႌဝယ်ဖို့လည်း လောဆော်တတ်၏။ “ဆိုင်မှာ မရှိဘူးကွ၊ မာလာက သူအားတဲ့ တရက်လိုက်ဝယ်ပေးမယ်ပြောတယ်” “အေး အေး၊ ပိုက်ဆံ ယူထားလေ၊ အိတ်ထဲမှာ တခါထဲဆောင်ထား၊ မာလာအဆင်ပြေတဲ့ အချိန် ချက်ချင်းသွားဝယ်လို့ ရအောင်” “ငါ့မှာ ဒီလောက်တော့ ရှိပါတယ်ဟ” ဖြစ်နိုင်ရင် မင်းခန့် ဗိုက်ဖုံးအကျ ႌ မဝတ်ချင်ပါ။ လက်ရှိအနေအထားကလည်း အကျ ႌပွပွ လေး တွေ ဝတ်ပြီးနေရင် ရသည်။ ဒါကြောင့် အပြင်မှာလျှောက် မဝယ်တော့ဘဲ ဆိုင်မှာ ရောင်းသည့်ထဲက အပွတွေပဲ ကိုယ့်ဖာသာဝယ်ဝတ် ပြီးအဆင်ပြေနေ၏။ အကျ ႌ အပွတွေ ကြောင့် ဗိုက်သိပ်မပေါ်သည့် အခါ မျိုးမင်းစိုး လည်းထပ်မပြောတော့ပါ။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း- ၄ (ဃ) “ဘယ်လိုဖြစ်တာလဲ ညက မအိပ်ရဘူးလား” ကောင်တာ တခုနားမှာ မှီရင်း ငိုက်နေရာမှ မာလာ့ အသံကိုကြားလိုက်ရ၍ ကမန်းကတန်း မော့ ကြည့်လိုက်မိသည်။ ပြုံးရွှင်နေသည့် မျက်နှာမှာ အပြစ်တင်လိုရိပ်တွေ မတွေ့ရပါ။ “ဟုတ်တယ် မမ၊ ကိုမျိုးမင်းစိုး အပြင်သွားနေတာ ထိုင်စောင့်ရင်း မနက်နှစ်နာရီကျော်မှ အိပ်ရ တယ်” “ဟင်...နောက်ကျမယ် ဆိုလဲသူက သော့လေးဘာလေး ယူသွားပေါ့၊ ငါ့ညီမ အိပ်ရေး ပျက်အောင် လို့ ကိုမျိုးမင်း ကလဲ” “ခါတိုင်း ယူတယ်မမ၊ မနေ့က မေ့သွားတာ၊ သူနဲ့ စင်္ကာပူမှာ အလုပ်တူတူလုပ် တအိမ်ထဲ တူတူနေ ခဲ့တဲ့ သူငယ်ချင်းပြန်ရောက်လာလို့တဲ့” “ကိုယ့်ဖာသာအိပ်ပေါ့ ညီမရဲ့၊ သူလာတော့ ထဖွင့်ပေးလိုက်ပေါ့၊ အခန်းဝ ရောက်ရင် သူ့ ဟန်းဖုန်း နဲ့ အိမ်ဖုန်းကို လှမ်းခေါ်ပြီး တံခါးဖွင့်ခိုင်းလဲ ရတာပဲ” “အဲဒါမေ့ သွားတာ” “ဒါကြောင့် သူ့အပြစ်နဲ့ သူ မနက်တုန်းက နန်းကြီးသုတ်တွေ လာပို့တာကိုး၊ ကဲ ..ကဲ..ဆက် ငိုက်” မာလာက ငိုက်ပါဆိုမှ မင်းခန့် မျက်လုံးတွေကျယ်သွားသည်။ အိပ်ချင်စိတ်တွေ အနည်း ငယ်လျော့ သွားတာကြောင့် ဆိုင်ထဲမှာ ဟိုလျှောက်ဒီလျှောက်လုပ်နေရင်း နည်းနည်း ညောင်း လာတော့မှ ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ ညတုန်းက တီဗွီ ရှေ့မှာ ကြည့်လိုက်ခန ငိုက်သွားလိုက်နှင့် မျိုးမင်းစိုး ပြန်ရောက်တော့ မ နက် နှစ် နာရီ နီးနေပြီ ဖြစ်သည်။ စိတ်ချလက်ချ အိပ်ရတာ မဟုတ်တော့ အိပ်ရေးလည်း မဝ။ မနက်က ဆိုင် ကို လာဖို့တော်တော် အားထုတ်ခဲ့ရသည်။ ညကလာသည့် သူငယ်ချင်းက မျိုးမင်းစိုး နှင့်တော်တော် ရင်းနှီးပုံရသည်။ လာခဲ့မည်ဟု ဖုန်း လှမ်း ဆက်ကထဲက မျိုးမင်းစိုး အူမြူးနေ၏။ အစက အပြင်မှာချိန်းကြဖို့ ဖြစ်သော် လည်း ပန်းအိဖြူကို မြင် ဖူးချင်သဖြင့် အိမ်အထိလိုက်လာ ခြင်းဖြစ်သည်။ ရောက်လာ က ထဲက ထိုပုဂ္ဂိုလ် တော်တော်လေး မှန်နေပြီ ဖြစ်သည်။ လက်ထဲမှာလည်း အထုပ်ကြီး တ ထုပ်နှင့်။ “ရော့ ကိုမျိုး ..မင်းမှာလိုက်တဲ့ ဖိနပ်” လက်ထဲက အထုပ်ကို မျိုးမင်းစိုး ဆီကို လှမ်းပေးနေသော်လည်း မျက်လုံးတွေက မင်းခန့် ကို ခြေ ဆုံးခေါင်းဆုံး ကြည့်နေသည်။ ဆိုင်က ပြန်လာပြီးစ ရေမချိုးရသေးသည့် ပေစုတ်စုတ် ပုံကို တောင် မှ ကြည့်ရင်းနှင့် မျက်လုံးကြီးတွေ အရောင်တောက်လာပြီး နောက် မျိုးမင်းစိုး ကို လက်ဆွဲနှုတ် ဆက်သည်။ “ဒါကြောင့် မင်း ပြန်မလာတာကိုး၊ ကွန်ဂရက်ကျူလေးရှင်း ကိုမျိုး” “ကျေးဇူးတင်ပါတယ်ကွာ၊ ဒါနဲ့ ဖိနပ်ဖိုးက ဘယ်လောက်လဲ၊ အွန်လိုင်းမှာ တွေ့တဲ့ အတိုင်း ပဲလား” “အေး” “ဒေါ်လာနဲ့ ယူမလား မြန်မာငွေနဲ့ ယူမလား” “ဟာ ..ပေးမနေပါနဲ့၊ မင်းတို့ကိုလည်း ငါလက်မဖွဲ့ရသေးဘူး၊ လက်ဖွဲ့တယ်ပဲ ထားလိုက်” “မဟုတ်ဘူးလေကွာ” “ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီလောက်တော့ ငါတတ်နိုင်ပါတယ်ကွာ၊ အသာနေစမ်းပါ၊ မင်း အဆင် သင့်ပဲလား၊ ဂိုးမယ်လေ” “ဂိုးရအောင် မင်းကိုကြည့်ရတာ မှန်နေပြီ၊ ရသေးရဲ့လား” “ဘာလို့ မရ ရမှာလဲ၊ မနက်က လေယာဉ်ပေါ်မှာထဲက အလကားရတဲ့ဟာ စသောက်လာ တာ၊ နေ့လည်က နည်းနည်းထပ်တင်တယ်၊ မှန်ရုံလေးပဲ၊ မပိုဘူး၊ မင်းဆီလာလိုက်တာ နည်း နည်း တောင်ပြန်ကျသွားပြီ၊ ညီမလေး ရဲ့ ကိုကို ကို ခနလောက်ခေါ်သွားမယ်နော်၊ မ ကြာပါဘူး ပြန် ပို့ ပေးမှာပါ” “ခန လိုက်သွားလိုက်ဦးမယ်” မင်းခန့် လက်ထဲ အထုပ်ထိုးထည့်ပြီး မျိုးမင်းစိုး ပြောလိုက်သောကြောင့် “အင်း ..အင်း” “ဘာနဲ့ သွားမှာလဲ” “မင်းကားနဲ့ ပဲပေါ့ဟ၊ ပြီးရင်တော့ ငါ့ပြန်ပို့ပေး” “အိုကေ၊ ပန်း ..ရေ၊ ဟင်းတွေ ချန်မထားနဲ့တော့နော်၊ အပြင်မှာပဲ စားတော့မယ်” “ပန်း တဲ့လား၊ ဒါကြောင့် အိမ်ထဲရောက်ကထဲက မွှေးနေတာကိုး” “အေးကွာ၊ အေးကွာ၊ လာ..လာ သွားမယ်” မင်းခန့် နားလာပြီး အနံ့ခံတော့ မယောင်ယောင် လုပ်နေသောကြောင့် မျိုးမင်းစိုး အတင်း ဆွဲ ထုတ် သွားရသည်။ စင်္ကာပူက သူငယ်ချင်း ဆိုတော့ မင်းခန့် နှင့် ဇာတ်လမ်းဖြစ်ဖူး သည့် သန္တာ့ ခင်ပွန်း များလားဟု မလာခင်ကတွေးမိသေးသော်လည်း ရောက်လာတော့ မင်းခန့် တို့ နှင့် မတိမ်းမယိမ်း အရွယ်သာဖြစ်သောကြောင့် စိတ်နည်းနည်းပေါ့ရသည်။ သန္တာ့ ခင်ပွန်းဆိုရင်တော့ သူက မသိနိုင် ပေမယ့် မင်းခန့် မျက်နှာပူမိမှာ ဖြစ်သည်။ သူတို့ ထွက်သွားပြီးနောက် မင်းခန့် ရေမိုးချိုး အဝတ်အစားလဲကာ ထမင်းစားသည်။ ထမင်း စားပြီး နောက် ခနတဖြုတ် တီဗွီ ကြည့်ဦးမည်ဟု အိမ်ရှေ့ကိုထွက်လာတော့မှ အိမ်ရှေ့ခန်း မှာ ချိတ်ထား သည့် မျိုးမင်းစိုး၏ သော့တွဲကို သွားမြင်သည်။ လောလော လောလော နှင့် မျိုးမင်းစိုး သော့မေ့ ကျန်ခဲ့လေပြီ။ ဖုန်းဆက်ပြီး လှမ်းပြောမည်ဟု စိတ်ကူး ပြီးတော့မှ သိပ် မကြာဟု ပြောသွားတာ သ တိရပြီး ထိုင်စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ပြန်လာယူနိုင် မည် လည်း မဟုတ်သည့် အတွက် ဖုန်း ဆက် မနေတော့ပါ။ ဒီလိုနှင့် စောင့်ရင်း စောင့်ရင်း မနက်နှစ်နာရီ ထိုးသွားသည်။ တံခါးလှုပ်သံကြားရလို့ ချောင်း ကြည့် ပေါက်ကလေးမှ ကြည့်လိုက်ရာ မျိုးမင်းစိုး ကို တွေ့လိုက်ရ၍ တံခါးဖွင့်ပေး လိုက် သည်။ “ဟင် ..မအိပ်သေးဘူးလား” “မင်းမှ သော့ယူမသွားတာ” “အင်... ဟုတ်သားပဲ၊ ဒါကြောင့် ဘောင်းဘီအိတ်ထဲကို စမ်းကြည့်တော့ ဘာမှ မတွေ့ တာ..ဟီး၊ ဟီး” မျိုးမင်းစိုး ကိုကြည့်ရတာ တော်တော်လေး မှန်လာပုံရသည်။ “ငါလဲ .ခန ဆိုပြီးသွားတာ၊ ဟိုသူတောင်းစား မွှေတာနဲ့ ကေတီဗွီ ရောက်သွားတယ်၊ သီ ချင်း မဆို ရရင် မပြန်ဘူးတဲ့၊ အခုတောင် တောင်းတောင်းပန်ပန် နဲ့ပြန်ပို့ခဲ့ရတာ” “ရပါတယ်ကွာ၊ ဒါမျိုးတွေ ငါလဲ လုပ်လာတာပဲ” “ဟင် ..ဒီဟာ မသိမ်းဘူးလား” စားပွဲပေါ်တင်ထားသည့် ဟိုလူယူလာသည့် အထုပ်ကြီးကိုကြည့်ပြီးမေးသည်။ “မင်း ..ဖာသာ သိမ်းပေါ့” “မဟုတ်ဘူး၊ မင်း အတွက် မှာလိုက်တာ၊ မကြည့်ရသေးဘူးပေါ့” “မသိဘူးလေကွာ” မျိုးမင်းစိုး အထုပ်ကို လှမ်းယူပြီးဖွင့် ကာ အထဲက ဖိနပ်ဘူးထုတ်ပြီး မင်းခန့် ဆီလှမ်းပေး သည်။ ဘူး အနေအထားကို ကြည့်လိုက်သည်နှင့် ဒေါက်မြင့်ဖိနပ် ဆိုတာသိ လိုက်သည်။ စီးဖြစ် မှာလည်း မဟုတ်။ မျိုးမင်းစိုး ကို အားနာလို့ ဖွင့်ကြည့်လိုက်ရသည်။ အောက်ခံခုံ နှင့် ဒေါက်က ဖန်သားရောင် အကြည်ဖြစ်ပြီး အပေါ်ကြိုးသိုင်းက အပြာရောင် သားရေဖြစ် သည်။ “အင်တာနက်ထဲမှာ တွေ့တာနဲ့ မင်း ခြေထောက်နဲ့ ဆိုရင် အရမ်းလိုက်မှာပဲ ဆိုပြီး မှာလိုက် တာ၊ စီး ကြည့်ပါ ဦး။ တော်ရဲ့လားလို့” ခွာက သုံးလက်မလောက်ရှိတော့ မင်းခန့် ဆက်တီမှာ ဝင်ထိုင်လိုက်ပြီးမှ ခြေထောက်မှာ စွပ်ကြည့် လိုက်သည်။ ဆိုက်က လုံးဝ ကွက်တိပင်။ မျိုးမင်းစိုး မြင်သာအောင် ခြေထောက် ကို အသာမပြီး ပြ လိုက်တော့ ထမိန်လန်သွားပြီး ပေါ်လာသည့် ပန်းအိဖြူ၏ ခြေထောက် ဖြူဖြူ လေးနှင့် အလွန်လိုက် ဖက်ကြောင်း မင်းခန့် စိတ်ထဲက ကျိတ်ပြီးဝန်ခံ မိသည်။ ဒါပေ မယ့် စီးနေကျတွေထက် မြင့်နေတော့ မင်းခန့် သိမ်းထားရဖို့ ပဲရှိသည်။ “ခြေထောက် နဲ့တော့ ကွက်တိပဲ၊ မင်းလူက တော်သားပဲ” “သူတော်တာ မဟုတ်ဘူး၊ ငါတော်တာ၊ ဆိုက်ပါပြောပြီးမှာလိုက်တာကိုး” မျိုးမင်းစိုး က ဘေးမှာဝင်ထိုင်ရင်း ပြောလိုက်သည်။ “ငါ့သူငယ်ချင်း တော်လာပြီပဲ၊ ဖိနပ် ဆိုက်ကို ဘယ်လိုသိသလဲ” “ဟိုမှာ မင်းဖိနပ်တွေလေ၊ အဲဒီက နံပါတ်ကြည့်ပြောလိုက်တာပေါ့” “ဟုတ်သားပဲ၊ ငါအထင်ကြီးတာ နည်းနည်းစောသွားတယ်” “အေး ..မကြီးပါနဲ့ ကွာ၊ ဖိနပ်ဆိုက် သိပေမယ့် မင်းဝတ်တဲ့ ဘရာစီယာ ဆိုက်မသိဘူးကွ၊ သိရင် မှာလိုက်မလို့၊ မင်းဘယ်ဆိုက် ဝတ်တာတုန်း” “ဟေ့ ကောင် အကောင်းပြောနေရင်းနဲ့ ဖေါက်လာပြီ၊ မင်းကို ဘာဖြစ်လို့ ပြောရမှာလဲ” “မင်း ..အခုဝတ်ထားတာ ဗေဒါရောင် အဖျော့လေးနော်” “မျိုးမင်းစိုး၊ မင်းမူးနေပြီ အကျ ႌအဖြူဝတ်ထားတာ မြင်ရဲ့သားနဲ့ ဗေဒါရောင် ဖြစ်ရလား” “ငါက အောက်က ဟာကိုပြောတာပါ” နည်းနည်း အိုက်သလိုလို ရှိတာကြောင့် မင်းခန့်ဝတ်ထားမိသည့် ချည်သားဘလောက်စ် က တော် တော်ပါးပုံရသည်။ မျိုးမင်းစိုး တော်တော်မူးနေပြီ ဆိုတာလည်း မင်းခန့် သိလိုက် သည်။ သူ့နားမှာ ဆက်မနေချင်တော့ တာနှင့် အမှတ်တမဲ့ထိုင်ရာက အထတွင် တဖက် ထဲ စွပ်ထားသည့် ဖိနပ်ကို မေ့ သွားသည်။ ဟန်ချက်ပျက်ပြီး လဲကျသွား၏။ မျိုးမင်းစိုး လမ်း မှာ ဖြတ်ပြီး ဖမ်းလိုက်နိုင်လို့ ကြမ်း ပြင် ပေါ်ကိုတော့ရောက် မသွား။ မင်းခန့် တကိုယ်လုံး မျိုး မင်း စိုး ရင်ခွင်ထဲ ရောက်သွားသည်။ မျိုးမင်း စိုး က မင်းခန့် ကိုတင်းကြပ်စွာ ဖက် ထား သည်။ “မျိုးမင်းစိုး၊ ဘာဖြစ်တာလဲ၊ ငါ မင်းခန့်လေကွာ၊ သတိထားပါဦး လွှတ်လေ” “သိတယ်၊ ငါသိတယ်၊ ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ ပန်းအိဖြူကိုပဲ မြင်နေတယ်၊ အရမ်း လှတဲ့ ပန်းအိဖြူ” “သိရင်၊ ဒီလို မလုပ်နဲ့လေ၊ ငါမွန်းတယ်ကွ၊ မသောက်ဘဲနဲ့ မူးချင်လာပြီ” တင်းတင်းဖက်ထားတာကို အနည်းငယ်လျှော့ပေးပေမယ့် ဆက်ဖက်ထားသည်။ မင်းခန့် ရုန်း သော် လည်း ခွန်အား မမျှသည့်အတွက် မလွတ်ပါ။ “ခနလေးပါ၊ ခနလေးပါ၊ ခနလောက်တော့ ဒီတိုင်းနေပေးပါ၊ ငါ ..ငါ ..ပန်းအိဖြူ ကို အရမ်း ချစ်ခဲ့တာ ပါ၊ ချစ်လို့ပါ ..ပန်းရယ်” အမောတကောသံကြီး နှင့်ပြောရင်း ပါးချင်း အတင်းထိုးကပ်လာသည်။ မင်းခန့် ကြိုးစား ရှောင်ပေ မယ့် မလွတ်။ ပါးပြင်ကို ရွှတ်ကနဲရွှတ်ကနဲ နမ်းတာခံလိုက်ရသည်။ “ဟေ့ ကောင် မင်း...လွန်” မျိုးမင်းစိုး က နှုတ်ခမ်းကို စုပ်နမ်းလိုက်သောကြောင့် မင်းခန့် စကားဆက်ပြော လို့မရဖြစ် သွား သည်။ အရက်နံ့ ချွေးနံ့တွေ နှင့် မင်းခန့် လှောင်မွန်းကြပ်သွား၏။ ရင်ထဲမှာ အန်ထွက် တော့ မ လို အော်ဂလီ ဆန်လာပြီးနောက်တွင် ခေါင်းထဲမှာ မူးလာပြီး ပျော့ခွေသွား၏။ ရင် ထဲ မှာ တလှပ်လှပ် နှင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ပါ။ ကိုယ်ဝန် ရှိလာမှ ပိုပြီးပြည့် တင်းကာ နူးညံနေသည့် ရင် သားတွေကို အကျ ႌအပြင်ကနေ မျိုးမင်းစိုး လာပြီးဆုပ်ညှစ် သည့် အခါကျမှ ရှိသမျှအားကို စုစည်း ပြီး ရုန်းထွက်လိုက် သော်လည်း မအောင်မြင်ပါ။ လူ သာ တပတ်လည်ပြီး ကုလားထိုင်ပေါ် ထိုင် လျှက် ပြန်ကျသွားသည်။ မင်းခန့် ရှေ့မှာ ဒူး ထောက်ထိုင်ရင်း မျိုးမင်းစိုးက သိမ်းကျုံးဖက်ထား ၏။ အငမ်းမရ အနမ်းတွေ တကိုယ်လုံးကို အတင်းကာရော ကိုင်တွယ်ပွတ်သပ်မှုတွေ ကြောင့် ခေါင်း ထဲမှာ နောက်ကျိလာသည်နှင့် အမျှ မူးဝေလို့လာသည်။ မျိုးမင်းစိုး တတွတ် တွတ် ပြောနေသည့် စကားသံတွေက နားထဲမှာ နီးလိုက်ဝေးလိုက်နှင့်။ “ကေတီဗွီ မှာ ဟိုကောင်က ကောင်မလေး တယောက်နဲ့ ညှိပြီး ငါ့နောက်ဖက် ကကြမ်းပြင် ပေါ်မှာ တင်ဆွဲတာ၊ ငါ့ကို ဟိုဖက်လှည့်နေတဲ့၊ သူတို့ကဆူညံနေတာပဲ၊ ငါ ..ငါ..ဘယ်လို . .ဘယ်လို ..နေရမလဲ၊ သီချင်းလဲ မဆိုတတ်ဘူး” မမျှော်လင့်ဘဲကြုံရသည့် အဖြစ်၏ သွေးထိုးမှု နှင့် အရက်က မျိုးမင်းစိုး၏ ဆင်ခြင်တုံတ ရားကို ဖုံး လွှမ်းသွားပြီထင်သည်။ ရှောင်ဖယ်ထွက်နိုင်သည့် အခွင့်အလမ်း ကို ခေါင်းမီး တောက် မတတ်စဉ်း စားနေစဉ် မင်းခန့် အောက်ပိုင်းတခုလုံး အေးကနဲဖြစ်သွားသည်။ အိမ် နေရင်းမို့ ဖြစ်သလို ဝတ်ထား သည့် ထမိန်ကို မျိုးမင်းစိုး ကွင်းလုံးဆွဲချွတ်လိုက်ပေပြီ။ အ လန့် တကြားနှင့် မျက်စိဖွင့်ကြည့်လိုက် ရာ ပေါင်တံ တွေကြားတွင် မြွေဟောက်ကြီးတ ကောင်လို တရမ်းရမ်း ခေါင်း ထောင်ထနေသည့် မျိုးမင်းစိုး၏ ပစ္စည်းကြီးကို တွေ့လိုက် ရ သည်။ စိတ်ထက်သန်လွန်း နေ သောကြောင့် အကြောတွေခုံးဖုနေကာ အဖျားက တ ဆတ်ဆတ် တုန်ရီနေ၏။ ပန်းအိဖြူ၏ ပေါင်တံဖွေးဖွေးတွေကို မျိုးမင်းစိုး ကဘေးတဖက်တချက်စီ ခွဲတွန်းလိုက်သည်။ ကြုံ ခဲ့ဖူးသည့် နာကျင်မှုတွေကို ပြန်သတိရကာ စိုးရွံ့ထိတ်လန့်ခြင်း ကြီးစွာဖြင့် ကိုယ် အောက်ပိုင်းကို မင်းခန့် ကြည့်လိုက်မိသည်။ အရင်က ငုံ့ကြည့်တိုင်းမြင်ရသည့် ခပ်ကျဲကျဲ ဖြစ်သော်လည်း ရှည် လျား ကောက်ကွေ့သော အမွှေးအုံကို မမြင်ရဘဲ စူမောက်တက် နေသည့် ဗိုက်က ကွယ်ထား သည်။ မင်းခန့် ခေါင်းထဲမှာ အတွေးတခု လက်သွား၏။ “မျိုးမင်းစိုး ..မလုပ်ပါနဲ့၊ ဗိုက်..ဗိုက် ကိုထိမယ်” “ကျော်သက်က ပြောတော့ လုပ်လို့ရတယ်တဲ့” မင်းခန့် က မာလာ့ကို ဆရာတင်သလို မျိုးမင်းစိုး ကိုလည်း ကျော်သက်က ဆရာလုပ်နေ ပုံရသည်။ စိတ်ထဲကနေ ကျော်သက်ကို ကျိတ်ပြီး ကျိန်ဆဲလိုက်မိရင်း “ဒါဆိုလဲ..တားမရ ရင် မင်းသဘောလေ၊ ဒါပေမယ့် ကိုယ်ဝန်တခုခု ဖြစ်သွားရင် ငါ့ အပြစ်မ ဟုတ် ဘူးနော်၊ မင်းတာဝန်ပဲ” အဝနားကို မျိုးမင်းစိုး ဟာကြီးတေ့ လာလို့ ရင်ထဲအေးကနဲ ဖြစ်သွားတာကို ကြိုးစားစိတ် တင်းရင်း မင်းခန့် ပြောလိုက်သည်။ တေ့ထားပြီးမှ မျိုးမင်းစိုး တွန့်သွား၏။ နောက် ကို နည်း နည်း ပြန်ဆုတ် သွား၏။ ဖြစ်နိုင်သည့် အစတခုကိုဆွဲမိပြီဆိုတာသိလိုက်လို့ မင်းခန့် ထပ် ပြီးသံပတ် တင်းလိုက်၏။ “အမှန်ပြောရရင် ပျက်သွားတာကို ငါက ပိုကြိုက်တာပေါ့။ ဒီဗိုက်တလုံးနဲ့ ငါဘယ်လောက် စိတ်ဆင်းရဲရတယ် ဆိုတာ ငါအသိဆုံးပဲ၊ ရှင်း မထုတ်မိအောင် မနည်းစိတ်ထိန်း ထား ရတာ၊ တ ကယ်လို့ မင်းကြောင့် ဖြစ်သွားတာဆိုရင် ငါက ပိုတောင်ကြိုက်သေးတယ်” မျိုးမင်းစိုး ကြမ်းပြင်ပေါ်ဖင်ထိုင်ကျသွားသည်။ သူ့ပေါင်ကြားထဲက ဟာကြီးလည်း ခေါင်း ငိုက် စိုက် ကျသွားပြီးနောက် ခနလေး အတွင်းမှာပင် ပျော့ခွေကျသွားသည်။ “ငါ ..ငါ” “မင်း အရမ်းမူးနေတာ ငါသိတယ်၊ ဟိုလူ လုပ်လိုက်တဲ့ ကိစ္စကြောင့် စိတ်ရိုင်းဝင်လာတာလဲ သိတယ်၊ ပြောစရာရှိရင် နောက်မှပြော၊ အခု သွားအိပ်တော့၊ ငါလဲ သွားအိပ်တော့မယ်” အနိုင်ရလိုက်ပြီဆိုတာ သေချာသွားသည့်နောက် မင်းခန့် ကြမ်းပြင်ပေါ်မှာ ကျနေသည့် ထ မိန်ကို ပြန်ကောက်ယူစွပ်လိုက်ပြီနောက် ကိုယ့်အခန်း ကိုယ်ထွက်လာခဲ့သည်။ အခန်းဝ ရောက်လို့လှမ်း ကြည့်လိုက်ရာ မျိုးမင်းစိုး ကို အခုနက အတိုင်းကြမ်းပြင်မှာ ခြေပစ်လက် ပစ်နှင့် ထိုင်နေဆဲဆိုတာ တွေ့လိုက်ရသည်။ တံခါးကို ချက်သေသေချာချာ ထိုးလိုက်ပြီးနောက် အိပ်ယာထဲ ဝင်ခဲ့သည် အထိ မင်းခန့် ရင် တုန် နေတာ မပျောက်သေးပါ။ မီးပိတ်လိုက်ပြီးနောက် မှောင်ထဲမှာ ဗိုက်ကို အသာ လေး စမ်းကြည့် ရင်း ကျေးဇူးတင်နေမိသည်။ ဒီဗိုက်ကယ်လို့သာ ရွံရှာစရာ အဖြစ်ဆိုးက လွတ်ခဲ့ခြင်းဖြစ်၏။ “မင်းကို ငါ ကောင်းကောင်း ဂရုစိုက်ပါ့မယ်ကွာ” ဗိုက်ကို ပွတ်၍ တီးတိုးပြောလိုက်ရင်း အိပ်ဖို့ကြိုးစားသည်။ တော်တော်နှင့် အိပ်မပျော်။ ခု တိုင်းဆို ရင် မျိုးမင်းစိုး နှင့် ဒီလိုဆက်နေဖို့ အဆင်ပြေပါမလားဟု ရင်လေးနေမိသည်။ မူး လာလို့ဟု ဖြေတွေးရန် ရှိပေမယ့် လူငယ်လူရွယ် ယောက်ျားသား တယောက်အနေနှင့် ဒီ လိုပဲ မူးဖို့ အခြေ အနေ တွေက မကြာမကြာကြုံနေဦးမည်ပင်။ ဘယ်နှစ်ခါ လွတ်အောင် ရှောင်နိုင်မလဲ ဟု ပူပန်ရင်း မိုးလင်းလုလုမှ အိပ်ပျော်သွားသည်။ မင်းခန့် နိုးလာတော့ဆိုင်သွားဖို့ တောင်နောက်ကျနေပြီ ဖြစ်သည်။ အိမ်ရှေ့ကို လှမ်းကြည့် လိုက် တော့ ငူငူကြီး ထိုင်နေသည့် မျိုးမင်းစိုး ကိုတွေ့လိုက်ရသည်။ “ငါနောက်ကို အရက်လုံးဝ မသောက်တော့ပါဘူး၊ မင်းခန့် ရာ” မျိုးမင်းစိုး ဘယ်အချိန်က နိုးနေသည် မသိပါ။ သူ့ကိုဂရုမစိုက်ဘဲ ဆိုင်သွားဖို့ ခပ်သုတ် သုတ်ပြင် ဆင်ပြီး ထွက်လာတော့ ထပ်တောင်းပန်သည်။ “နောက် .မဖြစ်စေရပါဘူးကွာ၊ ငါ ကတိပေးပါတယ်” “အေးလေ၊ ကြည့်သေးတာပေါ့၊ နောက်ကျနေပြီဆိုတော့ ဆိုင်ကိုပဲတန်းသွားတော့မယ်” “အေးအေး၊ လိုက်ပို့မယ်လေ” လမ်းမှာ မျိုးမင်းစိုး က ထပ်တောင်းပန်ပြန်သည်။ “တော်ပါပြီ၊ မင်းပြောနေတာ ဘယ်နှစ်ခါမှန်း မသိတော့ဘူး၊ သိပ်မပြောပါနဲ့ကွာ၊ အလုပ်နဲ့ပဲ သက် သေပြစမ်းပါ” “စိတ်ချ၊ မင်းကြည့်နေပါ၊ ငါကတိတည်ပါတယ်” မင်းခန့် က စကားမဆက်တော့၍ မျိုးမင်းစိုးလည်း ငြိမ်သက်သွားသည်။ ဆိုင်မှာ မင်းခန့် ကို ချထား ပေးခဲ့ ပြီးနောက် မနက်စာမစားရသေးသည့် အတွက်ဟု ဆိုကာ လဘက် ရည်နှင့် နန်းကြီးသုတ် လာ ပြန်ပို့ပေးသည်။ ပြီးသည်နှင့် သူလည်း နောက်ကျနေပြီဖြစ်လို့ သူ့ အ လုပ်ဆီကို ကမန်းက တန်း ထွက်သွားသည်။ “ညီမလေး” “ဟင်..ရှင် ..မမ” “သိပ်ပင်ပန်းနေရင် အပေါ်တက်ပြီး နားချင်နားပါလား၊ ဒါမှ မဟုတ်လည်း အိမ်ပြန်ပြီး အိပ် ချင် လည်း အိပ်လိုက်၊ အမေ လုပ်တဲ့သူက အအိပ် အနေနည်းရင် ကလေး အတွက်လဲ မ ကောင်း ဘူး ကွဲ့၊ အမဒီနေ့ တနေ့လုံးအားတယ်” အပေါ်တက်ပြီး အဖိုးကြီး အဖွားကြီးတွေ ဆီမှာ မနားချင်။ အိပ်လည်းအိပ်ချင် လူကလည်း အရမ်း နွမ်းနယ် နေတာကြောင့် အိမ်ပြန်ဖို့ ပဲဆုံးဖြတ်လိုက်သည်။ “ဒါဆိုလည်း မမ အဆင်ပြေရင် အိမ်ပြန်ချင်တယ်” “ပြန်လေ၊ ရပါတယ်၊ အိမ်ရောက်မှ ပြန်ရောက်နေပြီဆိုတာ ကိုမျိုးမင်း ကို ဖုန်းဆက်လိုက် ပေါ့” “ဟုတ်ကဲ့၊ ဟုတ်ကဲ့” အိတ်ကလေး ဆွဲပြီး ပြန်လာတော့ ဒီနေ့ခင်းမှ ကားတွေက ရှားနေသည်။ သွားရမှာက လည်း သုံး မှတ်တိုင် လောက်ပဲဆိုတော့ လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်၏။ မနက်က ဗရုတ်သုတ်ခ နှင့် ဆိုတော့ အိမ်မှာ မျိုးမင်းစိုး ဘာမှ ချက်ထားဖြစ်မည် မထင်ပါ။ ထို့ကြောင့် သွားရင်း လာရင်း နှင့် နေ့ လည်စာ ဝယ်စားလို့ ရနိုင်သည်။ ကားမစီးတော့ဟု ထွက်လာမှ ကားက ရောက်လာသည်။ တခါတလေတော့လည်းကံကြမ္မာ ဆိုတာ ဒီလိုပဲ ဖြစ်တတ်သည် ဟုတွေးရင်း မင်းခန့် လမ်းပဲလျှောက်ခဲ့သည်။ အစပိုင်းမှာ နေ နည်း နည်း ပူပေမယ့် တဖြည်းဖြည်းနှင့် တိမ်တွေထူလာပြီး နေရောင်ပျောက်သွား၏။ လေ အေးအေး လေး လည်းတိုက်လာသည့် အခါ အိပ်ချင်စိတ်ပြေပြီး နည်းနည်းလန်းလာသည်။ ခေါင်းကြည်လာ သည့် အခါ ဟိုဟိုဒီဒီ မျက်စိကစားရင်း လှပသော မြင်ကွင်းလေး တခု ကြောင့် မင်းခန့် ရင်ခုန် သွား ၏။ မင်းခန့် ရှေ့ ဆယ်ပေလောက် အကွာတွင် မိန်းကလေး တယောက်သွားနေသည်။ ဝတ် ထား သည့် ထမိန်စကပ် က တင်းကြပ်လွန်းသည့် အတွက် ပြည့်ပြည့်ဖြိုးဖြိုး နှင့် အ ချိုးကျ လှပသည့် တင်ပါး တွေက အသက်ရှူမှားလောက်သည်။ နက်မှောင်ထူထပ်သည့် ဆံပင် ရှည်တွေကို ကျောလည် လောက်မှာ ပဝါနှင့်စည်းထားပြီး ဆံပင် အဖျားက နိမ့်ချည်မြင့်ချည် စည်းချက်ကျကျ လှုပ်ရှားနေ သော တင်ပါး နှစ်ဖက်ပေါ်တွင် နာရီချိန်သီးတခုလို မှန်မှန် လှုပ်ရှားနေသည်။ ဘယ်ဖက် တင်ပါး မို့မို့ ကိုဆံပင်ဖျားလေးက ထိ ရိုတ်လိုက်၊ ညာဖက် တင်ပါးမို့မို့ကို ထိနမ်းလိုက်နှင့် ကြည့်လို့ ကောင်းသည့် မြင်ကွင်း နောက်ကို မျောလိုက်ရင်း နေ့လည်စာ ကိစ္စကိုတောင် မေ့နေသည်။ ကိုယ့်အာရုံနှင့် ကိုယ်ဖြစ်နေတော့ အနားကိုရောက်လာသည့် အန္တရယ်ကို မင်းခန့် သတိ မ ထားမိလိုက်ပါ။ ဖြန်းကနဲ အသံနှင့် အတူ ပါးတဖက် ထူပူသွားပြီး မျက်လုံးထဲမှာ မီးဝင်း ဝင်း တောက်သွား၏။ လမ်းပေါ်ကို ပုံလဲကျမသွားအောင် ဟန်ချက်ကိုမနည်းကြိုးစား၍ ထိန်း လိုက်ရသည်။ “ချစ်စု၊ ချစ်စု ..လွန်မယ်နော်” ဆူဆူညံညံ ရုတ်ရုတ်သဲသဲ အသံတွေကြောင့် လှည့်ကြည့်လိုက်ရာ လက်သီးလက်မောင်း တန်းကာ စူးစူးဝါးဝါး အော်ဟစ်နေသော ချစ်စု နှင့် ညီမလုပ်သူကို မနိုင်မနင်း အတင်း ဆွဲ ထားသည့် မမြတ်စုကို မြင်လိုက်ရသည်။ ချစ်စု၏ မျက်လုံးက မီးဝင်းဝင်းတောက်နေပြီး ပိန် ပိန်းပါးပါး မမြတ်စုခမျာ လည်းသူမ၏ ရုန်းအားကြောင့် တကိုယ်လုံးယိမ်းထိုးနေ သည်။ “နင့် ကို ငါသတ်မယ်၊ ငါ့ အဖေကို သေအောင်လုပ်တဲ့ဟာမ၊ မိန်းမယုတ်၊ ပိုင်းလုံးမ၊ ဖါ သည်မ” ချစ်စုက သူမ၏ အသံသေးသေးလေး နှင့် ဒေါသတကြီးအော်ဟစ်နေ၏။ “မလုပ်ပါနဲ့ ညီမလေးရယ်၊ ဒီလိုဟာနဲ့ ဖက်မဖြစ်ပါနဲ့၊ မတန်ပါဘူး” “ဒီဟာမ ကြောင့် ဖေဖေ သေတာ မမရဲ့၊ ဟီး..ဟီး ..ဒင်းကြောင့်” သူတို့၏ ဂုဏ်ရည်အဆင့် အတန်းမျိုးကိုမှ မထောက်ဘဲ လမ်းလည်ခေါင်မှာ အော်ဟစ်ပြော ဆိုနေသော ချစ်စုကို ကြောင်ငေးကာကြည့်နေရင်း ဖေဖေ သေတာဆိုသည့် စကားကြောင့် အမှတ်တမဲ့ မေးလိုက်မိသည်။ “ဘာ …ဦးလှထွန်းအောင် သေပြီဟုတ်လား” “နင် ..နင်..ဘာအခုမှ ဘာမသိချင်ယောင်ဆောင်နေတာလဲ၊ ငါ့အဖေ နှလုံးရောဂါရှိမှန်း သိ သိ နဲ့ နင်ဘာတွေ ရောဂါထပ်ပေးလိုက်သလဲ၊ နင်မသိဘူးလား၊” “မသိဘူး၊ မသိလို့ပြောနေတာပေါ့၊” “နင် ဘယ်လိုနည်းနဲ့ ငါ့အဖေကို ခေါ်လိုက်တာလဲ၊ ဒီလောက်စောင့်ကြည့်နေတဲ့ ကြားထဲက နင်မခေါ်ပဲ ဖေဖေ သွားမလား” “ဘယ်သူ့ကိုမှ လည်းမခေါ်ဘူး၊ ဘယ်သူနဲ့မှလည်း မပတ်သက်ဘူး၊ ဒါအမှန်ပြောတာပဲ” “ကြည့်ပါဦးမမ၊ ဗြောင်လိမ်နေလိုက်တာ အရှက်ကိုမရှိဘူး၊ ဒီကောင်မကို ချစ်စု သတ်မိ တော့ မယ်” “သတ္တိရှိရင် လာသတ်လေ၊ ဆွဲတဲ့လူရှိလို့ လေကျယ်မနေနဲ့” ပန်းအိဖြူ ကိစ္စသည် မင်းခန့် နှင့်ဘာမှ မဆိုင်ပါ။ မဆိုင်ဘူးဆိုသော်လည်း ငြင်းလို့လည်း မရလို့ တတ်နိုင်သလောက် ငုံ့ခံနေသူကိုမှ တဖက်စီးနင်း အတင်းပြောချင်နေသော အခါ မင်း ခန့် စိတ်ကို ထိန်းချုပ်မထားနိုင်တော့ဘဲ ပြန်အော်လိုက်မိသည်။ ဆေးကုပေးခဲ့သည် ဆိုသည့် ကျေးဇူးကိုပင် ထောက်ထားလိုစိတ် မရှိတော့ “ကြည့်စမ်း၊ မမ၊ တွေ့လား၊ ကောင်မလူပါးဝနေတာ၊ နင်..နင်..တော့နော်” မမြတ်စု ဆွဲထားသည့်ကြားထဲကနေ ချစ်စု ကျားမတကောင်လို လွတ်ထွက်လာပြီး မင်းခန့် ဆီ တဟုန်ထိုးရောက်လာ၏။ သူမ၏ အသံသေးသေး ကလေးနှင့် လည်းဘာတွေမှန်း မသိ စူးစူးဝါးဝါး အော်လာ၏။ မျက်နှာကိုကုပ်ခြစ်သည့် လက်သည်းတွေကို ရှောင်လိုက်နိုင် သော် လည်း ဆံပင်ကို ဆွဲမိသွားသည့်အခါ ကိုယ်တခြမ်းစောင်းပြီး ချစ်စုရင်ခွင်တွင်း သို့ ရောက်သွားတော့သည်။ ဆွဲမိဆွဲရာ ဆွဲရင်း ချစ်စု ခါးကို ဖက်လိုက်မိသည်။ ချစ်စု ကလည်း မင်းခန့် ကို အတင်းဖက်ပြီး လူချင်းပူးကာ တိုက်ခိုက်ဖို့ ကြိုးစားရင်း အားပြိုင်နေစဉ် “ချစ်စု၊ ချစ်စု၊ လူတွေနဲ့ မကောင်းဘူးညီမလေး၊ ဒီကောင်မ က ညီမလက်နဲ့ မတန်ပါဘူး” မမြတ်စုက ချစ်စုကို ဝင်ဆွဲသည့် အခါ ဝရုန်းသုန်းကားတွေပိုဖြစ်ပြီး ချစ်စုလဲကျသွား၏။ သုံး ယောက်မှာကိုယ်ခန္ဓာ အကြီးဆုံး ချစ်စုလဲကျသည့် အခါ အတင်းဖက်ထားသည့် မင်းခန့် လည်းပါသွား၏။ အသေးသွယ်ဆုံး ဖြစ်သော မမြတ်စုသာ လဲမကျအောင်ရှောင်လိုက်နိုင် သည်။ မင်းခန့် နှင့် ချစ်စုကတော့ သုံးလေးပတ်လောက် အတွဲလိုက်ကြီးလိမ့် သွားသည်။ “လုပ်ကြပါဦး၊ လုပ်ကြပါဦး” မမြတ်စု၏ အော်သံကို စီစီညံအောင်ကြားရတာ အပြင် မင်းခန့် ဘာကိုမှမသိ။ ဘာမှလည်း မမြင်ပါ။အိပ်ရေးပျက်ထားလို့ ရီဝေနေသောဦးခေါင်းက လဲအကျမှာ ဘာနှင့် ဆောင့်မိသည် မသိ မင်းခန့် တော်တော်မူးသွားသည်။ အမူးအနည်းငယ်ပြေသလို ဖြစ်သွားချိန်တွင် အခြေ အနေကို အကဲခပ်လိုက်တော့ ခွန်အားသာသည့် ချစ်စုက မင်း ခန့်ကိုယ်ပေါ်မှာထိုင်ပြီး မိမိ ရရ ချုပ်ကိုင်ထားလိုက်လေပြီ။ “အရှက်မရှိတဲ့ မိန်းမယုတ်၊ ကဲ ..ဟယ်” ပါးရိုတ်တာကို လှိမ့်ရှောင်လို့လည်းမရ၊ လက်နှင့် ကာဖို့ကလည်း လက်တွေက ချစ်စု၏ ဒူးကြီးနှစ်လုံး အောက်မှာရောက်နေသည်။ အလန့် တကြားနှင့် မျက်စိကို မှိတ်ထားလိုက် သော်လည်း ရိုတ်ချက်က မျက်နှာပေါ်ရောက်မလာလို့ ကြည့်လိုက်ရာ ချစ်စု၏ လက်ကို မဲမှောင် သည့် လက်တခုက ဆွဲထားသည်။ နောက်ထပ် မင်းခန့် မြင်ရတာက မဲညစ်ညစ် ခြေသလုံးတုတ်တုတ်ကြီး တွေနှင့် အိတ် တွေ အများကြီးပါသည့် ကာကီရောင် ကွာတားဘောင်းဘီ။ ထိုအပေါ်က အဖြူရောင် တီ ရှပ် နှင့် နေလောင်ထားသည့် နီကြောင်ကြောင် ဆံပင်ရှည်တွေ။ ဖောသွပ်သွပ် မျက်နှာ ကို အပြည့် အဝ မမြင်ရသော်လည်းမင်းခန့် မှတ်မိသည်။ ထီးပြင်တဲ့ လူဘယ်အချိန်က ရောက် လာမှန်း မသိလိုက်ပါ။ “ဟဲ့ မသာ ငါ့လက်ကို လွှတ်စမ်း” “ဘာလို့ လွှတ်ရမှာလဲ၊ ခင်ဗျားအရင်ထပါ” “ဒီဟာမ က နင့် မယားမို့လို့လား၊ ငါ့ကို လာမဆွဲနဲ့၊ နင့်လက်ကြီးကလဲ ..အမယ်လေး ရွံစရာ ကောင်းလိုက်တာ၊ အခုလွှတ်လိုက်စမ်း သူတောင်းစားရဲ့” “ကဲပါ ညီမလေးရယ်၊ လာပါ၊ လူတွေဝိုင်းကြည့်နေပြီ၊ သွားကြရအောင်၊ သူ အရှက်မရှိပေ မယ့် တို့က သူ့လို အဆင့် မဟုတ်ဘူး၊ မမ ကို သနားပါ ချစ်စုရယ်၊ မမ မျက်နှာကို ထောက် ပါဦး” မမြတ်စုနှင့် ထီးပြင်တဲ့လူ အတင်းဆွဲထူလိုက်၍ ချစ်စုပါသွားသည်။ သူတယောက်ထဲဆိုရင် ချစ်စုကို ဆွဲဖို့ မလွယ်။ ထီးပြင်တဲ့လူ ဝိုင်းဆွဲပေးလို့ ပြန်ပါသွားခြင်း ဖြစ်သည်။ မင်းခန့် လည်း အပေါ်က ဖိထားတာ ကနေလွတ်မြောက်သည်နှင့် ထထိုင်ဖို့ ကြိုးစား၏။ တော်တော် နှင့် ထလို့မရ၊ ထီးပြင်တဲ့လူက တွဲထူတော့မလိုလို လက်ပြင်ပြီးမှ တွန့်ကနဲပြန်ရုတ် သွားသည်။ သူ ကုန်း ကုန်းကြီး ရပ်နေဆဲ မိန်းမတ ယောက် အနားကိုရောက်လာပြီး မင်းခန့်ကို တွဲထူ ပေး၏။ တွဲထူလိုက်သည့် မိန်းမ လက်က နာနတ်သီးနံ့ တထောင်းထောင်း ထနေသည်။ လမ်း ဘေး မှာ နာနတ်သီးရောင်းသည့် ဈေး သည်ဖြစ်မည် ဟုတွေးရင်း မင်းခန့် အားတင်း ထလိုက်၏။ “ဘယ်နားနာ သွား …ဟာ ..ပလုပ်တုတ်၊ ငုတ်တုတ်၊ ဘုရားကြီးကြွ” ချစ်စုနှင့် လုံးရင်းထွေးရင်း ထမိန်ပြေသွားတာကို မင်းခန့် သတိမထားမိသည့် အတွက် မတ် တပ် ထရပ်လိုက်တာနှင့် အောက်ကိုကွင်းလုံးပုံကျသွားသည်။ အနက်ရောင်ပင် တီသေး သေး လေးကလွဲပြီး ကိုယ်အောက်ပိုင်းတခုလုံးဟင်း လင်းဖြစ်သွားသည်။ ထူပေးသည့်ဈေး သည်ခမျာလည်း မင်းခန့်ကို ပွေ့ထားသောကြောင့် မဆွဲလိုက်နိုင်ပါ။ ပါးစပ်က ပေါက်က ရ တွေ ကယောင်ကတန်း ပြောပြီး ယောင်ရုံမှ အပ မကူညီ လိုက်နိုင်။ ထီးပြင်တဲ့ လူလည်း ပါးစပ် အဟောင်းသားကြီး နှင့် ကြောင်တောင်တောင်ငေးနေပြီး မှ ကပျာကယာ မျက်နှာလွှဲ သွားသည်။ သူတယောက်ထဲ မျက်နှာလွှဲသွားတာနှင့် မင်းခန့် အတွက်ကမပြီးပါ။ အနားမှာရှိသမျှလူ အ ကုန်လုံးက ဒီမြင်ကွင်းကို မြင်သွားကြလေပြီ။ မိုးမွှန်အောင်ရှက်သည် ဆိုတာ ဒါမျိုးပဲ ဖြစ် လိမ့် မည်ထင်သည်။ မင်းခန့် မျက်လုံးထဲမှာ ဘာဆိုဘာမှ မမြင်ရတော့။ ကိုယ်ကိုကိုင်း ကာ ဒူးညွှတ်ပြီး ထမိန်ကိုပြန်ကောက်၍ ခါးမှာ ဖြစ်သလိုပတ်လိုက်ပြီး နောက်ထိုနေ ရာက သုတ် ကနဲပြေးထွက်လာမိသည်။ ပြေးထွက်ချိန်မှာ နားထဲတွင် တဖျောက်ဖျောက် အသံ တွေမြည် သွား ပြီး အကျ ႌရင်ဘတ်ပွင့်ထွက်သွား၏။ “အပေါ်ရော အောက်ရော အနက်ပဲနော်” ဘယ်ကမှန်းမသိ နားထဲကို တိုးဝင်လာသည့်အသံတခုကို ကြားရပြီးနောက်တွင် အကျ ႌ ရင် ဘတ်ကို လက်နှင့်ဆွဲစေ့ ရင်း ခြေလှမ်းတွေ၏ အရှိန်ကို ပိုတင်မိသည်။ နောက်က အော် နေ သံတွေလည်းကြားရ၏။ မိန်းမသံတွေကြားမှာ ထီးပြင်တဲ့လူ၏ အသံလိုလိုလည်းကြား ရ ပေမယ့် လှည့်မကြည့်နိုင်တော့ပါ။ သွားနေရင်းနှင့် အကျ ႌကြယ်သီးတွေကို လက်နှင့် စမ်း ပြီးတပ်နေခိုက် ပါးစပ်ထဲမှာ ငန်သလိုလိုဖြစ်လာသည်။ ကြယ်သီးတွေတပ်ပြီးသွားတော့ မျက်နှာကို လက်နှင့် ပွတ်ကြည့်မိသည်။ မျက်လုံးထောင့် က စီးကျလာ သည့် ရေစီးကြောင်း လေးတခုက ပါးစပ်ထဲကို စီးဝင်လာခြင်းဖြစ်၏။ ငိုနေမိသည် ဆိုသည့်အသိကြောင့် မင်းခန့် ခြေလှမ်းတွေ လေးလံသွားရသည်။ ပန်းအိဖြူ ဆိုသည့် မိန်းကလေးတယောက်၏ ဘဝကို ရောက်ခဲ့ပြီးမှ အခက်အခဲ အကြပ်အတည်း တွေ၊ ဝမ်းနည်းစရာတွေ အကြိမ်ကြိမ်ကြုံခဲ့ပြီးပါသည်။ မျက်ရည်ကျသည် အထိအောင် တ ခါမှ မဖြစ်ခဲ့ဖူးပါ။ ဒါပေမယ့် ဒီတကြိမ်ထိချက်ကတော့ ပြင်းလွန်း၏။ ကွဲခဲ့ရသည့် အ ရှက်က ကမ်းကုန်ခဲ့ပြီ။ မိန်းကလေး တယောက်၏ အဖြစ်ကိုအသာထား ယောက်ျားတယောက်အ နေနဲ့ တောင်မှ ရှက်ဖို့ ကောင်းသည့် အခြေအနေမျိုးဖြစ်၏။ ဒီလောက်တောင် ရှက်ခဲ့ပြီး မှ တော့ ကိုယ့်ဖာသာတောင်မသိဘဲ ကျခဲ့သည့် မျက်ရည်တွေအတွက် ရှက်ချင်စိတ်မရှိတော့ ပါ။ “မြန်လိုက်တာဗျာ၊ မနည်းလိုက်ရတယ်” အနားကို ထီးပြင်တဲ့လူမောကြီးပန်းကြီးရောက်လာသည်။ သူ့လက်ထဲမှာ ကိုင်ထားသည့် လက်ကိုင်အိတ် ကိုမြင်လိုက်ရချိန်မှာ တော့ မင်းခန့် ရှက်ဖို့ မေ့ပြီးအိတ်ကို အတင်းဆွဲ ယူ ကာ အထဲကတစ်လျှူးထုပ် ယူပြီး မျက်ရည်တွေကို ကမန်းကတန်းသုတ်မိ၏။ အမှန်အ တိုင်းပြောရရင် ထီးပြင်တဲ့လူကိုတော့ မင်းခန့် သိပ်မရှက်ပါ။ ရေချိုးရင် လာလာ ချောင်း တာ ကို ကြုံထားရလို့လားတော့ မပြောတတ်ပါ။ အိမ်နားလည်း နီးနေပြီဖြစ်တာကြောင့် ထီးပြင် တဲ့လူ စိုက်ကြည့်နေတာကို ဂရုမစိုက်တော့ဘဲ မျက်နှာပေါ်က မျက်ရည်စက်တွေ ကိုပဲ ခြေ စုံရပ်ပြီးသုတ်နေမိ၏။ “အခုနက ကျွန်မ အကျ ႌကိုဘယ်သူဆွဲတာလဲ” “အမ ကိုထူပေးတဲ့ မိန်းမလေ၊ သူကကြယ်သီး ပြုတ်နေလို့ တပ်ပေးမလို့ လုပ်နေတုန်း အမ ကထွက်ပြေးလို့ ဖြစ်သွားတာပါ၊ အိတ်ကျန်ခဲ့ လို့ ခေါ်တာလဲ အမက ပြန်မလှည့် တော့ ကျွန် တော် နောက်ပြေးလိုက်လာရတာ” “ဟို ..ဘယ်လိုက ဘယ်လို ရောက်လာတာလဲ” “ကျွန်တော် ကားပေါ်က ဆင်းလာတော့ အမ မှတ်တိုင်ကနေထွက်သွားတာ မြင်တယ်လေ၊ အဲ ..အဲဒါ” ထီးပြင်တဲ့လူကို မင်းခန့် ကြည့်လိုက်မိသည်။ ဖော သွပ်သွပ် မျက်နှာနှင့် နီကြောင်ကြောင် မျက်လုံးတွေကတော့ အရင်အတိုင်းပင်။ အရက်နံ့ တော့မရ။ မောနင်း ပက်ထားပုံမရ။ အ ဖြူရောင်တီရှပ်၏ ရင်ဘတ်တွင် ဦးထုပ်တစောင်း ဆောင်းထားသည့် နှုတ်ခမ်းမွှေး မုတ် ဆိတ် မွှေးတွေ နှင့် လူတယောက်၏ ပုံ ပါသည်။ ဒီလူ၏ ပုံကို ဟိုနားဒီနား မှာ တွေ့ဖူး သည်။ ကျော်ကြားသူတယောက် ဖြစ်ပုံရ သည်။ မင်းခန့် ကတော့ ဘယ်သူမှန်း မသိပါ။ ကြည့်ရတာ မင်းခန့်ကိုတွေ့တာနှင့် ထီးပြင်တဲ့လူ နောက်က တိတ်တိတ်လိုက်လာပုံရသည်။ ချစ်စုနှင့် စကားများကြတော့လည်း သူ့ ကို မမြင်အောင်လျှိုနေ ပြီး မင်းခန့် ခံရတော့မှ မ တတ်သာဘဲ ထွက်လာပြီး ကူညီတာဖြစ်ရမည်။ “ကျေးဇူးတင်ပါတယ်၊ အခုလို ကူညီတာ” “ရ ..ရပါတယ်၊ အိမ် နီးချင်းတွေပဲ ကူညီရမှာပေါ့” “ဟို မိန်းမတွေရော ဘယ်လိုကျန်ခဲ့သလဲ” “သူတို့ အသိထင်တယ်၊ မိန်းမ တယောက်နဲ့ ယောက်ျားတယောက် ရောက်လာပြီး ဆွဲ ခေါ်သွားကြတယ်” သူတို့တွေက ဘယ်သူတွေလဲ ဘာဖြစ်ကြတာလဲ ဆိုတာမျိုးမေးမလာသည့် အတွက် ထီး ပြင်တဲ့လူကို စိတ်ထဲကနေကျိတ်ပြီး ကျေးဇူးတင်မိသည်။ “ဒါနဲ့ ကျွန်တော်လဲ အိမ်ပြောင်းသွားပြီသိလား၊ အရင်အိမ်မှာ မဟုတ်တော့ဘူး” “ဟုတ်လား၊ ဘယ်တုန်းကလဲ” “အမ သွားပြီး တလလောက်ကြာတော့ တောင်ဥက္ကလာ ရောက်သွားတယ်၊ ပြီးတော့ ဟို ဒင်းလေ ..အမ..” တခုခုပြောမလိုလို လုပ်ပြီးမှ ရပ်သွား၍ စကားဝင်ထောက်ပေးလိုက်သည်။ “ဘာတုန်းပြောလေ” ထီးပြင်တဲ့လူ၏ လက်တဖက် မရဲတရဲနှင့် မြောက်တက်လာပြီး မင်းခန့် ဗိုက်ကို တုန်တုန် ရီ ရီ ဖြင့် လက်ညိုးထိုးပြပြီး “ဟို ..ဒါက ..အဲ ..ဟို ...အမ ..အိမ်ထောင်ကျသွားပြီလား” ကြည့်ရတာ ထမိန်ကျွတ်ကျကထဲက ထီးပြင်တဲ့လူ မြင်သွားပုံရသည်။ ဒါလောက် ရှင်းရှင်း လင်းလင်း မြင်ကွင်းမျိုးကို မျက်နှာလွှဲသည့်တိုင် မလွှဲခင်တော့ မြင်မည်ပင်။ ညင်းဆန်နေ စရာ လည်း အကြောင်းမရှိတာကြောင့် “ဟုတ်တယ်” “အော်” ခေါင်းတဆတ်ဆတ် ညိတ်ပြီး မျက်နှာလွှဲသွားသည်။ ပြီးတော့မှ ပြန်လှည့်လာကာ “ကား ..ကား ... ကားနဲ့ လာတဲ့လူလား” သူဘာဆိုလိုသည်ကို မင်းခန့် နားလည်ပါသည်။ ထီးပြင်တဲ့ လူအတွက် သူနာမည် မသိ သည့် မျိုးမင်းစိုး သည် ကားနှင့်လာတဲ့လူပဲ ဖြစ်လိမ့်မည်။ မင်းခန့် ခေါင်းညိတ်ပြလိုက်တော့ ထီးပြင်တဲ့ လူ မြေပြင်ကို စူးစိုက်ကြည့်နေရင်း အနည်းငယ် ပြုံးလိုက်တာ မြင်ရသည်။ ပြီး တော့မှ “ကောင်းပါတယ်၊ ဝမ်းသာပါတယ်၊ သူက လူကောင်းတယောက်ဆိုတာ အမ ဆီလာလာ နေ ကထဲက အကဲခတ်မိပါတယ်။ အမ အပေါ်မှာလဲ ကောင်းမှာပါ၊ ဟုတ်တယ် မဟုတ် လား” “ဟုတ် .ဟုတ်ကဲ့၊ သူက သဘောကောင်းပါတယ်” “အမ ကတော့ အခြေကျသွားပြီပေါ့၊ ကိုယ့်အပေါ်ကောင်းတဲ့ လူနဲ့ လက်ထပ်ရတယ်၊ ရင် သွေး ကလေးလဲ ရတော့မယ်၊ ကောင်းပါတယ်၊ လူဆိုတာ တယောက်ထဲနေတာထက် ကိုယ့်အသိုင်းအဝိုင်း မိသားစုလေးနဲ့ ပိုနေသင့်တာပေါ့၊ အထူးသဖြင့် အမ လို လှတဲ့မိန်း ကလေး တယောက်အတွက် လုံခြုံတဲ့ဘဝမျိုး လိုအပ်ပါတယ်။ ကျွန်တော် ကတော့ အ သိုင်းအ ဝိုင်း အပြင်ကို သွားတော့မယ်” “ဘယ်လို၊ ဘယ်လို” “ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ရဲ့ အသိုင်းအဝိုင်း အပြင်ကိုပေါ့၊ ကျွန်တော် ကာတာ ကိုသွားတော့ မယ်လေ၊ ကိုယ့်နိုင်ငံ ရဲ့ စည်းအပြင်ဖက်ကိုပေါ့” “စည်းပြင်ကို တကယ်ထွက်တော့မယ်ပေါ့၊ ဘာသွားလုပ်မှာလဲ၊ ထီးပြင်မှာလား” နှစ်ယောက်လုံး ပေါ့ပါးလွတ်လပ်စွာရယ်မိကြသည်။ အခုနကြုံခဲ့သည့် စိတ်အနှောက် အ ယှက် တွေ မင်းခန့် ဆီက အခိုက်အတန့် ကင်းလွတ်သွားသလိုရှိသည်။ ထီးပြင် တဲ့လူပုံစံက လည်း စိတ်မကောင်းသလိုလို အမူအရာ မျိုးမဟုတ် တော့ဘဲ အနည်းငယ် ကြည်လင် လာ သည်။ အခုလေးတင် လမ်းမပေါ်မှာ ပါးရိုတ်ခံခဲ့ရသူကို လုံခြုံတဲ့ ဘဝဟု တင်စားတာ က မင်းခန့် အတွက် ပိုပြီးရယ်ဖို့ ကောင်း၏။ “ရေနံတွင်းမှာ လုပ်ရမယ်ပြောတာပဲဗျာ၊ ဟိုရောက်လို့ မဟုတ်လဲ အကြောင်း မဟုတ်ပါ ဘူး၊ ကဲ ..အမ ကို တခါထဲ နှုတ်ဆက်တယ်ဗျာ၊ သဘက်ခါ ဆိုရင် ကျွန်တော်သွားပြီ” “အော် ..ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်” “ဒါနဲ့ အမ ဘယ်သွားမှာလဲ” “အိမ်ပြန်တာ၊ ဒီနားတင်ပါပဲ” “ဒါဆိုလဲသွားတော့မယ်နော်” “ဟုတ်ကဲ့၊ ဟုတ်ကဲ့” မင်းခန့် ဆက်လျှောက်လာခဲ့ပြီး တော်တော်လေးသွားမိလို့ မသိမသာ လှည့် ကြည့်လိုက် တော့ ငိုက်စိုက် ငိုက်စိုက်နှင့် ဓါတ်တိုင် နှစ်တိုင်လောက် အကွာကနေ လိုက် လာသည့် ထီး ပြင်တဲ့ လူကို မြင်ရသည်။ တိုက်ရှေ့ကို ရောက်လို့ လှေခါးထဲကို မဝင်ခင် ပြန် လှည့်ပြီး ကြည့် လိုက်တော့ ထီးပြင်တဲ့လူ က မင်းခန့် ရှိနေရာကို ကျောခိုင်းပြီး လာ လမ်း အတိုင်း ငိုက်စိုက်ငိုက်စိုက် နှင့် ထွက်သွားလေပြီ။ အိမ်ထဲ ရောက်ရောက်ချင်း မင်းခန့် အရင်ဆုံးလုပ်မိတာက မှန်ရှေ့ကိုပြေးပြီး ကိုယ်ပေါ်မှာ ဒါဏ်ရာဒါဏ်ချက်ရှာခြင်း ဖြစ်သည်။ ပါးတဖက်မှာ နီရောင်သန်းနေပေမယ့် ကံကောင်း ထောက်မစွာ လက်ဝါးရာထင် မနေပါ။ ဒါဆိုရင် မျိုးမင်းစိုးမေးလာပါက တခြားဆင်ခြေ ရှာ ပြလို့ ရသည်။ ပန်းအိဖြူ ၏ ကိစ္စတွေက မင်းခန့် နှင့် ဘာမှ မဆိုင်ဘူးဆိုတာ မျိုးမင်းစိုးလည်း သိပါသည်။ ဟိုတုန်းက ပန်းအိဖြူ လုပ်ခဲ့သမျှ၏ နောက်ဆက်တွဲကို လည်း သူနားလည်လက်ခံပေးပါ လိမ့် မည်။ ဒါပေမယ့် ကိုယ်ဝန်ရှိနေချိန်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်သွားခြင်း မျိုးကို တော့ မျိုး မင်းစိုးသည်းခံ မှာ မဟုတ်တာသေချာသည်။ မမြတ်စုတို့ ညီအမ လုပ်သွား ကြောင်း သိရင် ကွိုင်သွားရှာမှာ စိုးသည့်အတွက် မင်းခန့် ဒီကိစ္စကို ဖုံးကွယ်ထားဖို့ ဆုံးဖြတ် ထား ပါသည်။ လမ်းသွားလမ်းလာထဲက အသိအကျွမ်းတယောက်တလေက မြင်သွား လို့ သူ့ဆီသတင်း ရောက်သွားခဲ့ ရင်တော့ ဟိုတုံးက ပန်းအိဖြူ၏ လုပ်ရပ်တွေကိုပဲ ပုံချပြီး ပြဿနာ သွား မလုပ် အောင်တားရပေတော့မည်။ အဝတ်အစားလဲ ရင်း ကိုယ်ပေါ်ကို ချစ်စုတက်ဖိသွားတာကို သတိရတာကြောင့် ဘာများ ဖြစ်သွားသေးလဲဟု ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်မိ၏။ ဒီတော့မှ ဗိုက်ထဲမှာ တမျိုးကြီးဖြစ် နေတာ မင်းခန့် သတိထားလိုက်မိသည်။ နာတာ အောင့်တာမျိုးမဟုတ်သော်လည်း နေရ တာ တမျိုးကြီး ဖြစ်နေသည်။ အစားအသောက်စားတာ များသွားလို့ ဗိုက်အရမ်းတင်း ပြီး နေရ ခက်သလိုမျိုးခံစားနေရသည်။ ရှက်စိတ်လွှမ်းနေစဉ်က မသိခဲ့သော်လည်း အိမ်ရောက် လို့ စိတ်လုံခြုံသွားသည့်အခါ ထူးခြားသည့် ခံစားမှုက ပေါ်လွင်လာသည်။ နေ့လည်စာ စားဖို့ မင်းခန့် မေ့သွားသည်။ စားချင်စိတ်လဲ မရှိတော့ပါ။ အဝတ်လဲပြီးနောက် အိပ်ရာပေါ်မှာ အသာအယာဝင်လှဲပြီး ငြိမ်ငြိမ်လေးနေမိသည်။ ငြိမ်ငြိမ်လေး နေကြည့်မည်။ တကယ်လို့ မှ ထိုခံစားချက် ပျောက်မသွားဘဲ ပိုဆိုးလာမည်၊ နာကျင်လာမည် ဆိုရင်တော့ မာလာ့ဆီ ဖုန်းဆက်ပြီး အကြံဉာဏ် ယူသင့်ရင်ယူရပေတော့မည်။ လူကသာငြိမ်ငြိမ်လေး နေသော်လည်း စိတ်က ငြိမ်လို့ မရဘဲ ဖြစ်သွားသည့် အရှက်တကွဲ ကိစ္စတွေကို ပြန်တွေးနေမိ၏။ ချစ်စု နှင့် ပလက်ဖေါင်းပေါ်မှာ နပမ်းလုံးသလို ဖြစ်သွားရ သည့် အချိန်မှာ ဗိုက်ထဲက ကိုယ်ဝန်ကိုလည်း မေ့နေမိသည်။ ချစ်စု အပေါ်မှာ နာကျင် ထိ ခိုက်စေလိုသည့် စိတ်တော့ မင်းခန့် မှာ မရှိတာ အမှန်ဖြစ်ပါသည်။ ဟိုက အတင်းတိုက် ခိုက်လာလို့သာ တုန့်ပြန်ဖို့ကြိုးစားမိခြင်း ဖြစ်၏။ မင်းခန့် မှာ အပြစ်မရှိပါ။ ချစ်စု မှာသာ အ ပြစ်ရှိသည်ဟု ဆိုနိုင်ပါသည်။ ချစ်စုပြောပုံအရဆိုရင် ဦးလှထွန်းအောင် သေဆုံးခဲ့ပြီဖြစ်ပြီး မသေဆုံးမှီက မင်းခန့်ဆီ (သို့မ ဟုတ်) ပန်းအိဖြူဆီ လာခဲ့သေးသည် ဆိုသည့် သဘောရှိနေ၏။ မင်းခန့် ဆီ တော့ ဘယ် သူမှ ရောက်မလာပါ။ မင်းခန့် ကလည်း ဦးလှထွန်းအောင်ကို ဖိတ်ခေါ်ဖို့ အသာထား လမ်း မှာ မြင်ရင် တောင်သိမှာ မဟုတ်ပေ။ ဦးလှထွန်းအောင်မှာ ပန်းအိဖြူ အပြင် တခြားတ ယောက်ယောက် လည်း ရှိနေနိုင်သည် ဟုတွေးမိပြန်သည်။ ပိုက်ဆံ ချမ်းသာပြီး ဇရှိသည့် အဖိုးကြီးတ ယောက် အနေနှင့် စပွန်ဆာတွေ သုံးလေးယောက်ပေးမယ် ဆိုလည်းပေး နိုင်သည်။ “ဘယ်လို ဟာတွေလဲ မသိဘူး၊ သေသေချာချာလည်း မစုံစမ်းကြဘူးထင်ပါရဲ့၊ ဟိုအဖိုးကြီး ကလည်း နေမကောင်းတာတောင်မှ တခြား ကောင်မလေးသွား ဆွဲရင်း အားပြတ်ပြီး သေ တာ များ လား၊ နှလုံးရောဂါ ရှိတယ်ဆိုတော့ အမောဆို့ ပြီးသေတာလား” ကိုယ့်အတွေးနှင့် ကိုယ်လျှောက်ပြောရင်း တလောတုန်းက ဆိုင်ရှေ့မှာ မူးလဲသွားသည့် အ ဖိုးကြီး တယောက်ကို ပြန်သတိရလိုက်သည့် အခါတွင် မင်းခန့် လှဲနေရာမှ အလန့်တ ကြား ထ ထိုင်လိုက်မိသည်။ မင်းခန့် တို့ ဝိုင်းပြီး နှာနှပ်ပေးနေစဉ် သူ၏ ဒရိုင်ဘာဆိုသူ ရောက် လာ ပြီး ပြောင်လက်တောက်ပသည့် ဇိမ်ခံကားကြီးတစီးပေါ် ခေါ်တွဲ တင်ကာ မောင်း ထွက် သွားခဲ့၏။ “ဦးလှထွန်းအောင် များလား” ချစ်စုကလည်း သူမ၏ အဖေ ပန်းအိဖြူဆီ သွားခဲ့သည်ဟု ဆိုထားပြန်ရာ အကြောင်းအရာ က တိုက်ဆိုင်နေသည်။ မင်းခန့် ကတော့ ထိုအဖိုးကြီး ဘယ်သူဆိုတာ လုံးဝ မသိခဲ့ပါ။ ပြန် တွေးကြည့်တော့မှ အဲဒီတုန်းက ထူးခြားမှုတွေ ခေါင်းထဲကို အစီအရီဝင်လာ၏။ ထိုနေ့က အဖိုးကြီးရောက်လာချိန်မှာ မင်းခန့် က အပေါ်တက်ပြီး မာလာ့ အမေကြီးနှင့် ထ မင်းသွားစားနေသည်။ မာလာတော့ ဆိုင်ကို ရောက်မလာသေး။ ထမင်းစားပြီးတော့ ဗိုက် လေး လေး နှင့် အမျိုးသမီး ဝတ်အကျ ႌတွေထားသည့် ကောင်တာနောက်မှာ ထိုင် ငိုက်နေ စဉ် ဆိုင်က ကလေးမ တယောက်ရောက်လာကာ အဖိုးကြီးတယောက် ဆိုင်ထဲ ဝင် လာပြီး ဘာမှ မဝယ်ဘဲ ယောင်ချာချာ လုပ်နေတာကြာပြီဟု သတင်းလာပို့၏။ “ဘယ်တုန်းက ရောက်တာလဲ” “မပန်းအိ ထမင်းသွားစားနေတုန်းကထဲက၊ ပုံစံကတော့ ဘောစိ ပုံပဲ” မင်းခန့် လိုက်သွားပြီး အကွယ်တခုကနေ အကဲခတ်ကြည့်သည်။ အသက် ငါးဆယ်ကျော် ခြောက်ဆယ် နီးပါးလောက်ရှိမည်။ အသားလတ်လတ် နှင့် ရုပ်ရည်သန့် ပြန့်သည်။ နည်း နည်းတော့ ပိန်ပြီး ပုံစံက ဟိုကောင်မလေး ပြောသလို ဘောစိတယောက်၏ ပုံမျိုး ဖြစ် သည်။ စောင့်ကြည့်နေခိုက်မှာပင် ဆိုင်ထဲမှာ ဟိုသွားလိုက်၊ ဒီသွားလိုက် လုပ်ရင်း မျက် လုံး ကလည်း နေရာအနှံ ကိုလိုက်ကြည့်နေသည်။ “အလစ်သမား တော့ မဟုတ်နိုင်ဘူး၊ စိတ်မနှံ့ ဘူးထင်တယ်” “မဟုတ်နိုင်ဘူး ထင်ပါတယ်၊ သူလိုချင်တာ မတွေ့သေးတာပဲ ဖြစ်မယ်၊ ငါသွားကြည့် လိုက် မယ်” “မတွေ့လည်း မေးရောပေါ့၊ သမီးတို့လည်း ရှိနေတာကို၊ ကြည့်ရတာ အဖေါ်လိုချင်လို့ ထင် တယ်၊ ဒီမှာ မရောင်းဘူးလို့ ပြောလိုက်နော် မပန်းအိ” “အေးအေး၊ ဟိုအဖေါ်တော့ မရှိဘူး၊ ဒီအဖေါ်ပဲရှိတယ်ဆိုပြီး နင့်ကိုထည့်ပေးလိုက်မယ်” မင်းခန့် အနားကပ်သွားတာကို အဖိုးကြီး မမြင်ပါ။ “အန်ကယ်လ် ဘာရှာနေတာလဲ မသိဘူး၊” လှည့်ကြည့်ပြီး ဝမ်းသာပျော်ရွှင်သွားသည့် အမူအရာကို မြင်တော့ ကူညီမယ့်သူရောက် လာလို့ ဝမ်းသာသွားသည်လို့ ပဲထင်ခဲ့မိသည်။ စောစောစီးစီး သွားမမေးသည့် ကောင်မ လေးတွေကိုလည်း စိတ်ထဲမှ အပြစ်တင်မိ၏။ မာလာသာ သိရင် သူတို့တွေ အဆူခံရမှာ သေချာသည်။ “ဒီဆိုင်မှာ ..လုပ်..အလုပ်လုပ်တာလား” “ဟုတ်ပါတယ်ရှင့်၊ သမီးက ဒီဆိုင်က ဝန်ထမ်းပါ၊ အန်ကယ်လ် ဘာလိုအပ်သလဲ ပြောပါ” “အန်ကယ်လ်ကြီး လိုချင်တာက ..” “မပန်းအိ ရေ ဖုန်းလာတယ်၊ ရှင့်ကိုကို ဆီက” မျိုးမင်းစိုး ဆီက ဖုန်းလာသည့် အတွက် အနားမှာရှိသည့် ကောင်မလေး တယောက်ကို ဆွဲ ထားခဲ့ပြီး ဖုန်းထားသည့် ကောင်တာဆီကို ထွက်လာခဲ့သည်။ “ဒီအန်ကယ်လ်လိုချင်တာ ရှာပေးလိုက်” “ဟင်း …အဲဒီဗိုက်လဲ မြန်မြန်မွေးမှ ဖြစ်မယ်၊ တနေ့ကို ဘယ်နှစ်ခါ ဆက်နေမှန်း မသိဘူး” “ဒီနေ့ မဆက်ရသေးပါဘူးဟာ၊ မနာလိုမဖြစ်ပါနဲ့” ဖုန်းကိုင်လိုက်တော့ ထုံးစံအတိုင်း ဘာမှမဟုတ်ဘဲ မင်းခန့် အခြေအနေ မေးခြင်းဖြစ်သည်။ ထမင်းစားပြီးပြီလား၊ စားနိုင်လား၊ သောက်ရမည့် အားဆေးသောက်ရဲ့လား။ ဒါမျိုးတွေပဲ ဖြစ်သည်။ မျိုးမင်းစိုးစိတ်ကျေနပ်အောင် အားလုံးပြီးကြောင်း နေလို့လည်း ကောင်းကြောင်း ပြောပြီး ပြန်ထွက်လာတော့ အခုန အဖိုးကြီးကို အမျိုးသားသုံး ပစ္စည်းတွေထားသည့် ကောင်တာ ရှေ့မှာတွေ့ရသည်။ လက်ထဲမှာလည်း ရိုးလ်အွန်ပုလင်းလေးတလုံး ကိုင်ထား ပြီး အနံ့ခံကြည့်နေသည်။ သူ့ကို ကိုယ်တိုင်ရောင်းလိုက်မည်ဟု စိတ်ကူးပြီး အနားက ကောင်မလေးကို လက်ပြ၍ မင်းခန့် ကကောင်တာနောက်ကို ဝင်လိုက်သည်။ မဝင်ခင် ထမိန်လျော့နေလို့ အ ကွယ်မှာ ရပ်ပြီး သေသေသပ်သပ် ဖြစ်အောင်ပြင်ဝတ်နေစဉ် စိတ်မလုံမလဲဖြစ်လာလို့ လှမ်းကြည့် လိုက်တော့ ကောင်တာကိုကျော်ပြီး မင်းခန့် ထမိန်ဝတ်တာကို အဖိုးကြီး စိုက်ကြည့်နေ တာ တွေ့လိုက်ရသည်။ ဒီအရွယ်ရောက်တာတောင်မှ ငမ်းချင်သေးတယ် ဟုဒေါသဖြစ်ရသော် လည်း ငါဆိုရင် ဒီထက်တောင် ဆိုးနိုင်သေးတယ်ဟု တွေးမိ သည့် အခါ စိတ်ပြေသွားပြီး ကိစ္စ ပြီးတာနှင့် ပြုံးုပြလိုက်ကာ “တခြားအနံ့တွေလဲ ရှိပါသေးတယ် အန်ကယ်လ်၊ ကြည့်ချင်ရင်ပြောပါ၊ ထုတ်ပြပေး ပါ မယ်” “အိမ်ထောင်ကျပြီလား” “ဟုတ်ကဲ့ ရှင့်၊ ဘာလဲ အန်ကယ်လ်က ဒီကောင်မလေး အိမ်ထောင်မရှိဘဲ ဗိုက်ကြီးတယ် ထင်လို့ လား” “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ သူ ..သူ ..က ဘာလုပ်တုန်း” “ကုမ္ပဏီ ဝန်ထမ်းပါပဲရှင့်” “အဆင်ပြေရဲ့လား” “ပြေပါတယ်ရှင့်၊ သူက လခကောင်းတယ်လေ၊” ဈေးဝယ်သူ ဖြစ်နေလို့ အလိုက်သင့် ပြောနေရသော်လည်း စပ်စုသည့် အဖိုးကြီးကို စိတ် ထဲ တော်တော် ချဉ်နေပြီ ဖြစ်သည်။ ထမိန်ဝတ်တာကိုလည်း သရဲမရဲလာကြည့်သေး သည်။ သူ များ အကြောင်းစပ်စပ်စုစု တွေလည်း လိုက်မေးနေသေးသည်။မင်းခန့် ၏ မနှစ်မျို့စိတ် တွေ ကို မျက်နှာပေါ်မှာ အဖိုးကြီးတစွန်း တစမြင်သွားပုံရ၏။ “ဘာရယ်တော့ မဟုတ်ပါဘူး၊ ဒီနားမှာ ဖြတ်သွားရင်း ကား ပျက်တာနဲ့ ဒရိုင်ဘာပြင်နေ တုန်း ဒီဆိုင်ကိုမြင်တော့ ခနတဖြုတ်ဝင်ကြည့်ရင်း လိုတာလေးတွေ့လဲ ဝယ်မယ် ဆိုပြီး ဝင် ကြည့်တာပါ” အဖိုးကြီးရောက်ခါစက ဒါကြောင့်ယောင်လည်လည် ဖြစ်နေတာပဲဖြစ်ရမည်။ သူ့မှာ တိတိ ကျကျ ရည်ရွယ်ချက်မရှိ၊ ဆိုင်ထဲမှာလိုက်ကြည့်ကာ အချိန်ဖြုန်းရင်း ဝယ်ချင်စိတ်ပေါက် တာ တွေ့ ရင်ဝယ်မည်ဆိုသည့် သဘောမျိုးသာ။ “အော် ..ဒီလိုလား၊ ဒါဆိုလဲ သမီးတို့ကို အားနာပြီး ဝယ်မသွားပါနဲ့၊ ရပါတယ်၊ ခနတဖြုတ် ထိုင်နေချင်လည်း ခုံယူပေးမယ်လေ” မင်းခန့် မှာ အဖိုးကြီးကို ဒီလောက်စေတနာကောင်း မရှိပါ။ ဘယ်အချိန်က မင်းခန့် နောက် မှာရောက်နေသည် မသိသော မာလာကဝင်ပြောလိုက်ခြင်း ဖြစ်သည်။ “ဒါလေးတော့ ဝယ်သွားမှာပါ၊ ကားပြင်တာလည်းပြီးတော့ မယ်ထင်ပါရဲ့၊ ဘယ်လောက် တုန်း” “သုံးထောင့် နှစ်ရာပါ” ပိုက်ဆံထုတ်ပေးသည့် လက်တွေဘာကြောင့်တုန်နေတယ်ဆိုတာ အဲဒီတုန်းက မင်းခန့် မသိခဲ့ပါ။ ပြန်အမ်းသည့် ပိုက်ဆံကို အိတ်ထဲပြန်ထည့်ရင်း အောက်ကို ပြုတ်ကျလို့ မာ လာ နှင့် မင်းခန့် ဝိုင်းကောက်ပေးလိုက်ရသေးသည်။ သူကတော့ ယောင်ချာချာ နှင့် မင်း ခန့် ကို ပဲ တွေတွေကြီးကြည့်နေ၏။ ထမိန်ဝတ်တာကို လည်း လာကြည့်ထား သည့် အတွက် သူ၏ အကြည့်ကို မင်းခန့် သရုပ်မခွဲခဲ့မိ။ ဆိုင်ထဲက ပြန်ထွက်သွားတာတောင်မှ မင်းခန့် ကို လှည့်ကြည့်လှည့်ကြည့်လုပ်သွားသေး သည်။ ရှေ့မှာ ရှိနေသော ကောင်မလေးတွေ အလန့်တကြားအော်သံ ကြားရလို့ မင်းခန့် နှင့် မာလာ ပြေးပြီးကြည့်တော့ ဆိုင်ရှေ့ အဆင်းနားလေးမှာ လဲနေသောအဖိုးကြီးကို မြင် လိုက်ရသည်။ “အန်ကယ်လ်၊ အန်ကယ်လ် ဘာဖြစ်တာတုန်း” ရုတ်တရက် စကားမေးလို့ မရပါ။ ဆူညံသံတွေကြောင့် မာလာ့ အမေကြီးရောက်လာပြီး ညွှန်ကြားသည့် အတိုင်းရှူဆေးရှူခိုင်းသူက ရှူခိုင်း၊ ခြေမ ချိုးသည်က ချိုးနှင့် အလုပ်ရှုပ် နေစဉ် အသက်သုံးဆယ် ဝန်းကျင်လောက်ရှိမည့် လူတယောက်ရောက်လာသည်။ “ဆရာကြီး၊ ဆရာကြီး ဘာဖြစ်သွားတာလဲ” “ကျွန်မ တို့လဲ မသိဘူး၊ ဆိုင်ထဲက အထွက်မှာလဲသွားလို့၊ ရှင်နဲ့ ဘာတော်လဲ၊” “ကျွန်တော် က သူ့ ဒရိုင်ဘာပါ၊ ကျွန်တော် ကားဒီကို ရွှေ့ခဲ့မယ်၊ ခနလေး” ဆိုင်ရှေ့ကို လာရပ်သည့် ကားကြီးကိုကြည့်ပြီး အဖိုးကြီး၏ ကြွယ်ဝမှုကို မင်းခန့် တို့ ခန့် မှန်းလိုက်နိုင်သည်။ ကားအနားရောက်လာသည့် အချိန်မှာ အဖိုးကြီးကလည်း နည်းနည်း ပြန်ထောင်လာသည်။ “ဘိုဘို လားကွ” “ဟုတ်တယ် ဆရာကြီး၊ ကျွန်တော်ပွေ့လိုက်မယ်၊ ကားတံခါးလေး တဆိတ်လောက် ဖွင့် ပေးပါလား” ဂင်တိုတို နှင့် သန်မာပုံရသည့် ဒရိုင်ဘာက အဖိုးကြီးကို စွေ့ကနဲပွေ့ချီလိုက်သည့် အခါ မင်းခန့် ကားတံခါးပြေးဖွင့် ပေးလိုက်သည်။ အထဲကိုရောက်သွားပြီး တံခါးပြန်မပိတ်ခင် ပိုက်ဆံ အိတ်နှင့် ရိုးလ်အွန်ဗူးထည့် ထားသည့် ပလပ်စတစ်အိတ်ကလေး ကို အနားမှာ ချပေးချိန်တွင် မင်းခန့် ကို ရီဝေစွာစိုက်ကြည့်နေသည်။ “ကျန်းမာရေး ဂရုစိုက်နော်” “ဟုတ်ကဲ့ပါ ရှင့်၊ ဆိုင်မှာလာ အားပေးတာလဲ ကျေးဇူးတင်ပါတယ်” တံခါးကို ပြန်ပိတ်ပေးလိုက်သည့် အခါ အနက်ရောင်စတစ်ကာ မှန်ကြောင့် အထဲကို မမြင် ရတော့ပါ။ ဆိုင်ထဲပြန်ရောက်တော့ ဒီအကြောင်း ကိုပွစိပွစိ ပြောကြရင်း ဖုန်းလာတုန်း က ကောင်မလေး တယောက်နှင့် ထားခဲ့ပြီး မင်းခန့် ဖုန်းပြောနေချိန်တွင် အနားက ကောင်မ လေး ကို ဘာမှ မပြောဘဲ မင်းခန့် ဖုန်းပြောနေတာကိုပဲ လိုက်ကြည့်နေသည်ဟု သိ ရသည်။ “ဘယ်သူနဲ့ ပြောနေတာလဲတဲ့၊ သမီးက သူ့ယောက်ျားနဲ့ ပြောနေတာလို့ ဖြေလိုက်တယ်၊ ဒီ အဖိုးကြီးက တမျိုးပဲနော်၊ မပန်းအိဖြူ နဲ့ အရင်က သိလား” “ဟင့်အင်း မသိပါဘူး၊” ထိုအချိန် တုန်းကတော့ ဦးလှထွန်းအောင် ဆိုသည့် နာမည်ကို မင်းခန့် လုံးဝ မေ့လျော့နေခဲ့ မိ သည်။ အခု ချစ်စုပြောတဲ့ အချက်တွေအရဆိုရင် အဲဒါ ဦးလှထွန်းအောင် ပဲဖြစ်ရ မည်။ သူ ပြော သ လို ကားပျက်လို့ ဝင်လာတာ ဆိုတာကတော့ မဖြစ်နိုင်။ သူ့ကားလိုကား ကောင်းကြီး က လမ်းဘေး မှာ ထိုးပျက်ဖို့ မဖြစ်နိုင်။ ပန်းအိဖြူ ဒီဆိုင်မှာ ရှိသည်ဆို တာ ကို တနေရာရာက နေသိပြီး တမင်လာခြင်းသာ ဖြစ်ရမည်။ ရောက်လာတော့လည်း မင်းခန့် ကသူ့ကို မသိဘဲ သူစိမ်းတယောက်လို ဆက်ဆံလိုက် သည့် အပြင် သူစွဲလမ်းသော ပန်းအိဖြူကလည်း အိမ်ထောင်ကျလို့ ကလေးတောင် ရတော့ မည် ဆိုတာသိပြီး စိတ်ထိခိုက်သွားပုံရသည်။ အိမ်ထောင်ကျတာထက် ပန်းအိဖြူက မသိ သလို ဆက်ဆံတာကို ပိုခံစားရမည် လို့ထင်သည်။ ချစ်စုကို မကျေနပ်သော်လည်း ဦးလှထွန်းအောင်ကိုတော့ သနားစရာကောင်းသည်ဟု မင်း ခန့် ထင်မိသည်။ အသက်အရွယ်ရလာတာတောင် တရား မဖက်နိုင်ဘဲ ရမ္မက်နောက် ကို လိုက် မိရာက ပန်းအိဖြူလို မိန်းကလေး နှင့် တိုးခဲ့ရသည်။ နောက်ဆုံးတော့လည်း ပန်း အိ ဖြူပေး သည့် ခံစားမှုတွေကို ရင်မှာပိုက်ပြီး လောကထဲကနေထွက်ခွာသွားခဲ့ ရလေပြီ။ ဦးလှထွန်း အောင်ကိစ္စ မှာမင်းခန့် အပြစ်တစုံတရာ မပါကြောင်းလိပ်ပြာသန့် ပါသည်။ ဒါ ပေမယ့် ပန်းအိဖြူ ရှုပ်ခဲ့သည့် အစတွေ ဘယ်လောက်ထွက်လာဦး မလဲဟုရင်လေးနေ မိ ၏။ အခုလောလောဆယ်ပင် လမ်းလည်ခေါင်တွင် မြင်မကောင်းအောင် ဖြစ်ခဲ့ရသေးသည်။ အကျ ႌကြယ်သီးပြုတ်၊ ထမိန်ကျွတ်ကျတာထက် ထီးပြင်တဲ့ သူရောက်မလာရင် ချစ်စု လက် ချက်ကို ခုထက်ပို ပြီးခံရဖို့ ရှိသည်။ တမလွန်က ပုဂ္ဂိုလ်ကြီး ပြောလိုက်သည့် ဒီဘဝမှာပင် ဝဋ်ကြွေးတွေခံရဦးမည် ဆိုသည့် စ ကားကို ပြန်အမှတ်ရမိသည်။ ဘာမှန်းမသိ ညာမှန်း မသိနှင့် ခံခဲ့ရတာတွေတော့ များ နေ ပါပြီ။ ဘယ်လောက်တောင် ကျန်ဦးမလဲဆိုတာတော့ ဘုရားမှပဲ သိနိုင်လိမ့်မည်။ ထိုင်နေ တာ နည်းနည်းကြာသွားတော့ ဗိုက်ထဲက တမျိုးကြီး ဖြစ်လာပြန်တာကြောင့် အိပ်ယာပေ ါ် ပြန်လှဲ ချရင်း တိုးတိုးလေးညည်းညူလိုက်မိ၏။ ဗိုက်ထဲက နာလို့ မဟုတ်ပါ။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း -၄ (င) ဝရန်တာမှာ အဝတ်တွေလှမ်းနေရာကနေ အဝတ်လျှော်စက်ဆီက အချက်ပေးသံလိုလို ကြား လိုက်ရလို့ မင်းခန့် အိမ်ထဲပြန်ဝင်လာခဲ့သည်။ ရေချိုးမလို့ အစောကြီးထဲက ကြံရွယ် နေပေမယ့် အခုထိမချိုးဖြစ်သေး။ ထမိန်ရင်လျားနှင့် ဟိုဟာလုပ်ဒီဟာ လုပ်နှင့် အခုထိ မ ချိုး ဖြစ်သေးပါ။ အဝတ်လျှော်စက်ထဲက မျိုးမင်းစိုး အဝတ်တွေ လှမ်းပြီး ရင်တော့ ရေချိုး လို့ ရပြီ ဖြစ်သည်။ ကိုယ့်အဝတ်ကိုယ်လျှော်စတမ်းဟု သတ်မှတ်ထားပေမယ့် မနက်က မျိုးမင်းစိုး အလုပ်မ သွားခင် အဝတ်လျှော်နေတုန်း မီးပျက်သွားတာ နှင့် စက်ထဲမှာ တန်းလန်း ကျန်နေ ခဲ့ သည်။ မင်းခန့် ရေချိုးခါနီး အဝတ်လျှော်မည် လုပ်တော့မှ သွားတွေ့တာ နှင့် မင်းခန့် ပဲ ဆက်လျှော်ပေးလိုက်သည်။ အလိုအလျောက်စနစ် ဆိုတော့ ဘာမှ အပန်းမကြီးပါ။ ခလုပ် ကလေး နှိပ်ပေးလိုက်ရုံတော့ ကူညီနိုင်ပါသည်။ မင်းခန့် လျှော်မည့် အဝတ်တွေက အကျ ႌ တွေနှင့် အတွင်းခံတွေပဲဆိုတော့ လက်နှင့်ပဲ လျှော်လိုက်သည်။ မျိုးမင်းစိုး ကိုကြည့်ရတာ အခုတလောအူကြောင်ကြောင် ဖြစ်နေသည်ဟု ထင်မိသည်။ ဟို တရက်က အရက်တွေမူးလာပြီး မင်းခန့် ကို မတော်တရော်တွေ လုပ်မိတော့ မလို နောက် ပိုင်း မှာ တမျိုးဖြစ်နေသည်ဟု ထင်မိ၏။ မျိုးမင်းစိုး၏ စိတ်ဓါတ်ကို သိနေသူပီပီ အမှားလုပ် မိတော့မလို ဖြစ်ခဲ့ခြင်း အတွက် မလုံမလဲ ဖြစ်နေသည် လို့ ပဲ မင်းခန့် ယူ ဆထားခဲ့၏။ မနေ့ ညကတော့ မျိုးမင်းစိုးတော်တော် ဂဏှာမငြိမ် ဖြစ်နေတာ သိသာသည်။ မင်းခန့် ထမင်းစား နေသည့် နားမှာလာထိုင်ပြီး မင်းခန့် ကိုကြည့်လိုက် သက်ပြင်း ချလိုက် လုပ်နေသည်။ တခု ခု ပြောချင်နေသလား လို့ မေးချင်ပေမယ့် မင်းခန့် မှာလည်း တက်ခဲ့သည့် ပြဿ နာက ရှိ နေတော့ မမေးဘဲ နေလိုက်သည်။ ဆိုင်နှင့် အိမ်ကြား မှာ ဖြစ်ခဲ့သည့် ကိစ္စ ဆိုတော့ သိသူ မြင် သူ ရှိရင်လည်းရှိနိုင်သည်။ ဒါကြောင့် မင်းခန့် ကလည်း စကားရှည်မနေတော့ ဘဲ ကိုယ့် ထမင်းကိုယ်စားပြီးသည် နှင့် အိပ်ယာထဲ ဝင်ခွေနေမိသည်။ ချစ်စုနှင့် နပမ်းလုံးခဲ့ ရ ပြီးကထဲက လူကလည်း နေလို့ သိပ်မကောင်းချင်။ ဗိုက်ထဲ မှာ လည်း နေရတာ တမျိုးကြီးဆိုတော့ ငြိမ်ငြိမ်နေတာပဲ ကောင်းမည်ဟု ဆုံးဖြတ်လိုက်၏။ လောလောလတ်လတ် မနေ့ကမှ လမ်းဘေးမှာ အရှက်ကွဲထားတာ ဆိုတော့ ဒီလမ်း ကြောင်း ကို မသွားချင်တာလည်းပါသည်။ မနက်က အလုပ်မသွားခင် အဝတ်လျှော်ရင်း မီးပျက်လို့ မကျေမနပ် ဖြစ်နေ ရာမှ မင်းခန့် ဒီနေ့ ဆိုင်မသွားတော့ဟု ပြောချိန်မှာတော့ မျိုးမင်းစိုး စိုးရိမ်သည့် အမူအရာ ဖြင့် မေးပါ သည်။ “ဘာဖြစ်လို့လဲ” “နေရတာ မအီမသာကြီး ဖြစ်နေလို့” “ဒါဆိုလဲ အိမ်မှာပဲ နားလိုက်လေ၊ ကြက်ဥရှိတယ်၊ ဝက်အူချောင်း ရှိတယ်၊ ကြော်ပေးခဲ့ ရမလား” “နေပါစေ၊ ငါ့ဖာသာ စားခါနီးမှ ကြော်လိုက်မယ်” “အေး၊ အေး” ညတုန်းက အရည်နည်းနည်း ဆင်းခဲ့သည့် အကြောင်း ကိုတော့ ပြောစရာအကြောင်းလို့ မ ထင်သည့် အတွက်ထည့်မပြောတော့ပါ။ မျိုးမင်းစိုး သွားမှမာလာ့ဆီ ဖုန်းဆက် ခွင့် တိုင်ရင်း မေးကြည့်မိသည်။ “အနည်း အကျဉ်းတော့ ဆင်းတတ်ပါတယ်၊ နည်းလား များလား ညီမ” “မသိဘူး မမ၊ အိပ်ယာထတော့မှ ထမိန်မှာ ကွက်နေတာတွေ့တာ” “အင်း ..အင်း... စိတ်ထဲလဲ သိပ်ပူမနေပါနဲ့၊ ထပ်ဆင်းမယ်၊ များတယ် ဆိုရင်တော့ အမ ဆီကို ချက်ချင်းဖုန်းဆက် သိလား” “ဟုတ်ကဲ့ မမ” တမနက်လုံး အနည်းငယ် နာသလိုလို တကြိမ်ဖြစ်သည်မှ အပ မထူးခြားတော့ မင်းခန့် လည်း စိတ်ထဲ မထားမိတော့ပါ။ ဒါပေမယ့် ရေချိုးခန်း ထဲမှာ အဝတ်လျှော်ရင်း တမျိုးကြီး ခံစားလိုက်ရပြီးနောက် အရည်တွေထပ်ဆင်းကျလာသည်။ ထမိန်အနည်းငယ်စိုရုံလောက် ပဲ ဆိုတော့ ရေမိုးချိုးပြီးမှ မာလာ့ကို လှမ်းပြောဖို့ဆုံးဖြတ်လိုက်၏။ ဗိုက်ကလည်း မနာတော့ သည့် အပြင် မအီမသာလည်း ပျောက်သွားတာနှင့် မာလာပြောသလိုပဲ ကိုယ်ဝန်ဆောင် တွေ ဖြစ်လေ့ ဖြစ်တာမျိုးဟု သာထင်မိသည်။ မာလာ့ကို ပြောမယ် ဆိုတာလည်း အခြေ အနေ ကို ပိုသေချာအောင်သာ လုပ်ရန်သာ။ “ဟာကွာ” ခပ်ပျော့ပျော့ အကျ ႌချိတ်က မျိုးမင်းစိုး၏ ဂျင်းရှပ် အလေးချိန်ကို မခံနိုင် ညွှတ်ကျပြီးနောက် အပေါ် အကောက်၏ အောက် ချိတ်ဆက်ထားသည့် နေရာက ပြုတ်ထွက်သွားသည်။ ပ လပ်စတစ် ပိုက်အ တွင်းက သံချောင်းလေးက လည်းခပ်သေးသေး ခပ်ပျော့ပျော့ဖြစ်သည့် အပြင် ချိတ်ထား တာကလည်း ဖြစ်ကတ်ဆန်း ဆိုတော့ မခိုင်ပါ။ “မျိုးမင်းစိုး ဘယ်လိုချိတ်တွေ ဝယ်လာတယ် မသိဘူး” အိမ်ထဲကို ပြန်ဝင်ပြီး ီချိတ် ခိုင်ခိုင်တခုယူကာ လှမ်းလိုက်မှ အဆင်ပြေသွားသည်။ ကိစ္စ ပြီးလို့ အထဲပြန် မဝင်ခင် ဝရန်တာအောက်ဖက်နားက ဖုန်းကြိုးပေါ် မှာ တလွင့်လွင့်တင် နေ သည့် ဘရာစီရာလေး တထည် ကိုသွားမြင်သည်။ စောစောတုန်း က အဝတ်လျှော်စက် က အသံကိုကြားလို့ သွားယူစဉ်မှာ ကလစ်သေသေချာချာ မညှပ် မိ ခဲ့လို့ပဲဖြစ်ရမည်။ ဝရန် တာကနေကျော် ပြီးကောက်ကြည့်တော့ လက်လှမ်းလို့ မမှီ ဖြစ်နေ သည်။ ဒီတိုင်းထား လိုက်ပြီး မျိုးမင်းစိုး လာမှပဲ ယူခိုင်းတော့မည်။ “ဒီကောင် ဘယ်ဆိုဒ် လဲဆိုတာကြည့်ချင်ရင်လည်း အဆင်ပြေတာပေါ့” တယောက်ထဲ ပြောလိုက်ပြီးတော့မှ ဝရန်တာ သံတိုင်မှာ ချိတ်ထားသည့် ချိတ် အပျက်ကို မြင်ပြီး အကြံရသွားသည်။ ခပ်ပျော့ပျော့ သံချောင်းကို ဆွဲဆန့်လိုက်တော့ နှစ်ပေနီးနီး လောက်ရသည်။ အဖျားမှာလည်း ချိတ်ကောက်လေးလို ဖြစ်နေတော့ မင်းခန့် အလွယ်တ ကူပင် လှမ်းချိတ်လိုက်နိုင်သည်။ ထိုဘရာစီယာကို တန်းမှာသေသေချာချာ က လစ်ညှပ် လှမ်းလိုက်ပြီးနောက် မင်းခန့် ပြုဖွယ်ရာ ကိစ္စတွေ အားလုံးပြီးသွားလေပြီ။ ဆန့်ထားသည့် ချိတ်ကိုတော့ မျိုးမင်းစိုး ပြန်လာမှ ပလာယာနှင့် တွယ်ခိုင်းဖို့ ပြန်သိမ်းလာခဲ့၏။ “အခုမှပဲ ရေချိုးရတော့တယ်” ရေချိုးပြီးရင် ထမင်းစားမည်။ ပြီးရင် မာလာ့ဆီ ဖုန်းဆက်ရမည်ဟု အစီအစဉ်ဆွဲထား ပြီး ရေချိုးခန်း ဆီကိုထွက်လာတော့မှ ဖုန်းက မြည်လာသည်။ “ဘာတွေ ဖြစ်နေတာလဲ၊ ရှုပ်နေတာပဲ၊” ဒီဖုန်းကို ဆက်တတ်တာ မျိုးမင်းစိုး နှင့် မာလာပဲ ရှိသည်။ မျိုးမင်းစိုး၏ မိတ်ဆွေတွေက ဟန်းဖုန်းကိုပဲ ဆက်ကြသည်။ မင်းခန့် ဆီကို ဆက်မည့်သူမရှိပါ။ အခုဖုန်းက မာလာတော့ မဖြစ်နိုင်။ မနက်က မင်းခန့် နေမကောင်းဟု ပြောထားသည့် အတွက် မျိုးမင်းစိုး အခြေအ နေ လှမ်းမေးတာပဲ ဖြစ်မည်။ မကိုင်ရင် ပိုဆိုးသွားမှာစိုးတာကြောင့် ဖုန်းကိုင်ဖို့ ဧည့်ခန်း ထဲကို ပြေးလာခဲ့၏။ “ဟာ…အ..အင်း ” ဧည့်ခန်းထဲ ဝင်လိုက်တာနှင့် မင်းခန့် ခြေချော်ပြီးပစ်လဲတော့၏။ ဟိုတရက်က လက်ဆောင် ရသည့် ဒေါက်မြင့်ဖိနပ်ကို စိတ်မဝင်စားတာကြောင့် အလွယ်တကူပင် ဆက်တီထိုင်ခုံ အောက် ထိုးသွင်းထားလိုက်ပြီးမေ့နေသည်။ မသိမ်းမိ။ ဘယ်ကနေ ဘယ်လို အပြင်ကို ရောက်နေသည် မသိသော ဖိနပ်ကို တက်နင်းမိပြီးနောက် မင်းခန့် လဲကျသွားသည်။ မပြေး ရုံတမယ် ရှောက်လာသည့် အရှိန်ကလည်း ရှိတော့ မင်းခန့် ဟန်ချက်ကို ဘယ်လိုမှ မထိန်းနိုင် တော့ပါ။ လဲအကျတွင် ဆက်တီထိုင်ခုံလက်တန်းက ဗိုက်ကို အုန်းကနဲဝင် ဆောင့် လိုက် ၏။ စူးရှပြင်းထန်သော နာကျင်ခြင်းနှင့် အတူ ကြမ်းပြင်ပေါ်ကို မင်းခန့် တပတ်လည်ပြီး ခွေကျသွား၏။ “အား ..ကျွတ်..ကျွတ်..” မနေ့က လဲတုန်းကထက်ဆယ်ဆမက ပြင်းထန်သည့် နာကျင်မှုကြောင့် မင်းခန့် မချိမဆန့် ညည်းညူလိုက်မိသည်။ လက်ထောက်ကာ ပြန်ထဖို့ကြိုးစားပေမယ့် ထလို့မရ။ ဝမ်းဗိုက် က စပြီး အောက်ပိုင်းတခုလုံး နာကျင်ကိုက်ခဲနေသည်။ ခြေထောက်တွေမှာ အားအင်မရှိပါ။ တယ်လီဖုန်းသံကလည်း ခနနားပြီးနောက် တဖန် ဆက်ကာဆက်ကာမြည်နေဆဲ ဖြစ် တာ ကြောင့် လက်နှင့်ကြမ်းပြင်ကို ထောက်ကာ အားယူပြီး ဖုန်းဆီကို ဒရွတ်ဆွဲသွားမိသည်။ တရွေ့ရွေ့ နှင့် နီးလာချိန်တွင် မင်းခန့် လာရာလမ်းတလျှောက်တွင် အနီရောင်သွေးစွပ် ကြောင်းကြီး တခုကို မြင်လိုက်ရ၍ ဘာကိုမှ သတိမထားနိုင်တော့ဘဲ ထမိန်ကို ဆွဲလှန် ကာ လက်နှင့် စမ်းကြည့်လိုက်တော့ နွေးထွေးသောသွေးတွေ ဆက်တိုက်စီးကျ နေသည်။ သွေးတွေပေနေသည့် လက်ကို မြှောက်ကြည့်ရင်း မင်းခန့် ကြမ်းပြင်ပေါ်ကို ခွေကျသွား သည်။ စိုးရိမ်ထိတ်လန့် မှု နှင့် အတူ မျက်လုံးတွေလည်း ပြာဝေလာ၏။ နားထဲမှာ ဖုန်းသံ သဲ့သဲ့ကြားရပြန်သည့် အခါ ဘာလုပ်ရမည် ဆိုတာသိလိုက်သည်။ ဖုန်းကိုင်ပြီး မျိုးမင်းစိုး ကို အကျိုးအကြောင်းပြောပြကာ ပြန်လာခိုင်းရမည်။ မာလာ ဆိုရင်လည်း အကူအညီ ေ တာင်းလို့ ရနိုင်သည်။ အားတင်းပြီးရှေ့ကို တရွေ့ရွေ့တက်ရင်း ဖုန်းနား ရောက်တော့ဖုန်းကို လှမ်းကိုင်ဖို့ အားအင် မရှိ။ မနည်းကြိုးစားကာ ကိုင်လိုက်သော်လည်း လက်ထဲက လွတ်ကျသွားသည်။ မင်းခန့် လည်း ကြမ်းပြင်ပေါ်ကို ပြန်လဲကျသွား၏။ ဖုန်းတင်စားပွဲပုလေး ဘေးမှာ တွဲလောင်းကျ နေ သည့် စကားပြောခွက်ထဲက မျိုးမင်းစိုး အသံက နီးလိုက် ဝေးလိုက်နှင့် သူဟိုဖက်က ကြား အောင် ကုန်းအော်လိုက်ချင်ပေမယ့် မင်းခန့် မှာ ခွန်အားမရှိတော့ပါ။ “ပန်း ...ဟယ်လို ...ပန်း ...မင်းခန့် ...ဟယ်လို” မျိုုးမင်းစိုး အသံက နားထဲမှာ တဖြည်းဖြည်းနှင့် တိမ်ဝင်ပျောက်ကွယ်သွားသည်။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အိပ်မက် မက်နေသလိုလို ရီဝေသော မူးမိုက်သော ခံစားမှုတွေကနေ တဖြည်းဖြည်း လွတ် မြောက်လာချိန်တွင် မင်းခန့် အရင်ဆုံးမြင်လိုက်ရတာက မာလာ့ မျက်နှာ ဖြစ်သည်။ “ညီမလေး၊ ပန်းအိဖြူ၊ သတိရပြီလား၊ အမ ပြောတာကြားတယ်နော်” “ဟုတ်ကဲ့” “ကံကြီးပေလို့ ညီမလေးရယ်၊ ကိုမျိုးမင်း အိမ်ပြန်ပြေးတာမြန်သွားလို့” နှာခေါင်းထဲမှာ ရလိုက်သော အနံ့နှင့် ပက်လက်အနေ အထားကနေမြင်ရသလောက်ဆို ရင် ဆေးရုံခန်းတခုထဲမှာ ရောက်နေပြီဆိုတာ မင်းခန့်သိလိုက်သည်။ ပန်းအိဖြူ ၏ ကံကြမ္မာ လား မင်းခန့်၏ အကျိုးပေးလားတော့ မပြောတတ်ပါ။ ဒီဘဝရောက်မှာ ဆေးရုံဆေးခန်း နှင့် အကျိုးပေးနေသည်။ လက်မှာတပ်ထားသည့် ပိုက်၏ လားရာ ကို လိုက်ကြည့်မိသည့် အခါ တိုင်မှာ ချိတ်ထားသည့် ပုလင်းတလုံးကိုတွေ့ရ၏။ အထဲမှာ ဆေးရည်တွေ မတွေ့ရ အနီ ရောင်ပျစ်ပျစ်သွေးတွေကိုမြင်နေရသည်။ ချော် လဲပြီးနောက် ထွက်ကျလာသည့် သွေး တွေ ကို ပြန်မြင်ယောင်မိရင်း မင်းခန့် ရင်တလှပ်လှပ်နှင့် ပြန်ပြီးမူးရီလာသည်။ မင်းခန့် ဟိုဟို ဒီဒီ မျက်လုံးလိုက်ကစားနေသည်ကို မြင်တော့ သူမဖာသာ တမျိုးတွေးပြီး မာလာက ရှင်းပြသည်။ “ကိုမျိုးမင်း တချိန်လုံး ညီမလေးနားမှာ ရှိပါတယ်၊ သွေးလိုက်ရှာတဲ့ ခနပဲ သွားတာ၊ သူ့ သွေး ယူဖို့ကလည်း သွေးမျိုးချင်း မတူလို့လေ၊ အခုတော့ သူဘာမှ မစားရသေးတာ နဲ့ ကို ကျော်သက် ထမင်းလိုက်ကျွေးနေတယ်၊ ခနနေပြန်လာမှာပါ” “ဟုတ်၊ ဟုတ်ကဲ့” “အော် ..ငါ့ညီမ သတိပြန်ရလာတာနဲ့ မေ့နေလိုက်တာ၊ ခနလေးနော်၊ ဆရာဝန်ပြေး ပြော လိုက်ဦးမယ်၊ သတိရရင်လာပြောပါတဲ့” မာလာသုတ်ကနဲ ထွက်ပြေးသွားသည်။ သူမ ထွက်သွားမှ မင်းခန့်လည်း အားနေသည့် လက်နှင့် ဗိုက်ကို အမှတ်တမဲ့ စမ်းကြည့်မိသည်။ နည်းနည်း ပူနေသေးပေမယ့် အရင် လို မဟုတ်ဘဲ ချပ်ကျသွားသည်။ ဘာဖြစ်သွားသလဲ ဆိုတာကို တွေးလိုက်မိသည်နှင့် ရင်ထဲ မှာ တမျိုးကြီး ဖြစ်သွားသည်။ လက်နှင့် ဗိုက်ကိုစမ်းနေသည်ကို ပြန်ဝင်လာ သည့် မာလာ မြင်တော့ မျက်နှာကွက်ကနဲပျက်သွား၏။ မင်းခန့် လက်ကို လာဆုပ်ကိုင်ပြီး “ကလေးက ပျက်သွားတယ် ညီမလေးရယ်၊ ဆရာဝန်တွေလဲ ကြိုးစားကြပါတယ်၊ ဒါပေ မယ့် ...” မင်းခန့် ကိုယ်ထဲက အစိတ်အပိုင်းတခု ပျောက်ဆုံးပျက်စီးသွားသလို ဟာတာတာကြီး ဖြစ် သွားသည်။ ရှိနေတုန်းက စိတ်အနှောက်အယှက် တခုလို သဘောထားမိသည့် အ ချိန်တွေ ရှိသော်လည်း မရှိတော့ဟုဆိုသော အခါ ဘာကြောင့် စိတ်ထဲမှာ တမျိုးကြီး ဖြစ်သွားရသည် ကို မင်းခန့် နားမလည်ပါ။ “စိတ်လျှော့ထားနော်ညီမ၊ သူ့ရေစက်က ညီမလေးတို့ နဲ့ ဒီလောက်ပဲ ရှိလို့နေမှာပေါ့” “မျိုးမင် ...အဲ ကိုမျိုးမင်းစိုး...” “သူလဲ ဘယ်စိတ်ကောင်းမလဲ၊ ဒါပေမယ့် ယောက်ျားဆိုတော့ စိတ်ထိန်းနိုင်ပါတယ်၊ ညီမ လေး ကျန်းမာဖို့ပဲ ပိုအရေးကြီး ...” ဆရာဝန်မ တယောက်နှင့် သူနာပြုဆရာမတွေ ဝင်လာလို့ မာလာ စကားတပိုင်းတစ နှင့် ရပ်သွားသည်။ မျိုးမင်းစိုး စိတ်ထိန်းနိုင်မယ် လို့ မင်းခန့်တော့ မထင်ပါ။ သူဟန်ဆောင်နေ တာပဲဖြစ်လိမ့်မည်။ ဒီကလေးက မျိုးမင်းစိုး၏ ဘဝ၊ မျိုးမင်းစိုး၏ မျှော်လင့်ချက် ဆိုတာ မင်း ခန့် သာအသိဆုံးဖြစ်ပါ၏။ “ဗိုက်ထဲက နာလား” “မသိဘူး၊ ထုံနေတယ်” မင်းခန့် အမှန်အတိုင်းပြောလိုက်တာကို ဆရာဝန်မက ပြုံးသည်။ မင်းခန့် တကယ်ပင် ကိုယ် ပေါ်မှာ ဘာနာကျင်မှုမှ မခံစားရ။ စိတ်ရောကိုယ်ပါ လေးလံထုံထိုင်းနေသည့် ခံစားမှု တရပ် ကိုပဲသိသည်။စမ်းစရာ ရှိတာစမ်း၊ လူနာမှတ်တမ်းမှာ အနည်းငယ်ရေးခြစ် လိုက်ပြီးနောက် ဆရာဝန် မနှင့် အဖွဲ့ ပြန်ထွက်သွားကြသည်။ မာလာ မင်းခန့် နဘေးမှာ ဝင်ထိုင်ပြီးနောက်ထပ် စကားမစရ သေးခင် မျိုးမင်းစိုး နှင့် ကျော်သက် ဝင်လာ၏။ မျိုးမင်းစိုး မျက်နှာက နီရဲနေပြီး အရက်နံ့က အခန်းထဲမှာ တထောင်းထောင်းထသွား၏။ “ဟာ ...သတိပြန်ရနေပြီကွ” အနားကပ်လာသည့် ကျော်သက်ကို မာလာက မျက်မှောင်ကုပ်ကြည့်ပြီး မျိုးမင်းစိုး ကို မေး ငေါ့ပြလိုက်ရာ ကျော်သက်က ပုခုံးတွန့် ပြီး လက်ကလေးကာပြ၏။ ကျော်သက် က တော့ အေးအေး ဆေးဆေးပင်။ သောက်ထားသည့် ပုံမရပါ။ “ဟေ့ ကောင် ..လာပြီး၊ စကားလေး ဘာလေး ပြောဦးလေ” အဝနားမှာ ယောင်လည်လည်လုပ်နေသည့် မျိုးမင်းစိုး ကို ကျော်သက် လှမ်းခေါ်လိုက် တော့မှ မျက်နှာကြီးအောက်စိုက်ပြီး အနားကိုရောက်လာသည်။ “နေ ..နေ ကောင်းတယ်နော်” “ကောင်းပါတယ်၊ သက်သာပါတယ်” ဒီလောက်ပဲ မေးပြီးနောက် အခန်းထဲက ခုံတလုံးမှာ ငူငူကြီး သွားထိုင်နေသည့် မျိုးမင်းစိုး ကိုနားမလည်သလိုနှင့် ကျော်သက်တို့ လင်မယား တယောက်မျက်နှာ တယောက် ကြည့် ကြသည်။ သူတို့နားမလည်ပေမယ့် မင်းခန့် ကတော့ မျိုးမင်းစိုးကို နားလည်ပါသည်။ ဒါ ပေမယ့် ကံကြမ္မာစေစားရာကိုသာ နာခံနေရသည့် ဘဝတွင် မင်းခန့် လည်း ဖြစ်ခဲ့သမျှ အတွက် ဘာမှ မတတ်နိုင်ပါ။ အနားမှာ ရှိသည့် မာလာ့ကိုသာမေးရသည်။ “ဆိုင် ကို ဘယ်လိုထားခဲ့လဲ မမ” “ညကိုးနာရီပဲ ထိုးနေပြီ၊ ဆိုင်ပိတ်ပြီပေါ့ ဟဲ့” “ဒီကိုလာတုန်းက ပြောတာပါ” “အော် ..မေမေ ရှိပါတယ်၊ ကဲ ကိုကျော်သက်ရေ အစီအစဉ်တွေ ပြောင်းမှနဲ့ တူတယ်၊ ကို မျိုးမင်း ကြည့်ရတာ အခြေအနေ မကောင်းဘူး” “အင်း ..ကိုယ်လဲ စဉ်းစားနေတာ” မူလ အစီအစဉ် က မျိုးမင်းစိုး ကို ထမင်းကျွေးပြီးလျှင် ကျော်သက်နှင့် မာလာက အိမ်ပြန် ဖို့ ဖြစ်သည်။ မျိုးမင်းစိုး က ဆေးရုံမှာပဲ အိပ်ပြီး မင်းခန့် ကိုစောင့်ဖို့ ဖြစ်၏။ ဒါပေမယ့် အခု တော့ မျိုးမင်းစိုး အမူအရာကိုကြည့်ပြီး မာလာက ထားခဲ့ဖို့ စိတ်မချတော့။ အရမ်းမူးနေတာ က သိသာလွန်းသည်။ “မာလာနေခဲ့မယ်၊ ကို့ သူငယ်ချင်းကို ပြန်ခေါ်သွားပြီး သိပ်လိုက်တော့၊ မနက်အမူးပြေမှ လာ ပါစေ” “ဒီလိုပဲ လုပ်ရတော့မှာပဲ၊ ကိုယ်လဲတားတာပဲ၊ တားလို့ မှမရတာ နင်းကန်စွတ်သောက်နေ တာ၊ ဒါတောင်မှ ကိုယ်အတင်းပိုက်ဆံရှင်းပြီး ဆွဲထုတ်လာလို့” မာလာက ဆိုင်တဖက် ကလေးတွေတဖက်နှင့် ဆိုတော့ ညအိပ်နေခိုင်းဖို့ မင်းခန့် အားနာ သည်။ မျိုးမင်းစိုး ကိုလည်း မနေစေချင်။ “ညီမ နေလို့ ကောင်းပါတယ်၊ မမ တို့ကိုမျိုးမင်းစိုး ကိုသာပြန်ခေါ်သွားပါ၊ တယောက်ထဲလဲ ဖြစ်ပါတယ်၊ အပြင်မှာ ဆရာမတွေလဲ ရှိတာပဲ” “စပယ်ရှယ် နာ့စ် ခေါ်ရင်ကော မာလာ” “ခေါ်မလို့ ပဲ၊ ကို့ သူငယ်ချင်းက သူပဲစောင့်မယ် ဆိုလို့ မခေါ်ဖြစ်တာ” “ဒီလိုလုပ်ပါလား၊ ကိုကျော်သက် ဖြစ်ဖြစ် မမ ဖြစ်ဖြစ် ဆရာမတွေကို သွားမေးကြည့်လိုက် ပါလား၊ ရမယ် ဆိုရင် တခါထဲခေါ်လာခဲ့လေ၊ ပြီးတော့မှ သူ့ကိုပြန်ခေါ်သွားပေါ့” မင်းခန့် ဝင်ဆုံးဖြတ်လိုက်ပြီးနောက် ကျော်သက် က မျိုးမင်းစိုး ကို တချက်လှမ်းကြည့်ပြီး နောက် အပြင်ကို လှစ်ကနဲ ထွက်သွားသည်။ ခန ကြာတော့ ဆရာမ တယောက်နှင့် အတူ ပြန်ဝင်လာ၏။ ထို့နောက် မျိုးမင်းစိုး ဆီကိုသွား၍ ပြန်လိုက်ခဲ့ဖို့ခေါ်သည်။ “ဒီမှာ ညစောင့်ပေးဖို့ ဆရာမလဲ ရပြီ။ မင်းလည်း အရမ်းပင်ပန်းနေပြီဆိုတော့ ဒီညတော့ အိမ်ပြန်အိပ်တော့ ကွာနော်၊ နောက်နေ့တွေမှ စောင့်အိပ်ပေါ့” မျိုးမင်းစိုး ဘာမှ ပြန်မပြောဘဲ ကျော်သက်ကို ကြောင်တောင်တောင်ကြီး ကြည့်နေသည်။ ထိုင်ရာကလည်း မထပါ။ မင်းခန့် မနေသာတော့ဘဲ လှမ်းပြောလိုက်ရ၏။ “ကိုမျိုးမင်းစိုး ခန လာပါဦး” ဒါတောင်မှ တော်တော်နှင့် မထလို့ ကျော်သက်က သူ့ကိုယ်ကြီးကို အတင်းဆွဲထူရသည်။ “ဟေ့ ကောင်လာ၊ ထလေ၊ ဟိုမှာ ပန်းအိဖြူခေါ်နေတယ်” ကျော်သက် မနိုင်တနိုင်ဆွဲပြီး အနားကိုရောက်လာတော့မှ “နေလို့ ကောင်းပါတယ်၊ ဆရာဝန်ကပြောတော့ စိတ်ပူစရာလဲ မရှိဘူးတဲ့၊ ဒီည အိမ်မှာပဲ ပြန် အိပ်လိုက်နော်” မင်းခန့် ကိုကြောင်ကြောင်ကြီး ကြည့်နေလို့ ကျော်သက်က အတင်းဆွဲထုတ်သွားသည်။ “ကြားတယ် မဟုတ်လား၊ နေကောင်းတယ်တဲ့၊ လာစမ်းပါကွာ၊ နောက်နေ့ တွေမှ မင်းစိတ် ကြိုက်နေ ဟုတ်လား” “ဟို ..မင်း ..ပန်း ..ပန်းက” “ပန်းနေကောင်းပါတယ်၊ ဘာမှ မဖြစ်ဘူး၊ ပြန်လိုက်သွားပါ” မာလာကလည်း တဖက်ကဆွဲသောကြောင့် မျိုးမင်းစိုး ပါသွားသည်။ သူအခန်း ပြင်ရောက် သွားတော့မှ မာလာပြန်ဝင်လာပြီး သူမ၏ လက်ကိုင်အိတ်ကိုယူသည်။ “ကားမောင်းခိုင်းဖို့ တောင် အဆင်ပြေပါ့မလား” “အမ မောင်းပို့ လိုက်မယ် ညီမလေး၊ စိတ်သိပ်မပူပါနဲ့” ကျော်သက်က ကားမောင်းရမှာ အလွန်ကြောက်သူဖြစ်သည်။ ကားလည်း မမောင်းတတ်။ ကားဝယ်နိုင်သည့် တိုင်အောင် လူစီးကားမဝယ်ဘဲ လုပ်ငန်းသုံးဖို့ သာဝယ်သူဖြစ်သည်။ အရင်ဘဝက တားတိုက်လို့ သေခဲ့သူဟု မင်းခန့် နောက်ဖူးသည်။ နောက်ဆုံးကျတော့ ကားတိုက်ပြီးသေရသူက မင်းခန့် ဖြစ်သွားခဲ့၏။ “ဟို ..တယောက်က အရက်စော်နံဟောင်နေတာပဲ၊ ဘာတော်လဲ ဟင်” မာလာ ပြန်ထွက်သွားပြီးနောက် ဆရာမ ကမေး၏။ “ကျွန် ..ကျွန်မ ..အမျိုးသားပါ၊ ကလေးပျက်ကျသွားလို့ အရမ်းစိတ်ထိခိုက်နေတာ” “ယောက်ျားတွေက ဒီလိုပါပဲ၊ ဒါမျိုးကိစ္စ ဆိုရင် အရမ်းကို သဲပြကြတာ။ ပြီးရင်စောင့် ကြည့် တပတ်မကြာဘူး အရင်အတိုင်းပြန် ဖြစ်သွားလိမ့်မယ်” ဒီဆရာမမှာ ဘယ်လိုအတွေ့ အကြုံ တွေ ရှိလို့ ဒီလိုပြောသလဲ ဆိုတာတော့ မင်းခန့် မသိ နိုင်ပါ။ မျိုးမင်းစိုး က ဒီလိုယောက်ျားမျိုးမဟုတ်နိုင်လို့ တော့ ထင်မိပါသည်။ ဒါပေမယ့် ဆ ရာမ၏ စ ကားကို ပြန်လည်ဆွေးနွေး မနေတော့ဘဲ နှုတ်ပိတ်ကာ ငြိမ်သက်နေလိုက်မိ၏။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း-၄ (စ) ဆေးရုံပေါ်မှာ မင်းခန့်၏ ကျန်းမာရေးက တနေ့တခြားကောင်းလာသည်နှင့် အမျှ မျိုးမင်းစိုး ၏ အခြေအနေ ကတော့ ပိုဆိုးလာသည်ဟု ဆိုရမည်။ မင်းခန့် အတွက် နေ့ရောညပါ စ ပယ်ရှယ်နာ့စ် တယောက်စီ မာလာ အတင်းငှားပေးထားလိုက်ပြီးနောက်တွင် မျိုးမင်းစိုး တ နေ့ နှစ်ကြိမ် မင်းခန့် ဆီ မှန်မှန်လာပါသည်။ မနက် အလုပ်မသွားခင် တခေါက်ဝင်လာပြီး ညနေအလုပ်ပြန်ချိန်မှာ ခနတဖြုတ် ဝင်လာ သည်။ မင်းခန့် ၏ ကျန်းမာရေး အခြေအနေအပေါ် ပူပန်စိတ် နှင့် ဂရုစိုက်မှုတွေ ကို သူ့ မျက်နှာ မှာမြင်ရသော်လည်း ကျန်တာတွေ စိတ်မဝင်စားနိုင်သည့် အမူအရာမျိုးဖြင့် ငူငူ ငိုင်ငိုင် ဖြစ်နေတတ်သည်။ မင်းခန့် ဆီက ပြန်တာနှင့် အရက်ဆိုင်တန်းဝင်ကြောင်း မာလာ ပြန်ပြောပြသည်။ မာလာကတော့ ညနေတိုင်း ဆိုင်သိမ်းပြီးတာ နှင့် မင်းခန့် ဆီရောက်လာသည်။ ဒါမှမဟုတ် ရင်လည်း အိမ်ပြန်ကာလုပ်စရာ ရှိတာလေးတွေလုပ်ပြီးမှ ရောက်လာကာ မိုးချုပ်သည် အ ထိ နေပေးသည်။ မျိုးမင်းစိုး အခုတလောလုပ်နေတာတွေ အပေါ် ဘာဝေဖန်ချက်မှ မ ပေး သော်လည်း မာလာတို့ လင်မယား မျိုးမင်းစိုး အပေါ်အားမလိုအားမရ ဖြစ်နေကြောင်း သူ တို့ စကားတွေထဲမှာ တစွန်းတစသိရသည်။ မင်းခန့် ကိုယ်တိုင်လည်း မျိုးမင်း စိုး အပေါ် အား မရပါ။ စိတ်နှင့် လူမကပ်သလိုဖြစ်နေသည့် ပုံစံက သိသာလွန်း၏။ ထွန်းအောင်ဇော်တို့ ဝင်းခိုင် တို့လည်း တခေါက်လာပြီး သတင်းမေးကြသည်။ စိုးစိုး နှင့် ခင် ထွေးမြင့်တော့ မပါပါ။ အလုပ်ရှုပ်နေသောကြောင့် လိုက်မလာကြဟု သူတို့တွေ ဖြေပြော ပေး ကြသော်လည်း မင်းခန့် နားလည်ပါ၏။ မျိုးမင်းစိုး ကို အားပေးကြဖို့သာ သူတို့ကို မှာမိ သည်။ ကိုယ်တိုင်ပြောချင်ပေမယ့် ဘယ်လိုပြောပြရမည် ဆိုတာမင်းခန့် မသိပါ။ အရင် က ဆိုရင် စကားပြိုင်ပြောတိုင်း မင်းခန့် က အနိုင်ရတတ်ပေမယ့် ဒီတခေါက်တော့ ကိုယ့်ကိုယ် ကို ယုံကြည်မှု ကင်းမဲ့နေ၏။ ကိုယ်ဝန်ပျက်ကျရခြင်း အကြောင်းကို ဆန်းစစ်ရင်လည်း မင်း ခန့်၏ ပေါ့လျော့မှု ဟု ဆိုနိုင်သည့် အတွက် မျိုးမင်းစိုး ကို နှစ်သိမ့်ပေးဖို့ ဝန်လေးနေမိ သည်။ကလေးအပေါ်မှာ မျိုးမင်းစိုး ဘယ်လောက် အလေးအနက် ထားသည်ဆိုတာ ဒီ ကမ္ဘာမှာ မင်းခန့် အသိဆုံးဖြစ်နေသည် မဟုတ်ပါလား။ မျိုးမင်းစိုး ကတော့ထူးခြားသည် ဆိုရမည်။ နေ့စဉ် ဆေးရုံကို လာပေမယ့် ဘယ်လိုကနေ ဘယ်လို ဖြစ်ပြီး ကိုယ်ဝန်ပျက်ကျသွားသည့် အကြောင်း မင်းခန့် ကို လုံးဝ မမေးပါ။ မာလာ တယောက်ကိုပဲ မင်းခန့် ရှင်းပြခဲ့၏။ မာလာကတော့ မျိုးမင်းစိုးကို ပြန်ပြောပြမည် ထင်ပါ သည်။ ချစ်စုနှင့် နပမ်းသတ်ခဲ့ ရသည့်ကိစ္စ ကိုတော့ချန်ထား ခဲ့ပါသည်။ မင်းခန့် စိတ်အထင် ပြောရလျှင် ချစ်စု ကိုယ်လုံးနှင့်လုံးထွေးသတ်ပုတ်ခဲ့ ရ စဉ် ကထဲက အထဲမှာ တခုခုတော့ ဖြစ်သွားသည်ထင်သည်။ ထပ်ပြီးချော်လဲ မိသောအခါ လုံးဝ ပျက်စီးသွားသည့် အခြေအနေ ကိုရောက်သွားခြင်း ဖြစ်လိမ့်မည်။ ထိုင်ခုံအောက်က ထွက် နေသောဖိနပ်ကို မမြင်ခဲ့ခြင်းက ကံဆိုးဖို့ ဖြစ်သွားသည်။ “ကိုမျိုးမင်း ဖုန်းလှမ်းဆက်တော့ ငိုသံပါကြီးနဲ့၊ အမ လည်းလန့် ပြီးချက်ချင်းပြေးလိုက် လာ တာ၊ ဆေးရုံရောက်မှ ကိုမျိုးမင်းဖုန်း နဲ့ ကိုကျော်သက်ကို လှမ်းပြောရတာ၊ သွေးကလဲ နှစ် ပုလင်းတောင်လိုတယ် ဆိုတော့ သူတို့ နှစ်ယောက် လူခွဲပြီး လိုက်ရှာရတယ်။ သွေးလှုမယ့် သူလည်း ချက်ချင်းရတယ်၊ ညီမလေး ကံပေါ့” ဖုန်းကိုင်သံကြားပြီး မင်းခန့် လုံးဝပြန်မထူး၍ မျိုးမင်းစိုး စိတ်ပူကာ အလုပ်ကနေ ချက်ချင်း ပြန်ပြေးလာလိုက်တာကြောင့်လည်း ဆေးရုံ မြန်မြန်ပို့ နိုင်ခြင်း ဖြစ်သည်။ မျိုးမင်းစိုးသာ ည နေကျမှ ပြန်ရောက်လာရင် မင်းခန့် သွေးထွက်လွန်ပြီး လမ်းဆုံးရောက်သွားနိုင်သည်။ “သူ နောက်ကျလဲ ကောင်းတာပါပဲ” “ဟင် ...ဘာလဲ ညီမလေး” ကိုယ့်ဖာသာတီးတိုးရေရွတ်မိသည်ကို မာလာ သဲသဲကွဲကွဲ မကြားလိုက်၍ ပြန်မေးသည်။ “အော် ..ဘာမှ မဟုတ်ပါဘူး” “ကိုမျိုးမင်း ကိုလည်းဖျောင်းဖျပါဦး ညီမလေးရယ်၊ ငါ့ ညီမ ပြောရင်ရမှာပါ၊” “သူက ဒီအကြောင်းကို လုံးဝ စမပြောဘူး မမရဲ့၊ ညီမ ကလည်း ကိုယ်နမော်နမဲ့ နိုင်ခဲ့သလို ဖြစ်နေတော့ အစခက်နေတယ်” “ပြောပြပေါ့၊ ညီမလေး အနေအထားက နောက်တခါ ကိုယ်ဝန်ဆောင်လို့ မရတော့တာမှ မ ဟုတ်တာ၊ နှစ်ယောက် အစားပြန်ပေးမယ်လို့ ပြောလိုက်၊ ကိုမျိုးမင်းက ညီမလေးကို အရမ်း ချစ်တာပါ။ ညီမလေးပြောရင် သူ့ အချိုးပြင်မှာပါ” နောက်တကြိမ်ဆိုတာ ဘယ်လိုမှ မရှိနိုင်တော့ကြောင်းမာလာ့ ကို မင်းခန့် ဘယ်လိုပြောရ မှန်း မသိပါ။ သက်ပြင်း ကိုသာချမိသည်။ မင်းခန့် ကိုလည်း ဆရာဝန်မကြီး ကပြောပါ သည်။ သားအိမ် ထိခိုက်ပျက်စီးသွားတာ မရှိသည့်အတွက် အချိန်အတိုင်း အတာတခုအထိ အနား ယူပြီး သားအိမ်ပြန်လည် ကြံ့ခိုင်လာလျှင် ကိုယ်ဝန်ပြန်ဆောင်နိုင်သည်ဟု ရှင်းပြ၏။ ဆရာ ဝန်မကြီး ပြောတုန်းကလည်း မင်းခန့် ခပ်မဆိတ်နေလိုက်ပါသည်။ “ဒီနှစ်ယောက်က ဘယ်လိုကြီးတွေလဲ မသိဘူး၊ ကိုမျိုးမင်း ကို သူဝမ်းသာမလားလို့ ကို ကျော်သက် က ဒီအကြောင်းပြောပြတော့ မဖြစ်နိုင်တော့ပါဘူးကွာ ဆိုပြီး ခေါင်းကြီးခါ သတဲ့၊ ညီမလေး ကလဲ မလိုချင်တော့ဘူးလား” “ဒီလိုလဲ မဟုတ်ပါဘူး” ဘာပြောရမှန်း မသိတာနှင့် ဝေဝေဝါးဝါးပဲ ဖြေမိသည်။ “ညီမလေး အားပေးရင် ရမှာပါ၊ နောက်ပြီး ကိုမျိုးမင်း စိတ်မကောင်းဖြစ်နေတာ ကိုမင်းခန့် ကြောင့်လည်းပါတယ်” “ဘာ ..ဘာဖြစ်လို့ လဲမမ” မာလာနှင့် ကျော်သက်တို့ တစွန်းတစ သိသွားလေသလားဟု အလန့်တကြားနှင့် မေးမိ သည်။ “ဟို ကွယ်.. ကိုမျိုးမင်း တို့ ကိုကျော်သက်တို့ သူငယ်ချင်းကိုမင်းခန့် ဆိုတာကြားဖူးတယ် မဟုတ်လား၊ ဆုံးသွားပြီလေ” “ဟုတ် ...ဟုတ်ကဲ့ မမ” “သူက ပလေးဘွိုင်းလေ၊ ကိုဖိုးစွံကြီးပေါ့၊ ကိုမျိုးမင်း နဲ့ အတွဲဆုံး အခင်ဆုံးတွေ၊ ကိုမျိုးမင်း က ညီမဗိုက်ထဲက ကလေးကို ကိုမင်းခန့် ဝင်စားတာလို့ ထင်နေတာ” ကိုယ်ဝန်ပျက်ကျကာ စိတ်ပျက်စရာတွေ ဖြစ်ပြီးမှ မင်းခန့် ပထမဆုံးအကြိမ်ရယ်ချင်စိတ် ပေါက်လာသည်။ မျိုးမင်းစိုး ဘာတွေပေါက်ကရပြောထားသလဲ ဟု သိချင်စိတ်လဲ ဖြစ် လာသောကြောင့် “ညီမ ကိုတော့ မပြောဘူးမမ၊ မမ တို့ကိုဘာပြောလို့လဲ” “အမ တို့ကိုလဲ ကိုမျိုးမင်း က ဘာမှ မပြောပါဘူး၊ ပြောရရင် အရှည်ကြီး ညီမရေ၊ ဇာတ် လမ်းစတာ ကိုဝင်းခိုင်၊ သူ့ကို အိပ်မက်ထဲမှာ ကိုမင်းခန့် က ငါမကြာခင်မင်းတို့ နဲ့လာတွေ့ မယ်လို့ပြောတယ်တဲ့၊ နောက်ပိုင်း ညီမ ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့သတင်းထွက်လာတော့ ဒါကို ဆိုလိုတာပဲ လို့ တွက်ကြတယ်လေ၊ ကိုမင်းခန့် နဲ့ ကိုမျိုးမင်းက သိပ်ခင်ကြတာကိုး၊ သူ့ အ ချစ် ဆုံး သူငယ်ချင်းနဲ့ တူတူနေဖို့ ပြန်လာတာထင်ကြတာပေါ့” “ကိုမျိုးမင်းစိုး ကို မေးမကြည့်ဘူးလား” “မေးကြည့်တယ်လေ၊ မေးကြည့်တော့ရယ်နေတယ်၊ မင်းခန့် က ငါနဲ့ လာနေမယ်ဆိုတာ ဘာဆန်းလို့လဲတဲ့” အဲဒီအချိန်တုန်းက မျိုးမင်းစိုး တော်တော်ရယ်ချင် နေလိမ့်မည် ထင်သည်။ မင်းခန့် တောင် အခုရယ်ချင်နေမိ၏။ မရယ်မိအောင် မနည်းထိန်းထားရသည်။ စောစောက စိတ်ညစ်ညူး နေတာတောင် ပျယ်လွင့် သလိုဖြစ်သွားသည်။ “အော် ..အဲဒါပဲလား” “အမ လဲ ညီမလေးကို အကဲခတ်တယ်၊ အရင်ကတော့ အမှတ်တမဲ့ပါပဲ၊ ဒါပေမယ့် ကိုယ် ဝန် ရှိပြီးနောက်ပိုင်း အမ နဲ့ ညီမ တူတူသွား တူတူစားကြရင်း သတိထားမိတာက ညီမ လေး စားသမျှတွေက ကိုမင်းခန့် အကြိုက်တွေချည်းပဲ၊ ညီမနဲ့ ကိုမင်းခန့် အကြိုက်ချင်း တူ တာ ဖြစ် ချင်ဖြစ် မဟုတ်လို့ကတော့ ကိုမင်းခန့် ညီမဆီရောက်နေလို့ပဲ လို့ထင်တာပေါ့” “ညီမလဲ၊ စိတ်ထဲရှိတာလျှောက်စားနေတာပါ မမရယ်” “အင်းပေါ့၊ သွေးတောင်းတာ ဖြစ်မှာပေါ့၊ ညီမလေးကလဲ ကိုယ်ဝန်ရှိလာမှ အရမ်းလှလာ တော့ မိန်းကလေး မွေးမယ်ပဲ တွက်ကြတယ်လေ၊ မိန်းကလေး ဖြစ်ရင် ယောက်ျားလေး ဘဝတုန်းက ပွေခဲ့ ရှုပ် ခဲ့သမျှ ကိုမင်းခန့် ဝဋ်လည်တော့မယ်၊ ကြားထဲက ကိုမျိုးမင်း ခေါင်း ကျိန်းရတော့မယ် ဆိုပြီး ရယ်နေကြတာ” မင်းခန့် ဝဋ်လည်ပြီး မျိုးမင်းစိုး ခေါင်းကျိန်းနေရတာကတော့ အမှန်ပဲဖြစ်သည်။ မျိုးမင်းစိုး ဆီမှာ မင်းခန့် လာနေတာလည်းဟုတ်၏။ အကြောင်းအရာ ဟုတ်ပေမယ့် လူလွဲနေခြင်း ပဲ ရှိသည်။ “ကိုမျိုးမင်းက ရင်သွေးပါ ဆုံးတဲ့ အပြင် သူငယ်ချင်းပြန်လာမယ်ဆိုပြီး မျှော်လင့်ထားသမျှ လည်းပျက်သွားတော့ ညီမထက် ပိုခံစားရရှာမှာပေါ့၊ ဒါကြောင့် ညီမလေးက အားပေးပါ လို့ ပြောရတာ၊ ညီမလေး က ကိုမျိုးမင်းထက် ပိုပြီးစိတ်ခိုင်တယ်လေ၊” “ပြောကြည့်ပါ့မယ်” ကတိပေးလိုက်သည့် မင်းခန့်လေသံက အသက်မပါ၊ အားအင်ကင်းမဲ့ နေသည်။ အဖြေမရှိ သော ပုစ ္ဆာကို ဘယ်လို အဖြေရှာရမည်နည်း။ ကိုယ့်ဝမ်းနာ ကိုယ်ပဲသိချိန်မှာ စိတ်ထဲ ရှိသ မျှ ထုတ်ပြလို့ မဖြစ်ပါ။ မျိုးမင်းစိုး ကိုယ့်ကိုယ်ကို အမြန်ဆုံး ပြန်လည်ထိန်းချုပ် နိုင်ပါစေလို့ သာ ဆုတောင်းရတော့သည်။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxx “မင်းဘာတွေလုပ်နေတယ် ဆိုတာသိရဲ့လားမျိုးမင်းစိုး” မင်းခန့် အနားကို ရောက်လာတာကို မသိဘဲ စကားသံကြားရတော့မှ မျိုးမင်းစိုး မော့ကြည့် သည်။ ရီဝေကာလည်နေသည့် မျက်လုံးတွေက တော်တော်လေး မူးနေပြီဆိုတာ ကို ဖေါ်ပြ နေ၏။ မူးနေပေမယ့် လက်ထဲက ခွက်မှာအရက် အပြည့်ရှိသေးသလို စားပွဲပေါ်က ပုလင်း ကလည်း အဖုံးဖွင့်လျက်သား ရှိသေးသည်။ ခုံဆွဲထုတ်ပြီး မင်းခန့် ဝင်ထိုင်လိုက်သည့် အခါ မျိုးမင်းစိုး မပီတပီ ပြုံး၏။ ပြီးတော့ မင်းခန့် ကို မကြည့်တော့ဘဲ သူ့ဖာသာ အရက်ကို မော့သောက်နေသည်။ ကာလတို အပိုင်း အခြား လေးတခု အတွင်းမှာပင် မယုံနိုင်စရာ ပြောင်းလည်းသွားသည့် သူငယ်ချင်းကို မင်းခန့် နှ မျောတသ စွာကြည့်နေမိသည်။ ဟိုအရင်က ဆိုရင် မျိုးမင်းစိုး သောက်တတ် စားတတ် သည် ဆိုပေမယ့် သူငယ်ချင်းတွေ နှင့် ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့သည့် သဘောသာ။ ဘယ် တော့မှ အလွန်အကျွံ မသောက်။ လွန်သွားသည့် သူတွေကို ထိန်းပြီး တယောက်ပြီးတ ယောက် ကားနှင့် လိုက်ပို့ ပေးရသူဆိုတော့ ပိုဆင်ခြင်သည်။ အခုတော့ ဒီလို မဟုတ်တော့ ပြီ။ တစွတ်စွတ် နှင့် သောက်ချင်တိုင်းသောက်နေသည်။ မင်းခန့် ဆေးရုံတက်နေစဉ်ကထဲက စပြီးသောက်လိုက်သည့် အသောက်သည် ရပ်နားသွား သည် မရှိဘဲ တနေ့ထက် တနေ့ပိုတိုးလာသည်။ ဆေးရုံကနေ မင်းခန့် ကိုပြန်ခေါ် လာပြီး နောက် အိမ်မှာနေရာချပေးကာ အပြင်ကို ပြန်ထွက်သွားသည်။ မင်းခန့် လည်းအိပ်ပျော် သွားလို့ သူဘယ်အချိန်ပြန်ရောက်လာမှန်းတောင် မသိလိုက်ပါ။ နောက်နေ့ တွေလည်းထို နည်း တူပင်။ မင်းခန့် အတွက် စားရေးသောက်ရေးစီစဉ် ပေးသည့် ဝတ္တရားကိုတော့ မပျက် ကွက်ပါ။ မနက်မိုးလင်းသည် နှင့် ချက်ပြုတ်ပြင်ဆင်ပေးပြီး အလုပ် ကို သွားသည်။ ညနေ ဖက်ဆိုရင် စားစရာတခုခု လာပို့ပေးပြီး ပြန်ထွက်သွား သည်မှာ ညနက်သန်းခေါင် အထိလို့ ပြောနိုင်သည်။ နောက်ပိုင်း ကျတော့ စတိုင်တမျိုးပြောင်း သွားသည်။ အလုပ်က ပြန်လာရင် နည်းနည်းပဲ သောက်လာပြီး ပုလင်းနှင့် အမြည်းပါလာသည်။ အိမ်က ထမင်းစားခန်းထဲမှာပဲ ဆက် သောက်၏။ အစတော့ မင်းခန့် ဘာဖြစ်လို့ ဒီလိုလုပ်မှန်း မသိပါ။ နောက်မှ မူးမူး နှင့် ကား မောင်းအပြန်မှာ လူတယောက်ကို ပွတ်ဆွဲမိသွား၍ ပြဿနာတက်ကြောင်း မာလာပြော လို့ သိရသည်။ ရုံးရောက် ဂါတ်ရောက် မဖြစ်စေရန် တော်တော်ကုန်ကျသွား၏။ အတိုက်ခံရသူ ကလည်း ဒါဏ်ရာ အနည်းငယ်ပဲ ရတာကံကောင်းသွားသည်။ ဆေးရုံက ဆင်းပြီးနောက်ပိုင်း မင်းခန့် လည်း မာလာတို့ဆိုင် မှာ ပြန်မလုပ်ဖြစ်တော့သလို ဖြစ်သွားသည်။ အနားယူသည့် သဘောနှင့် အိမ်မှာပဲ နေရင်း တခါတလေမှသာ သူတို့ဆိုင် ဖက်ကို ရောက်သည်။ မင်းခန့် ဆေးရုံမတက်ခင် မာလာ၏ ညီမဝမ်းကွဲလေး တယောက် နယ် ကနေ ရန်ကုန်အလည်လာသည်။ သူလည်း စတိုးဆိုင်ဖွင့်ဖူးသည် ဟု သိရ၏။ အလည် သက်သက် လာခြင်းဖြစ်သော်လည်း မင်းခန့် မရှိလို့ မာလာတယောက်ထဲ ဖြစ်နေတာကိုကူ ညီပေးရင်း မပြန်ဖြစ်ဘဲ သောင်တင်နေသည်။ ထို့ကြောင့် မင်းခန့် အလုပ်မသွားလည်း မာ လာ့ကို ကူမည့် သူရှိနေလို့ အားနာစရာမလိုတော့ပါ။ အိမ်မှာပျင်းသည့် နေမျိုးတွေသာ ခန တဖြုတ်သွားထိုင်ပြီး ဈေးဝိုင်းရောင်းပေး ရင်း မာလာနှင့် စကားစမြည်ပြောဖို့ပဲ ရောက်တော့ သည်။ “ထိန်းပါဦး ညီမလေးရယ်၊ အလုပ်ထဲမှာလဲ အဆင်မပြေဘူးတဲ့၊ ညက များထားတော့ မ နက် အလုပ်မသွားခင် ပြန်ဖြေ၊ ပြန်ဖြေတော့ ပြန်မူးနဲ့ သံသရာ ဘယ်ဆုံးတော့မလဲ၊ မူး နေတော့ အလုပ်လဲ ကောင်းကောင်း မလုပ်နိုင်တော့ဘူးပေါ့။ ကို ကျော်သက်တို့လဲ ပြော ရတာ အာပေါက်နေပြီ” သူ့ကို လိုချင်လွန်းလို့ ကြိုက်ဈေးပေးကာ ခေါ်ခန့်ထားသည့် အလုပ်ရှင်တောင်မှ တော် တော်လေး စိတ်ပျက်နေသည်ဟု ကြားရသည်။ စိုးစိုး တို့ကတော့ ပန်းအိဖြူကို ယူမိလို့ မျိုးမင်းစိုး အခုလိုဖြစ်ရသည်ဟု တွက်နေကြတော့မှာ မလွဲပါ။ မင်းခန့် ကိုယ်တိုင်လည်း အခုလောက်အထိ မျိုးမင်းစိုး စိတ်ဓါတ်တွေကျဆင်းပြီး ထင်ရာစိုင်းနေသည့် မြင်ကွင်းကို မကြည့်ရက်ပါ။ သူ့ဖာသာနားလည်ပြီး အသိစိတ်ဝင်လာမလားဟု စောင့်ကြည့်နေသော် လည်း တနေ့တခြား ပိုဆိုးလာတာပဲ ရှိလို့ ခုလို ပြောခြင်း ဖြစ်သည်။ခါတိုင်း ဆိုရင် မျိုးမင်း စိုး ထမင်းစားခန်းထဲမှာ သောက်နေရင် မင်းခန့် အိပ်ခန်းထဲမှာ နေချင်နေ မနေချင်ရင် အိမ် ရှေ့မှာ တီဗွီ ထိုင်ကြည့်နေလေ့ ရှိသည်။ ဒီနေ့ ကတော့ အလုပ်ပိတ်ရက် ဖြစ်နေတော့ မျိုးမင်းစိုး အစောကြီးထဲက ထမင်းစားခန်း ထဲမှာ ပုလင်းထောင်နေသည်။ “အခုန ငါမေးတာ မင်း မဖြေသေးဘူး” “ဘာမေးလို့လဲ” “မင်းဘာလုပ်နေတယ် ဆိုတာသိရဲ့လားလို့” “အရက်သောက်နေတယ်လေ” “မသောက်နဲ့ လို့ ငါမပြောပါဘူး၊ ငါလဲ အရင်က သောက်ခဲ့တာပဲ၊ ဒါပေမယ့် အလွန် အကျွံ တော့ မကောင်းဘူးပေါ့ကွာ၊” “ငါမူး နေရင် မင်းက ကြောက်လို့လား” “ကိုယ့်ဟာကိုယ် တောင် အားမတင်းနိုင်အောင် စိတ်ကျနေတဲ့ လူတယောက်ကို ကြောက် စရာလားကွာ၊ မင်း အစွယ်ကို မင်းပြန်ချိုးထားပြီပဲ၊ ငါဘာလို့ ကြောက်ရမှာလဲ” “အေးလေ၊ ဒါဖြင့်ရင်လဲ ဘာလို့ပြောနေရတာလဲ” “မင်းကို နှမျောလို့၊ မင်းအရည်အချင်း၊ မင်းစိတ်ဓါတ် ကိုနှမျောလို့၊ အလုပ်ထဲမှာ အဆင်မ ပြေတဲ့ သတင်းလဲ ကြားတယ်၊ အလုပ်ချိန်ပြင်ပမှာ ကြိုက်သလိုလုပ်လို့ ရတယ်၊ တာဝန်ချိန် မှာ အရက် မူးနေတတ်တာ မျိုးမင်းစိုး မဟုတ်ဘူးလေ” “မျိုးမင်းစိုး မဟုတ်တော့ ဘာဖြစ်လဲ၊ မင်းတောင်မှ မင်းခန့် မဟုတ်တော့ဘဲဟာကို” “ငါက ငါ့ ကံ အကြောင်းတရားနဲ့ ငါဖြစ်လာရတာ၊ မင်းက မင်းဟာမင်း လုပ်ယူနေတာ” “အဲဒါလဲ ငါ့ကံ ပဲ မဟုတ်ဘူးလားကွာ၊ ဒီမှာ မင်းခန့်၊ ငါ ဘယ်လောက် ကံဆိုးတယ်၊ လော ကကြီးက ငါ့အပေါ် ဘယ်လောက်အထိမတရားတယ် ဆိုတာမင်း အသိဆုံးပါ၊ ငါ..ငါ ..ငါ့ ..မျှော်လင့်ချက်တွေ” မျိုးမင်းစိုး အသံက ပြောနေရင်း နှင့် တိမ်ဝင်သွားသည်။ ကိုယ်ဝန်ပျက်ကျပြီး ကလေးကို ဆုံး ရှုံးလိုက်ရသည့် အဖြစ်က မျိုးမင်းစိုး ကို ဒီလောက်အထိဖြစ်သွားစေခဲ့ မှန်း မင်းခန့် လည်းသိပါသည်။ ဒါပေမယ့် မတတ်နိုင်။ သူ့အကြောင်းတရားနှင့် သူဖြစ်လာရပြီးနောက် မှာ မျိုးမင်းစိုး က ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ် နေတာမျိုးကိုတော့ လက်မခံနိုင်ပါ။ ရင့်ကျက် စွာ တွေးခေါ်တတ်ရမည့် ပညာတတ် တယောက်ဖြစ်ပါလျှက်နှင့် ဆင်ခြင်ဉာဏ် မဲ့သူတ ယောက်လို ပြုမူနေတာမျိုး လုံးဝ မဖြစ်စေချင်၊ မမြင်ချင်ပါ။ “ငါပြောဖူးပါတယ်၊ ငါလောဘ မကြီးပါဘူးလို့၊ ငါလိုချင်တာ နည်းနည်းလေးပါကွာ၊ အဲဒါ လေး ကိုတောင် ဘာဖြစ်လို့ မရနိုင်ရတာလဲ၊ ငါနဲ့ သက်ဆိုင်တဲ့ ကလေးလေးတယောက် ရှိ နေပြီ ဆိုတာသိလိုက်ကထဲက ငါ့ဘဝ ပြည့်စုံသွားပြီလို့ပဲ ယူဆထားလိုက်တယ်၊ မင်း .. မင်း .. ဗိုက်က တနေ့တခြား ပူလာတာကိုကြည့်ပြီး ငါပျော်တယ်၊ မကြာခင်ငါ့ ရင်သွေး လေး လောက ကိုရောက်လာတော့မယ်၊ သူ့အတွက် ငါငွေတွေရှာရတော့မယ်၊ အလုပ်တွေလုပ် ရ တော့မယ်၊ အို ... ဘာလုပ်ရလုပ်ရကွာ၊ ငါကျေနပ်နေတာ။ ပျော်နေတာ။ အဖေ ဘဝကို ရင်ခုန်နေတာ၊ ..ငါ့ကို အရူးလို့ ထင်ချင်ထင်၊ လုံးဝ ဂရုမစိုက်ဘူး၊ ငါ့ ကလေးက ငါ့အတွက် ဘုရားပေးတဲ့ ဆုပဲ” ခံစားချက် အပြည့်နှင့် ကြေကွဲဆို့နင့်စွာ ပြောနေသည့် မျိုးမင်းစိုးကို မင်းခန့် စာနာစွာကြည့် မိ သည်။ မျိုးမင်းစိုး ကလေးအတွက် ဘယ်လောက်ပျော်ရွှင်ခဲ့သည်၊ မျှော်လင့် ခဲ့သည် ဆို တာကို မင်းခန့် အသိဆုံး ဖြစ်သည်။ “ငါနားလည်ပါတယ်ကွာ၊ မင်း ဘယ်လောက်ခံစားရတယ် ဆိုတာ၊ ဒါပေမယ့် ပြီးခဲ့တာတွေ က ပြီးသွား ပြီ၊ ဘဝကို ဒီတိုင်းကြီး ဆက်သွားနေလို့ ရော ဖြစ်မှာလား” “မင်းအတွက်ကတော့ ဟုတ်မှာပေါ့၊ ဒီကလေးက မင်းအတွက် ဝန်ထုပ်ဝန်ပိုး တခုပဲကိုး၊ ခုချိန်မှာ မင်း လွတ်လပ်သွားပြီလေ” “ငါစိတ်ညစ်ခဲ့တာ မှန်တယ်၊ ဒါပေမယ့် မင်းထင်သလောက် တော့ ငါခါးခါးသီးသီး မဟုတ် ခဲ့ပါဘူးကွာ၊ မင်းလည်း အခုမှ အသက်သုံးဆယ်ပဲ ရှိသေးတာ၊ ကလေး အဖေဖြစ်ခွင့် နောက်ထပ်ကြုံချင်ကြုံဦးမှာပါ” မျိုးမင်းစိုးရယ်သည်။ ရယ်သံက နာကျည်းမှုတွေ စွက်နေသလို သရော်လှောင်ပြောင်ချင် ဟန် မျက်နှာထားလည်း ရှိနေ၏။ “နောက်ထပ် ကလေးတယောက်၊ ဟား ..ဟား၊ ဘယ်သူနဲ့လဲ” “မင်းအတွက် လိုလိုချင်ချင် ကိုယ်ဝန်ဆောင်ပေးမယ့် မိန်းမ စစ်စစ် တယောက်ယောက် နဲ့ ပေါ့” “ငါက မိန်းကလေး တယောက်ကို တကယ်မချစ်ဘဲနဲ့ ကလေးမွေးခိုင်းဖို့ ယူရမယ်လား၊ ဟား ..ဟား၊ ပန်းအိဖြူ ကို ချစ်ခဲ့သလိုမျိုး ငါဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့ဘူးကွ၊ ငါ့ ဘ ၀ နဲ့ငါပဲ ရှိပါစေတော့ကွာ၊ ဒီအတိုင်း မူးနေတာပဲ ကောင်းပါတယ်၊ သေချိန်တန်တော့ လည်း သေပေါ့၊ အေးတာပဲ” “ဒါဆိုလဲ မင်းကို ငါ နောက်ထပ် တယောက်မွေးပေးမယ်လေ” ပါးစပ်က လွှတ်ကနဲပြောလိုက်ပြီးမှ မင်းခန့် ကိုယ့်ပါးကိုယ်ပိတ်ရိုတ်ချင်စိတ်ပေါက်သွား သည်။ မျက်နှာတခုလုံးလဲ မီးဟပ်လိုက်သလို ပူပြီး စပ်ဖျင်းဖျင်း ဖြစ်သွား၏။ မျိုးမင်းစိုး စိတ် ထိခိုက်ကြေကွဲပြီး ကိုယ့် ဘဝကိုယ်ပြန် သတ်နေတာကို မကြည့်ရက်လို့ ပြောလိုက် မိတာ လည်း ဖြစ်ပါသည်။ “ဟား ..ဟား ..ဟား..ဟား” ရုတ်တရက်ကြီး မျိုးမင်းစိုး ထရယ်လိုက်သောကြောင့် မင်းခန့် ကြောင်သွားသည်။ ရှက်လဲ ရှက်သွား၏။ မခိုးမခန့် ဟန်ပန်ဖြင့် သူအားရအောင်ရယ်ပြီးမှ မျိုးမင်းစိုးက “ထပ်မွေးမယ်၊ ဟား ..ဟား..ဘယ်ကမျိုးနဲ့ မွေးမှာလဲ၊ မင်းအရင်နေဖူးတဲ့ အိမ်ဘေးက ထီး ပြင်တယ် ဆိုတဲ့ အမူးသမားနဲ့လား ..ဟား..ဟား” စားပွဲကို လက်နှင့် အားကုန်ရိုတ်ချလိုက်မိပြီး မင်းခန့် လက်နာသွားသော်လည်း နာတာကို ဂ ရုစိုက်မနေနိုင်တော့ပါ။ “မင်း ..မင်း ..စော်ကားလွန်းနေပြီ မျိုးမင်းစိုး၊ မင်းခံစားနေရတာကို မကြည့်ရက်လို့ ငါ့မာန ကို ဘေးချိတ်ပြီးပြောလိုက်တာကို မင်းက သိပ်ယား နေတယ်ထင်လို့လား၊ မင်းခန့် မိန်းမ ကိုယ်ထဲရောက်ပြီး ခံရတာလျှာလည်သွားပြီ၊ လူတကာကိုလိုက်ခံနေပြီလို့ မင်းထင်နေ သ လား၊ ငါက အဲဒီလူနဲ့ အိပ်ရအောင် ..မပြောချင်တော့ဘူးကွာ၊ မင်းစကားတွေ မင်းပြန်ရုတ် သိမ်းပါ” “မင်းကတော့ မသိဘူး၊ သူကတော့ မင်းကို လာချောင်းတာ ငါ့မျက်စိနဲ့ကိုတွေ့တာ” “ဘယ်တုန်းကလဲ” မင်းခန့်ကို အရေးလုပ်မဖြေဘဲ မျိုးမင်းစိုး က အရက်ခွက်ကို မော့သောက်နေသည်။ “ဟေ့ ကောင်ပြောလေကွာ” “သိပ်သိချင်နေတယ် ဟုတ်လား၊ ဟား ..ဟား” အမူးသမားနှင့် ဖက်ပြောမနေချင်လို့ မင်းခန့် ငြိမ်နေလိုက်သည်။ ဆက်မေးရင် ထီးပြင်တဲ့လူ အကြောင်းကို မင်းခန့်က အရမ်းသိချင်နေသည် အပြောခံရဦးမည်။ ထီးပြင် တဲ့ လူက ရက် ပိုင်း အတွင်းနိုင်ငံခြားကို ထွက်တော့မည်ဟု မင်းခန့် ကိုပြောသွားခဲ့၏။ အခု လောက်ဆိုရင် ရန်ကုန်မှာ ရှိမှာ မဟုတ်တော့။ ဒါပေမယ့် ဒီလိုကိစ္စ ဆိုတာကလည်း ပြော ရခက်သည်။ ထီး ပြင်တဲ့လူ မအူမလည်နှင့် လူလိမ်ခံရပြီး မသွားဖြစ်တာမျိုးလဲ ရှိနိုင်သည်။ “မင်း ဆေးရုံမတက်ခင် တရက်ကလေ၊ လှေခါးဝ နားမှာ ဟိုကွယ်ဒီကပ်နဲ့ ငါမမြင်ဘူးများ ထင်နေသလား မသိဘူး” ထိုနေ့ကဆိုရင်တော့ ဟုတ်နိုင်သည်။ ဒါပေမယ့် ထီးပြင်တဲ့လူ ပြန်လှည့်သွားတာ မင်းခန့် ကိုယ်တိုင်မြင်ခဲ့၏။ နောက်တခေါက် ပြန်လာစရာ အကြောင်းလည်း မရှိပါ။ မျိုးမင်းစိုး လူ မှားတာလဲ ဖြစ်ချင် ဖြစ်နိုင်သည်။ “ဟုတ်ရဲ့လားကွာ၊ မင်းမျက်စိမှားတာ များလား” “ဒီအခွက်ကို မှားစရာလား၊ လူကမဲမဲ၊ တီရှပ်က အဖြူဆွတ်ဆွတ်နဲ့ ရင်ဘတ်က ချေဂွေဗား ရား ပုံကိုတောင် ငါမှတ်မိသေးတယ်” “ချေဂွေဗားရား၊ဟို ...စစ်သားတွေဆောင်းတဲ့ ဦးထုပ်ပြားလေးဆောင်းထားတဲ့ နှုတ်ခမ်းမွှေး နဲ့ လူပုံလား” အမှတ်တမဲ့ နှုတ်ကထွက်သွားသည့် စကားကြောင့် မျိုးမင်းစိုး မျက်လုံးတွေ ပိုမှုန်မှိုင်း သွား ၏။ ဒီတိုင်းဆို ထီးပြင်တဲ့ လူဖြစ်နိုင်သည်။ ပြန်သွားတာကို မင်းခန့် မြင်လိုက်ပေမယ့် သူ က နည်းနည်း ထူးဆန်းသည့် လူဆိုတော့ ပြန်မလာဘူးလို့ မပြောနိုင်။ ပန်းအိဖြူ လက်ထပ် သွားတာ ကားအဖြူနှင့် လာနေတတ်သူ ဟုတ်မဟုတ် သေချာအောင်လာကြည့်တာ မျိုး လည်း ဖြစ်နိုင်သည်။ “ဟုတ်ပဗျာ၊ ချေ ကတော့ တော်လှန်ရေးသမား၊ မင်းတို့ နှစ်ယောက်ကတော့ ဘာလှန်တဲ့ လူတွေလဲ မသိဘူး၊ ဟား ..ဟား” မဖြစ်နိုင်သည့် အကြောင်းအရာတခုကို အတင်းဇွတ်ပြောနေသည့် မျိုးမင်းစိုးနှင့် ဆက်ပြီး အငြင်း အခုန်မလုပ်လိုတော့ပါ။ ပြောချင်ရင် သူမမူးသည့် အချိန်ပြောမှ ဖြစ်မည်ဟု ဆုံး ဖြတ် ကာ ထိုင်ရာက ထလိုက်၏။ “သွားတော့မလို့လား၊ သတိရသွားပြီထင်တယ်” “မျိုးမင်းစိုး ..မင်း ..မူးမနေတဲ့ အချိန်ကျမှ စကားပြောမယ်ကွာ၊ ခုတော့ ငါ အရမ်းနောင်တ ရနေတယ်၊ ဒေါသလဲ အရမ်းဖြစ်တယ်၊ နောက်မှ ပြောကြတာပေါ့” “ဘာကို နောင်တရတာလဲ၊ မင်းကောင်ကို ထားခဲ့ပြီး အိမ်ပြောင်းလာမိတာကိုလား” “မင်းကို နောက်ထပ် ကလေးယူ မလားလို့ မေးမိတာကိုကွ” ဒေါသ ဖြစ်ဖြစ်နှင့် မင်းခန့် ကုန်းအော်လိုက်မိသည်။ “တိုးတိုး ..တိုးတိုး ..လုပ်ပါကွာ၊ ကျေးဇူးတင်ပါတယ်၊ ပြောဖေါ်ရလို့၊ ဒါပေမယ့် ရှိပါစေတော့ ကွာ၊ ကောင်းမိကောင်းရက်ပြောပြီးမှ မင်းက စိတ်မလိုရင် ဖျက်ချဦးမှာပဲ ဥစ္စာ၊ ဒီတိုင်းထား လိုက်တာပဲ ကောင်းပါတယ်” “ငါက ကလေးကို ဖျက်ချလိုက်တယ် လို့ မင်းထင်နေသလား မျိုးမင်းစိုး” အေးစက်မာကျောစွာ ပြောလိုက်သည့် မင်းခန့် ကို မျိုးမင်းစိုး မျက်လုံးလေး ကလည်က လည်နှင့် မော့ကြည့်သည်။ တမင်လုပ်နေမှန်း သိလို့ မင်းခန့် ပို အသည်းယားလာရသည်။ “ပြောလေ မျိုးမင်းစိုး၊ မင်း ဒီလိုထင်ရင် ငါ့ကို ဘာဖြစ်လို့ ဆေးရုံပို့တာလဲ၊ ဆေးကုပေးတာ လဲ၊ သွေးလွန်ပြီးသေတာကို ထိုင်ကြည့်နေလိုက်ပေါ့” “ငါမလုပ်ရက်ဘူးလေ၊ မင်းဖျက်ချတယ် ဆိုတာလဲ နောက်တနေ့ မနက်မှ ငါသိတာ” “ငါမလုပ်ဘူး မျိုးမင်းစိုး” “သိတယ်၊ မင်းကို ငါနားလည်တယ် မင်းခန့်၊ မိန်းမတယောက်လုပ်ရတာ မင်းအတွက် ဘယ် လောက်ခက်ခဲတယ်၊ မင်းဘယ်လို စက်ဆုပ်တယ် ဆိုတာ ငါသိနေတယ်၊ မင်းလိုလူ က ကလေးမွေးရမယ်၊ နို့တိုက်ရမယ်၊ ကလေးအမေ လုပ်ရမယ် ဆိုရင် ဘယ်လောက်ခံ စား ရမယ် ဆိုတာ ကိုလည်းတွေးမိတယ်၊ ဒီတော့ ငါ မင်းကို အပြစ်မတင်ပါဘူးကွာ၊ တကယ်ပါ” မျိုးမင်းစိုး လုပ်နေပြောနေပုံတွေက မဟုတ်တော့ပေ။ စိတ်မှ ကောင်းသေးရဲ့လားတောင် မ သိပါ။ စောစောလေးက တင် မင်းခန့် ကိုယောက်ျားတယောက်နှင့် စွပ်စွဲပေးစားနေသူက အ ခုတော့ အားလုံးကို နားလည်သည် ဆိုလာပြန်သည်။ “မင်းကို လုံးဝ အပြစ်မတင်ပါဘူး၊ မင်းမလုပ်ချင်တာ တခုကို အတင်းလုပ်ခိုင်းခဲ့ မိတဲ့ ငါ့ ကိုယ်ငါပဲ အပြစ်တင်ပါတယ်၊ ..နောက်ပြီးတော့ ..ကြားထဲက ဘာမှ အပြစ်မရှိရှာတဲ့ ..က . က..လေး..ကလေး၊ သူ့ အတွက်တော့ ငါ ..ငါ” ပြောနေရင်း နှင့် မျိုးမင်းစိုး အသံကတုန်ပြီး ငိုတော့မလို ဖြစ်လာသည်။ “မလုပ်ဘူး၊ ငါ ..မလုပ်ဘူး မျိုးမင်းစိုး၊ မင်း ..ဘယ်လို အထောက်အထားနဲ့ ငါ့ကို စွပ်စွဲတာ လဲ” “မစွပ်စွဲပါဘူးကွာ၊ ငါ နားလည်တယ်ပြောပြီးပြီပဲ၊ ငါစိတ်ကူးယဉ်ခဲ့မိတယ်၊ ရူးခဲ့မိတယ်၊ ဒါ ပါပဲ၊ ဒါပါပဲ” ထိုင်ခုံမှာ ပြန်ဝင်ထိုင်ပြီး မျိုးမင်းစိုး လက်ထဲက အရက်ခွက်ကို မင်းခန့် ဆွဲယူလိုက်သည်။ အမှတ်တမဲ့ ဆိုတော့ မျိုးမင်းစိုး ဘာမှမလုပ်လိုက်နိုင် မင်းခန့် လက်ထဲကို ခွက်ပါလာသည်။ “ပြောလေ မျိုးမင်းစိုး၊ ငါ ဖိနပ်ကို တက်နင်းမိပြီး ချော်လဲတယ် ဆိုတာ ငါပြောပြီးပြီ၊ ဒါ အ ဖြစ်မှန်ပဲ၊ မင်း ငါ့ကို ဘာကြောင့် စွပ်စွဲရတာလဲ၊ ပြောပါ၊ ငါသိချင်တယ်ကွ” ပြောရင်းနှင့် စိတ်မထိန်းနိုင်တော့တာကြောင့် နံရံဆီသို့ ခွက်ကို အားနှင့် ပစ်ပေါက်ထုတ် လိုက်မိသည်။ ခွမ်းကနဲ အသံနှင့် အတူ အရက်တွေလည်း နံရံ နှင့် ကြမ်းပြင်ပေါ် ဖိတ်စင် လွင့်ထွက်ကုန်သည်။ “တခါတုန်းက မင်းနဲ့ ငါ ရုပ်ရှင်တကားတူတူကြည့်ဖူးတယ်၊ အဲဒီကားထဲမှာ မင်းသမီးက သူ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်ချ ချင်တော့ အကျ ႌချိတ်ကို ဆွဲဆန့်ပြီး အထဲကို ထိုးမွှေ တယ် လေ၊ အဲဒီမှာ သွေးတွေ ဒလဟောထွက်ပြီး ကိုယ်ဝန်ပျက်သွားတာ မင်းမှတ်မိတယ် မဟုတ် လား” “ဟင့်အင်း ..မမှတ်မိဘူး၊ အဲဒါ ငါနဲ့ ဘာဆိုင်လဲ” “မင်းကို ဆေးရုံပို့ ပြီးနောက်တနေ့ မနက်ကျတော့ ဆွဲဆန့်ထားတဲ့ အကျ ႌချိတ်တချောင်း ကြမ်းပြင်ပေါ်ကျနေတာ တွေတယ်၊ သွေးတွေတောင် ခြောက်နေပြီ” “သေလိုက်ပါတော့ကွာ” မင်းခန့် မှတ်မိသွားပါပြီ။ ထို့ကြောင့် ချိတ် ဘာကြောင့် ဒီလို ဖြစ်သွားသည်ကို ရှင်းပြမိသည်။ “အဲဒီချိတ်က နဂိုထဲက ပြုတ်နေတာ၊ ဖုန်းကြိုးပေါ်လွင့်ကျနေတဲ့ ဘရာစီယာကို ကောက် ချင် လို့ ငါဆွဲဆန့် ပစ်လိုက်တာ၊ ဘယ်လိုဖြစ်ပြီး ဒီလောက်တိုက်ဆိုင်သွားရတာလဲ” “အေးပါ ငါက ပြဿနာ မရှိဘူးလို့ ပြောပြီးပြီပဲ” မျိုးမင်းစိုး ပုံစံက မင်းခန့် ရှင်းပြတာကို လက်ခံချင်ပုံ မရကြောင်းသိသာသည်။ “ငါ ..မလုပ်ဘူး မျိုးမင်းစိုး၊ ငါ မလုပ်ဘူး၊ မင်းလို အဖြစ်မသည်းပေမယ့် ငါက ဗိုက်ထဲမှာ ထည့်ထားရတဲ့ ကောင်ပါ၊ သူ့ကို သံယောဇဉ် မဖြစ်ဘဲ နေမလားကွာ၊ စဉ်းစားပါဦး၊ ငါ လုပ်ရက်ပါ့ မလားလို့၊ မတတ်သာရင်တောင် တခြားမှာသွားရှင်းမှာပေါ့၊ ငါ့လက်နဲ့ လုပ် ရက်ပါ့မလား” “မင်းက မိန်းမ ဖြစ်ချင်တဲ့ ကောင်မှ မဟုတ်တာ” မျိုးမင်းစိုး၏ သံသယ က မာကျောခိုင်ခန့် လွန်းလှသည်။ “ဟုတ်တယ်၊ ငါ မိန်းမ မဖြစ်ချင်ဘူး၊ ဒီမှာကြည့်စမ်း မျိုးမင်းစိုး..ဒီမိန်းမ အဝတ်အစားတွေ ဝတ်ထားရတာ ငါ့အတွက် ဘယ်လောက်ပူလောင်သလဲ မင်းသိသလား၊ မိန်းမလို စကား ပြောရတာ နေရထိုင်ရတာ ငါ့အတွက် ဘယ်လောက်ကျဉ်းကျပ် သလဲ မင်းသိသလား၊ မင်း နားလည်တယ် ဆိုတာ အပေါ်ယံ ပါးပါးလေးပဲ ရှိသေးတယ်၊ ဒါပေမယ့် ငါမလုပ်ဘူးကွ၊ အ ရင်က ငါ လူပွေလူရှုပ်ဖြစ်ချင် ဖြစ်ခဲ့မယ်၊ လူသတ်သမား လူယုတ်မာတော့ ဘယ်တော့ မှ မဟုတ်ခဲ့ ဘူး” မင်းခန့်၏ အသံ နှင့် ဟန်ပန်ကြောင့် မျိုးမင်းစိုး ငိုင်သွားသည်။ တုန်ရီသော အသံကို ငြိမ် အောင်ထိန်းကြည့်သည်။ မျက်လုံးကကျလာသည့် မျက်ရည်တွေကို ရပ်တန့်ဖို့ မျက်တောင် တဖျတ်ဖျတ်ခတ်ကြည့်သည်။ မအောင်မြင်ပါ။ မင်းခန့် ကြိုးစားသမျှ အချည်းနှီးသာလျှင် ဖြစ် ရ၏။ “ငါဒီဘဝကို ဘာလို့ရောက်လာသလဲ ဆိုတော့ မသေရဲလို့၊ ဘဝကို အသက်ကို တွယ်တာ လွန်းလို့ ရောက်လာတာ၊ ငါကိုယ်ချင်းစာတယ် သူငယ်ချင်း၊ ဒီကလေးလဲ အသိစိတ်ရှိရင် သူ့ အသက်လေး ကိုသူတွယ်တာရှာမှာပဲ၊ ငါတခါသေဖူးလို့ ဒါတွေကို နားလည်တယ်၊ မ လုပ်ပါဘူးကွာ၊ မလုပ်ပါဘူး၊ ငါသေမှာ ကြောက်တဲ့ လူဖျင်းလူညံ့သက်သက်ပါ၊ လူသတ်ရဲ လောက်အောင် သတ္တိ မရှိပါဘူး၊ အခုဟာက တကယ်ကို မတော်တဆ ဖြစ်သွားရတာ၊ ငါ ဝမ်းမနည်းဘူးလို့ မင်းထင်သလား မျိုးမင်းစိုး၊” ရီဝေသောအကြည့်နှင့် ကြည့်ရင်း မျိုးမင်းစိုး ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။ သူ့ကို ကြည့်ရတာ အမူးတောင်ပြေသွားပုံရသည်။ “မင်း ငါ့ကို တခါမေးဖူးတဲ့ မေးခွန်း အဖြေကို အခုငါသိသွားပြီ” “ဘာမေးလို့လဲ” “ငါနဲ့ မှားခဲ့တဲ့လူဟာ မင်း မဟုတ်ဘဲ တခြားလူတယောက်ဆိုရင် ဘယ်လိုလုပ်မလဲတဲ့၊ မင်း မေးတုန်းက ငါ့မှာ အဖြေမရှိဘူး၊ အခုတော့ ငါသိသွားပြီ၊ ငါဟာ မင်းခန့်ဆိုတဲ့ ယောက်ျား ပါ ဆိုတာ ဖွင့်မပြောဘဲ ပန်းအိဖြူဘဝ နဲ့ မှိန်းပြီးဆက်နေသွားမိလိမ့်မယ်၊ ဘာကြောင့်လဲ ဆို တော့ စောစောက ပြော သလိုပဲ ငါက လူဖျင်းလူညံ့ တယောက်ဖြစ်နေလို့ပဲ၊ ငါက လက် ကြော လည်း မတင်း ဘူး၊ ဘဝကို ရင်ဆိုင်ဖို့ သိပ်ခက်ခဲလာပြီဆိုရင် ယောက်ျားတယောက် ရဲ့ အမှီအတွယ်ကို လည်း ယူမိကောင်းယူမိ လိမ့်မယ်၊ အခုလို မင်းခန့် အနေနဲ့ မဟုတ်ဘူး နော်၊ ပန်းအိဖြူ အနေနဲ့ လုပ်မိ မှာတွေ” “အေးပါကွာ၊ မင်းခံစားချက်ကို ငါသဘောပေါက်ပါတယ်၊ မင်းကို တသက်လုံးအေးအေးချမ်း ချမ်းနေသွားနိုင်အောင် ငါအတတ်နိုင်ဆုံး ကူညီမှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ငါက မင်းရဲ့ အချစ်ဆုံး သူငယ်ချင်း မျိုးမင်းစိုးလေ၊ မင်းက မင်းခန့်၊ ငါက မျိုးမင်းစိုး၊ မင်းစိတ်ထဲမှာ ဘာ ကိုမှာ အားနာရှက်ရွံ့နေစရာ မလိုဘူး” အနားကို တိုးကပ်လာပြီး မျိုးမင်းစိုး အားပေးပေမယ့် မင်းခန့် စိတ်ကိုထိန်းလို့ မရနိုင်တော့ ပါ။ မျိုသိပ်ထားခဲ့ ရတာတွေကို အကုန်ပေါက်ကွဲ ဖွင့်ထုတ်မိတော့သည်။ ပန်းအိဖြူ ဘဝကို ရောက်ကထဲက ကိုယ့်ကိုယ်ကို မကျေနပ် အားမရခဲ့ သမျှ ပွင့် အန်ထွက်လာ၏။ “ယောက်ျားတဲ့၊ ယောက်ျားစိတ်တဲ့၊ ဘာတွေလဲ၊ ကျားဆိုမှ ကျားဆိုတဲ့ ကောင်က ထမိန် ဝတ်တတ်အောင်သင်တယ်၊ မိန်းကလေး လိုပြောတတ်အောင်လေ့ကျင့်တယ်၊ ငါဘာလို့ ဒီလောက်အထိညံ့ရတာလဲ၊ မိန်းမအဖြစ်နဲ့ မပျော်ရင်လည်း ကိုယ့်ကိုယ်ကို ဘာလို့ သတ် မ သေရဲရတာလဲ၊ သေရဲဖို့ နေနေသာသာ သတ်သေဖို့ စိတ်တောင်တခါမှ မကူးဖူးဘူး၊ ဟား ..ဟား၊ ကိုယ့်အခင်ဆုံး သူငယ်ချင်းကိုတောင်မှ စကပ်ဖြဲပြီး ပေါင်လှန်ပြလိုက်သေးတယ်၊ ငါတော်တော် သောက်ရှက် မရှိတဲ့ ကောင်ကွ မျိုးမင်းစိုးရ” “မင်းခန့် ရာ...မင်းစိတ်ကို လျှော့လိုက်ပါ၊ ကလေးကိစ္စ လည်း မင်း မလုပ်ဘူးဆိုတာ ငါ ယုံ သွားပါပြီ၊ မင်းဒီလောက် စိတ်ထဲမှာ ခံစားနေရရဲ့သားနဲ့ ငါရူးလို့ သည်းခံပေးခဲ့တာတွေ အ တွက်လည်း ကျေးဇူးတင်ပါတယ်၊ တို့ အရင်လိုပဲ ပျော်ပျော် ရွှင်ရွှင်နေသွားတာပေါ့ကွာ၊ နော်၊ စိတ်ထဲမှာ ဘာမှ မထားနဲ့ မင်း ကို ကူညီဖို့ ငါ အမြဲတမ်းရှိတယ်” “တော်ပါပြီကွာ၊ မင်းကိုလဲ ဒုက္ခ မပေးချင်တော့ပါဘူး” “မင်းဘာကို ဆိုလိုတာလဲ” မင်းခန့် ထိုင်ရာကနေထရပ်ပြီးထွက်လာတော့ မျိုးမင်းစိုး ငေးကြောင်ပြီး ကြည့်နေသည်။ အိမ်ရှေ့ကိုထွက်လာပြီး တံခါးကိုဆွဲဖွင့်လိုက်တော့ “ဘယ်လဲ၊ မာလာတို့ ဆိုင်လား” “မင်း ချစ်တဲ့ မိန်းကလေး တယောက်ထပ်တွေ့ ဦးမှာပါကွာ၊ မိန်းမ စစ်စစ်ကို လက်ထပ် လိုက်ရင် မင်းလိုချင်တဲ့ မိသားစု ဘဝလေး တခုပီပီပြင်ပြင် ရလာမှာပါ၊ ငါသွားမယ် မျိုး မင်းစိုး” “ဟေ့ ကောင်မင်းခန့်၊ ဘာတွေလျှောက်ပြောနေတာလဲ” မျိုးမင်းစိုး သတိဝင်လာပြီး နောက်ကနေ အပြေးလိုက်လာသည်။ စိတ်ဆောင်နေပေမယ့် သောက်ထားသည့် အရက်က များတော့ ခြေလှမ်းတွေက ဒရီးဒယိုင်ဖြစ်နေသည်။ သူလိုက် လို့ မှီသွားချိန်တွင် မင်းခန့် က လှေခါးထစ်တွေပေါ် ရောက်နေလေပြီ။ “မင်းခန့်၊ နေဦးလေ၊ စဉ်းစဉ်းစားစား လုပ်စမ်းပါကွာ” “ပြီးသွားပြီ၊ ငါဆုံးဖြတ်ပြီးသွားပြီ” “ဟေ့ ကောင်ပြန်လာပါကွ” ပုခုံးကို နောက်ကနေလှမ်းဆွဲ၍ မင်းခန့် အားကုန်ဆောင့်ရုန်းလိုက်၏။ “ဟာ” ရုန်းလိုက်မိသည့် အရှိန်ကို မထိန်းနိုင်တော့ဘဲ လှေခါးထစ်တွေအတိုင်း မင်းခန့် ဒလိမ့် ခေါက်ကွေး အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။ မျိုးမင်းစိုး၏ အလန့်တကြားအော်လိုက် သံ ကြီးကို ကြားလိုက်ရချိန်တွင် မင်းခန့် ဆီသို့ လှေခါးတဆစ်ချိုးနေရာမှ နံရံကြီးက ပြေးဝင် လာသည်။ ထောင့်ချိုးနေရာကို ထိရိုတ်မိပြီးနောက် ကျန်သည့်တဆစ်ချိုးလှေခါးထစ်တွေ အတိုင်း ဆက်ပြီး အရှိန်နှင့် လိမ့်ကျသွားသည်။ ထိုအချိန်မှာ မင်းခန့် ကိုယ်နှင့် အသိစိတ် က မိလိုက်လွတ်လိုက်ဖြစ်နေသည်။ ထောင့်ချိုးနံရံကို ဆောင့်မိပြီးချိန်တွင် ကျန်သည့်လှေ ခါးထစ်တွေဖက်ဆီသို့ ကိုယ့်ဖာသာလှိမ့် ချလိုက်သည်လို့တော့ မင်းခန့် ရေးရေးလေး သိ နေသလိုပင်။ ဘာပဲဖြစ်ဖြစ် ဒီတခါ တကယ်ပြီးဆုံးခြင်း ဖြစ်ပါစေဟု ဆုတောင်းနေမိတာက မင်းခန့် နောက်ဆုံးသိလိုက်သည့် အသိဖြစ်ပါသည်။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း -၅ အခန်းက အနံဆယ်ပေ၊ အလျားပေနှစ်ဆယ် နီးပါးလောက်ရှိမည်။ ထိပ်စွန်းဖက် တွင် အ စိမ်း ရောင်လိုက်ကာများ တပ်ဆင်ထားသည့် ပြတင်းပေါက်များ အနီးတွင် ကုတင် တလုံး ရှိ၏။ ဆေးရုံသုံးကုတင် ပုံစံဖြစ်သော ကုတင်ဘေးတွင် အဖြူရောင် ဂျူတီကုတ်ရှည်ကြီး ဝတ် ဆင်ထားကြသူ လေးငါးဦးခန့် ရပ်နေသည်။ အနက်ရောင် ကိုင်းထူထူနှင့် မျက်မှန်တပ် ထားသော အသက်ငါးဆယ်ခန့် ခပ်ဝ၀ အမျိုးသမီးကြီးတယောက်မှလွဲလျှင် ကျန်လူ တွေ က အမျိုးသားတွေ ဖြစ်သည်။ သူနာပြုဝတ်စုံ နှင့် မိန်းမငယ် နှစ်ယောက် ကတော့ မ လှမ်း မကမ်းမှာ ငြိမ်သက်စွာရပ်နေသည်။ ကုတင်ပေါ်က လူနာမှာကား ဦးခေါင်းနှင့် ကိုယ်ခန္ဓာနေရာ တော်တော်များများမှာ ပတ် တီး တွေစည်းထားရသည့် အတွက် ယောက်ျားလား၊ မိန်းမ လားပင် ခွဲခြားလို့ မသိနိုင်အောင် ရှိ သည်။ ခေါင်းမှာ စည်းထားသည့် ပတ်တီးကြားက ထွက်နေသည့် နက်သလိုလို ညိုသလို လို ဆံပင်ရှည်တွေနှင့် တစွန်းတစမြင်ရသည့် ဖြူနုသည့် မျက်နှာလေး၊ ခြေထောက်မှာ စည်း ထားရသည့် ကျောက်ပတ်တီး နှင့် လိပ်တင်ထားရသည် ဘောင်းဘီပွပွကြားမှာ မြင် ရသော နို့နှစ်ရောင်ပေါင်တံ တို့ကို သေသေချာချာ တွေ့သူမှသာလျှင် လူနာမှာငယ် ရွယ် သော မိန်းကလေး တယောက်မှန်းသိနိုင်သည်။ လူနာမိန်းမငယ် ၏ မျက်လုံးတွေက မှိတ်နေပြီး အိပ်ပျော်နေသယောင်ရှိ၏။ သူမ၏ ဘေးမှ ရပ်နေသူတို့ ကလည်း သူမကိုကြည့်လိုက် သူတို့ချင်းတီးတိုး ပြောလိုက်နှင့် လုပ်နေကြ သည်။ အခန်း၏ အခြားအစွန်း တဖက်တွင်ကား ထိုင်ခုံတွေချထားပြီး ထိုင်ခုံများနားတွင် အသက် သုံးဆယ်ဝန်းကျင်ရှိမည့် အသားဖြူဖြူ အရပ်မြင့်မြင့် လူတယောက် ညိုးလျော် သည့် မျက် နှာဖြင့်ရပ်နေသည်။ မျက်နှာက အလွန်တရာညိုးနွမ်းနေသော်လည်း သူ၏ မျက် လုံးနှင့် အ မူအရာက ဂဏှာမငြိမ်ပါ။ တလှုပ်လှုပ်တရွရွ လုပ်နေသည်။ သူ့နားတွင် သူနှင့် အရွယ် မ တိမ်းမယိမ်းလောက်ရှိမည့် လူရွယ်တယောက်လည်းရှိသည်။ ထိုလူရွယ်ကလည်း ဂျူတီ ကုတ် အဖြူ ဝတ်ထားသောကြောင့် ဆရာဝန်တယောက်မှန်းသိသာသည်။ အိန္ဒြေ မရဖြစ် နေသည့် လူရွယ်ကို ဆရာဝန်က နှစ်သိမ့် အားပေးနေ၏။ “စိတ်အေးအေး ထားစမ်းပါဗျာ၊ အခု ကျွန်တော်တို့ ဆေးရုံမှာ ရှိသမျှ အထူးကု ဆရာဝန် ကြီး တွေလဲ ခင်ဗျား မိန်းမ နားကိုရောက်နေကြပြီ၊ မကြာခင်ကမှ ကိုယ်ဝန်ပျက်ကျ ထား ပါတယ် ဆိုလို့ သူ့ အိုဂျီ ဆရာမကြီးကိုလဲ ကျွန်တော်တို့ ရအောင် ခေါ်လာပေးပြီးပြီ၊ အား လုံးအကောင်းဆုံး ဖြစ်အောင်လုပ်ပေး ထားတာပဲ၊ ကျွန်တော့် အမြင် ပြောရ ရင်လဲ အခြေ အနေ မဆိုးလောက်ပါဘူး၊ ဓါတ်မှန်တွေလဲ ခင်ဗျား မြင်တာပဲ” “ကျွန်တော်မှ နားမလည်တာဆရာရဲ့ မျက်လုံးထဲမှာ ဖြူဖြူတွေ မည်းမည်းတွေပဲ တွေ့ တယ်” “လှေခါးက ကျတယ်ဆိုမှတော့ ဒါဏ်ရာ အနာတရ အနည်းနဲ့ အများတော့ရှိမှာပေါ့ဗျာ၊ အ ခြေအနေကောင်းပါတယ်ဗျ၊ အခြေအနေဆိုးနေတာက ခင်ဗျား” “ဗျာ..ဘာဖြစ်လို့လဲ ဆရာ” “အရက်နံ့က မွှန်ထွန်နေတာပဲ၊ ဘယ်လောက်တောင်သောက်ထားလဲ၊ သိပ်မူးနေတယ် ဆို ရင် ကျွန်တော် ဆေးထိုးပေးမယ်” “သောက်၊ သောက်ထားပေမယ့် မမူးတော့ပါဘူးဆရာ၊ ကျွန်တော် အခုကောင်းပါတယ်” “ကောင်းရင်လည်း စိတ်အေးအေးထားပြီးနေစမ်းပါဗျာ။ ကျွန်တော်လဲ အိမ်ထောင်သည် ဆို တော့ ခင်ဗျား စိတ်ပူတာကို ကိုယ်ချင်းစာပါတယ်၊ ဒါပေမယ့် မသင်္ကာ ဖြစ်လောက်အောင် တော့ ပျာယာခတ်မနေနဲ့ဦး” “ဗျာ ..ဘာဖြစ်လို့လဲ” “ခင်ဗျားက အရမ်းမူးနေတယ်၊ ခင်ဗျားမိန်းမက လှေခါးပေါ်က ကျတယ်၊ ခင်ဗျား မူးမူးနဲ့ တွန်းချတာ မဟုတ်ဘူးလို့ ပြောနိုင်မလား” “မဟုတ်ရပါဘူး ဆရာရယ်၊ ကျွန်တော် သူ့ကိုစိတ်ဆိုးတယ် ဆိုရင်တောင် တွန်းမချရက်ပါ ဘူးဆရာ၊ ကျွန်တော့် ဖာသာပဲ ခုန်ချလိုက်မှာပါ၊ အဲလောက်အထိ ကျွန်တော်ချစ်တာပါ” “ဒါဆိုလဲ ပြီးရောဗျာ၊ ခင်ဗျား မိန်းမ သတိရလာရင် ကျွန်တော်မေးမယ်၊ ခင်ဗျားကြောင့် ဆိုလို့ ကတော့ ရဲစခန်းကို ချက်ချင်း အကြောင်းကြားရမယ်” “မဟုတ်ပါဘူး ဆရာရယ်၊ မဟုတ်ပါဘူး၊” “ဒါဆိုလဲ သိပ်ပျာယာခတ်မနေနဲ့ ဗျာ၊ ခင်ဗျားပုံစံက တခုခု မဟုတ်တာလုပ်လာသလို ဖြစ် နေတယ်၊ ဒီခုံမှာ အေးအေး ဆေးဆေး ထိုင်နေ ဟုတ်ပြီလား” “ဟုတ်ကဲ့ ဆရာ” အတန်းပိုင်ဆရာက ဆူလိုက်လို့ ကြောက်ရွံ့သွားသည့် ကလေးတယောက်သဖွယ် ခုံမှာဝင် ထိုင်လိုက်၏။ ထိုင်လိုက်ခါစရှိသေးသည် လူနာနားက ဆရာဝန်များ ပြန်လှည့်ထွက်လာ ကြသည့် အတွက် ကမန်းကတန်း ပြန်ပြီးထရပ်လိုက်၏။ ဆရာဝန်ကြီး တယောက်က လူ ရွယ် ကို ပြုံးပြလိုက်ရင်း “သိပ်စိုးရိမ်စရာ မရှိပါဘူး၊ ကျွန်တော်တို့ ထင်တဲ့ အတိုင်းဆိုရင် လူနာ မကြာခင်သတိပြန်ရ လာတော့မှာပါ” “ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျာ၊ တကူးတက လာကြည့်ပေးကြတာ အရမ်း ကျေးဇူးတင်ပါတယ်” “ကိစ္စ မရှိပါဘူးဗျာ၊ ကျုပ်တို့ အလုပ်က ဆေးကုဖို့ပဲ။ ဒါနဲ့ သူ ညစောင့်လို့တော့ မဖြစ်ဘူး ထင်တယ်၊ နာ့စ် ရှိတယ် မဟုတ်လား” ဆရာဝန်ကြီးလည်း ဆိုးဝါးသည့် အရက်နံ့ကိုရမှာ မလွဲပေ။ သို့သော်လည်း လူကြီး လူ ကောင်း ပီပီ တိုက်ရိုတ်မပြောဘဲ။ လူရွယ်နှင့် စကားပြောနေသည့် ဆရာဝန်ကို သာ လှမ်း မေးလိုက်သည်။ “နေ့ဂျူတီဝင်ထားတဲ့ ဆရာမတယောက်က ဆက်ဝင်ပေးမယ်ပြောတယ် ဆရာကြီး၊ သူအခု ထမင်းသွားစားနေပါတယ်၊ လာတော့မှာပါ ခင်ဗျ” “တို့ဆေးရုံက စပယ်ရှယ်နာ့စ် တွေဒီနေ့ ရောင်းကောင်းနေတယ် ထင်တယ်၊ အင်းလေ ရ တယ်ဆို ပြီးတာပါပဲ” ဆရာဝန် အဖွဲ့ထွက်သွားကြသည်။ ဆရာဝန်လေးက ပြာလောင်ခတ်နေသည့် လူရွယ်ကို စိတ်ချဟန် မတူပါ။ ဆရာမလေး တယောက်ကို ထားခဲ့သည်။ “မူးမူးရူးရူးနဲ့ လူနာကိုဆွဲ၊ ပိုက်တွေလျှောက်ဆွဲ လုပ်ချင်လုပ်နေမှာ၊ နင်ခနနေခဲ့” ဟုတီးတိုး ကပ်မှာသည်ကို လူရွယ် မကြားလိုက်ရှာပါ။ မေ့မျောနေသည့် မိန်းကလေး ကို တချက်သွားကြည့်ပြီးနောက် အခန်း ထောင့်က ခုံမှာ မျက်နှာကို လက်ဖဝါးနှင့် အုပ်ပြီးထိုင်နေ၏။ ခနအကြာတွင် ခြေသံတဖျပ်ဖျပ် ကြားလိုက်ရပြီးနောက် ခြင်းတောင်းတလုံးဆွဲ၍ ဆရာမ တယောက် ပျာယီးပျာယာ နှင့် ဝင်လာသည်။ “ညီမလေး ရေ၊ ကျေးဇူးနော်၊ မမ လာပြီ” “ရတယ် ..မမ၊ ဒါဆို သွားပြီနော်” “အိုကေ၊ အိုကေ” ညဖက်စောင့်ပေးမည့် ဆရာမရောက်လာမှန်းသိလိုက်သည် နှင့် လူရွယ်လည်း ထလာပြီး ဆရာမ နားကိုလျှောက်လာသည်။ အသက်သုံးဆယ် ကျော်လောက်ရှိမည့် ခပ်ပိန်ပိန် ဆရာ မက သူ့ကို လုံးဝ ဂရုမစိုက်ပါ။ ခြင်းတောင်းကို ကုတင်ဘေးက ခုံတန်းရှည်ပေါ်ချလိုက်ပြီး လူနာ ၏ မျက်နှာနားဆီ တိုးကပ်ကြည့်ရင်း “ဖြစ်ရပြန်ပြီ ဒီကလေးမကတော့၊ လုပ်လိုက်ရင် အသည်းအသန်ချည်းပဲ၊ ရှင်နဲ့ ကျုပ်နဲ့က လည်း ရေစက်ကို ပါလွန်းတယ်၊ ဆေးရုံပြောင်းလာတာတောင် ထပ်တွေ့တယ်၊ ဒီတခါ သတိပြန်ရရင် ထမိန်ဇောက်ထိုးဝတ်ပြဦးမှာလား” “ဆ ..ဆရာမ..သူ့ကို သိလို့လား” “သိတာပေါ့တော်၊ သူမှန်းသိလို့ ပင်ပန်းနေပေမယ့် ဂျူတီဆက်ယူပေးလိုက်တာ၊ ဒါနဲ့ ရှင်က ဘယ်သူတုန်း၊ ဒီကောင် မလေးနဲ့ ဘယ်လိုပတ်သက်တုန်း” “သူ့ ..သူ့ ..ခင်ပွန်းပါ” “အလိုတော်၊ ဟိုတခါဆေးရုံတက်တုန်းက အပျိုပါ၊ ဘယ်အချိန်က လင်ကောက်ယူလိုက်ပါ လိမ့်” “သိပ်မကြာသေးပါဘူး၊ လေးငါး ခြောက်လလောက်ပဲ ရှိပါသေးတယ်၊ ဒါနဲ့ ဆရာမ၊ သူ့ အခြေအနေ ကောင်းမှာပါနော်” “ကျုပ်က ဆရာဝန် မဟုတ်တော့ မသိဘူး၊ အမြင်အတိုင်းကတော့ မဆိုးပါဘူး၊ ဒါပေမယ့် ရှင် စိတ်ချ၊ ဒီကောင်မလေးက အသက်ပြင်းတယ်၊ သေပြီဆိုပြီး ရင်ခွဲရုံ ပို့တာ လမ်းမှာ ငုတ် တုတ်ထထိုင်ပြီး ပြန်ရှင်လာတဲ့ အာဂ ဟာမလေး၊ ပြန်ကောင်းလာမှာ သေချာတယ်” “ကျွန်တော်လဲ အဲဒါပဲကြားချင်တယ်” ဆရာမ ခေါင်းကို မော့ကာ လေထဲတွင် တရှုံ့ရှုံ့ အနံ့ခံလိုက်ရင်း “အို ..အရက်စော်ကလည်း နံလိုက်တာ၊ ဟိုမှာရေချိုးခန်း ရှိတယ်လေ၊ မျက်နှာလေးဘာ လေး သွားသစ်လိုက်ပါဦး၊ အဝတ်ပို ပါရင် ရေပါချိုးလိုက်၊ ဆရာဝန်တွေက ဘာမှ မပြောကြ ဘူးလား၊ ကျုပ်တောင်မူးလာပြီ” လူရွယ် မျက်နှာငယ်လေးနှင့် အိမ်သာနှင့်တွဲထားသည့် ရေချိုးခန်းထဲ ဝင်သွားပြီး မျက်နှာ သစ် ကိုယ်လက်သန့်စင်ကာ ပြန်ထွက်လာတော့ လူနာကုတင်ဘေးက ခုံတန်း ရှည်မှာ ထိုင်ပြီးသိုးမွေး ထိုးနေသည့် ဆရာမက တချက်မော့ကြည့်ပြီး “အိမ်လေး ဘာလေး ခနပြန်ပြီး လိုမယ်ထင်တာလေးတွေ ယူပါလား၊ ရှင့်မိန်းမ အတွက် စိတ်ချပါ ကျွန်မ တယောက်လုံး ရှိတယ်” “သူငယ်ချင်းတွေ လာပို့မယ် ခင်ဗျ၊ ကျွန်တော်က သူ့ကို စောင့်ကြည့်နေချင်လို့ပါ” “ဒါဆိုလဲ အဲဒီမှာထိုင်၊ တီဗွီလေး ဘာလေးကြည့်ချင်ကြည့်၊ အိပ်ချင်လဲ အိပ်လိုက်၊ သူသတိ ပြန်ရလာရင် ကျွန်မ နှိုးမယ်” ပြောရင်းနှင့် သေသေချာချာစိုက်ကြည့်နေသောကြောင့် လူရွယ် မလုံမလဲဖြစ်သွားပြီး “ဘာ ..ဘာ ဖြစ်လို့လဲဆရာမ” “အော် ..ဒီလိုကျတော့လည်း ရှင်က လူရည်သန့်ပဲ၊ ဒါကြောင့် မသက်ပြင်း ခိုက် သွားတာ ဖြစ်မယ်၊ ရှင်တို့ နှစ်ယောက်လိုက်ပါတယ်” “ဟုတ် ..ဟုတ်ကဲ့” လူရွယ် အခန်းတဖက်ထိပ် က ခုံမှာထိုင်ပြီး ငိုင်နေစဉ် သူ့အိတ်ထဲက ဖုန်းမြည်လာ၏။ “ဟဲလို ..အေး .. ဟုတ်တယ်၊ .........ငါတော့ဆေးရုံမှာပဲ၊ ကျော်သက် နဲ့ မာလာ ခနနေရင် လာ မယ်ပြောတယ်၊ ...... သတိမရသေးဘူး၊ မကြားဘူးလား၊ အေး ..အေး..ငါ အပြင် ထွက် လိုက်မယ်” ဖုန်းပြောဖို့ လူရွယ် အခန်းပြင်ကို ထွက်သွားစဉ် လူနာ အနည်းငယ် လှုပ်သွားသည်ဟု ဆ ရာမ ထင်လိုက်မိသည်။ ထို့ကြောင့် သိုးမွှေးထိုးလက်စကို ခြင်းထဲပြန်ထိုး ထည့်လိုက်ပြီး ကု တင်နားကို တိုးကပ်သွားပြီး မမှိတ်မသုန် စိုက်ကြည့်နေသည်။ ခနကြာတော့ လူနာ၏ လက် ဖျားလေးတွေ အနည်းငယ်လှုပ်လာသည်။ ထိုမြင်ကွင်းကြောင့် သူမ၏ အကျ ႌ လက်တွေကို စိတ်လှုပ်ရှားစွာ ဆွဲပင့်တင်ရင်း ဆရာမ က အော်ဟစ်လိုက်သည်။ “ဟုတ်ပြီ၊ ဟုတ်ပြီ၊ မသက်ပြင်းကွ” ဆရာမ အားပေးသံကို လူနာကြားပုံရသည်။ မျက်တောင်ရှည်ရှည် ကော့ကော့တွေနောက် က မျက်ခွံလေး တရွရွ ဖြစ်လာပြီးနောက် ဖျပ်ကနဲ မျက်လုံးပွင့်လာ၏။ “ဒါပဲပေါ့၊ ဒါပဲ၊ ရှင့် အကြောင်း ကျုပ်သိပြီးသား၊ မသက်ပြင်း ကျုပ်ကို မြင်လား၊ ဒီမှာကြည့်၊ မမအုန်းလေ” ဆရာမကို ရီဝေသော မျက်လုံးတွေနှင့် ကြည့်ပြီးနောက် “ဒါ ..ဒါ..ဆေးရုံလား” “အင်းလေ၊ ဆေးရုံ မို့လို့ ကျုပ်နဲ့တွေ့တာပေါ့၊ အိမ်လာရအောင် ရှင့်အိမ်မှ ကျုပ်မသိတာ” “ဒါဆို အမက ဆရာမ ပေါ့နော်” “ဟုတ်တယ်လေ၊ ကျုပ် တင်တင်အုန်းလေ၊ မသိတော့ဘူးလား၊ မမအုန်း၊ မမအုန်း” “ဟင့်အင်း” လူနာက ခေါင်းကိုဖြေးလေးစွာခါပြသည့် အခါ မမအုန်း ဆိုသည် ဆရာမ စိတ်ပျက်လက် ပျက် အမူအရာနှင့် ရင်ဘတ်ကိုဖိသည်။ “လုပ်ချလိုက်ပြန်ပြီ။ ကဲပါလေ ရှင်က အထူးတဆန်း မိန်းမ ဆိုတော့ ကျုပ် ဘာမှ မပြောလို တော့ပါဘူး၊ ဟိုတယောက်ကို တော့ ရှင်ကျိန်းသေသိမှာပါ” ဖုန်းပြောပြီးသည့် လူရွယ်က တံခါးဖွင့်ပြီးပြန်ဝင်လာတာ နှင့်ကြုံလိုက်၍ ဆရာမက လက် ယပ်လှမ်းခေါ်လိုက်ပြီး “မြန်မြန်လာ၊ မြန်မြန်လာ၊ ဒီမှာ သတိရနေပြီ” လူရွယ် ကုတင်နားကို ဝုန်းကနဲ ရောက်လာ၏။ လူနာကို ထိလုမတတ်ကိုယ်ကို ကိုင်းညွှတ် ရင်း “မင်း ..အဲ ..ပန်း..အာ ..မင်း ..သတိရပြီနော်” စောစောတုန်းက ဆရာမကို ကြည့်သလိုပင် လူရွယ်ကို မော့ကြည့်လိုက်ပြီးနောက် လူနာ မိန်းကလေး က ဆရာမ ကိုလှည့်မေးသည်။ “ဆရာမ ..ဒီ အကိုကြီးက ဆရာဝန်လား” အရှိုက်ကို အားပြင်းပြင်း နှင့် ထိုးတာခံလိုက်ရသလို လူရွယ် ရှေ့ကိုယိုင်လဲသွား သော ကြောင့် လူနာပေါ် သွား မပိ စေရန် သူ့ကိုယ်လုံး ကြီးကို ဆရာမ နောက်ကနေ မနိုင်မနင်း အတင်းဆွဲထားလိုက်ရ၏။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း -၆ နေစောင်းလုပြီ ဖြစ်သော်လည်း ကောင်းကင်မှာ တိမ်တွေမရှိသလောက် ရှင်းနေသော ကြောင့် ရွှေအိုရောင်ရင့်ရင့် နေရောင်ခြည်က အိမ်ခေါင်မိုးပေါ်နှင့် ခြံဝင်းထဲက မြက်ခင်း ထက် ကိုပါ ဖိတ် လျှံကျနေသည်။ နီညိုရောင် အမိုးနှင့် တထပ်တိုက် အဖြူရောင်လေး ၏ အိမ်ရှေ့ တံ ခါး တချပ်ပွင့်သွားပြီးနောက် အသားဖြူဖြူ နှင့် မိန်းကလေး တယောက် ထွက် လာ သည်။ လက်ထဲမှာ ဘီးကလေး တချောင်းကိုင်ထားသည့် မိန်းကလေး၏ မျက်လုံးတွေ က တော့ ပိတ်ထားသည့် ခြံတံခါးဝ နှင့် အိမ်ရှေ့လမ်းဆီသို့ လှမ်းမျှော်ကြည့်နေ ၏။ အိမ်ရှေ့ဆင်ဝင်အောက်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ခေါင်းဖြီးနေသည့် မိန်းက လေး ဝတ်ထားသည့် အဖြူရောင် ဆွဲသားအကျ ႌနှင့် အစိမ်းနှင့် အဝါရောင်ရော ထားသော ထမိန်သည် သူမ၏ ဖြူစင်ဝင်းပသည့် အသားအရည်နှင့် အလွန်လိုက်ဖက် သည်။ ဖြီးပြီး သွားသည့် ဆံပင်ကိုနောက်မှာ ပင့်ပြီး ကလစ်ထိုးလိုက်သည့် အချိန်တွင် ရင်သားမို့မို့တွေက တသိမ့်သိမ့် ငြင်သာစွာလှုပ်သွားသည့်အခါ အကျ ႌရင်ဘတ်မှာ စီချယ်ထားသည့် ကျောက် နီ နီလေးများက လက်ကျန်နေရောင်လေး မှာ တဖျပ်ဖျပ် လက်သွားသည်။ မို့ဝန်းသည့်ရင်၊ ပြည့်တင်းသည့်တင်နှင့် ဖြောင့်တန်းအိစက်သည့် ပေါင်တံတွေပိုင်ဆိုင်သည့် မိန်းကလေးသည် ရုပ်ရည်ကလည်း လှပချောမော၏။ ဒါပေမယ့် မျက်နှာလှလှ ကလေးက တော့ တခုခုကို အလိုမကျသလို ဖြစ်နေသည်။ ခြံဝင်းတံခါးကို တမျှော်မျှော် လုပ် ရင်း ထူ ပြည့်ပြည့်နှုတ်ခမ်းလေးတွေ တလှုပ်လှုပ်နှင့် တစုံတရာကို ရေရွတ်နေ၏။ ထိုအချိန်တွင် ခြံတံခါးဝ ဆီကို အဖြူရောင်ကားလေး တစီး ထိုးဆိုက်လာသည့် အတွက် မိန်း ကလေး၏ မျက်လုံးတွေ လက်ကနဲ အရောင်တောက်သွားပြီး လက်ထဲက ဘီးကို ဆံ ပင် ကြားမှာ ထိုးစိုက်လိုက်ပြီးနောက် ခြံဝဆီကို ခပ်သုတ်သုတ်ပြေးပြီး တံခါးကို ဖွင့်၏။ ဖွင့် ပေး လိုက်သော တံခါးမှ ဝင်လာသည့် ကား၏ နောက်ခန်းပြတင်းပေါက်မှ အ သားဖြူဖြူ ပါး ဖေါင်းဖေါင်း နှင့် ချစ်စဖွယ်ကလေးငယ်လေး တယောက်ခေါင်းပြူလာပြီးနောက် လက်က လေးကို မိန်းမချောလေး ဖက်ဆီသို့ ကမ်းသည်။ “မေမေ ..မေမေ၊ ချီ၊ ချီ” “သမီး ကလဲ နေပါဦး၊ အိမ်ရှေ့ရောက်ရင် ဖေဖေ ရပ်ပေးမှာပေါ့” ကားမောင်းလာသည့် လူရွယ်က ကလေးငယ်ကို ဟန့်တားလိုက်ပြီး ဆင်ဝင်အောက်ဆီ သို့ ခပ်ဖြေးဖြေး မောင်းသွားသည်။ ကားရပ်လိုက်သည်နှင့် ခြံတံခါး ပြန်ပိတ်ပြီးနောက် ကနေ အပြေး လိုက်လာသည့် မိန်းက လေးက ကားနောက်ခန်းတံခါးကို ဖွင့်၍ ကလေးငယ်ကို ကောက်ချီလိုက်ပြီးနောက် “ခနလေး အိပ်ပျော်သွားပါတယ်၊ နိုးလာတော့ သားအဖ နှစ်ယောက်က မရှိတော့ဘူး၊ အပြင် သွားမယ် ဆိုလဲပြောသွားပေါ့၊ ဟိုကောင်မလေး မေးတော့လဲ မသိဘူးတဲ့” “ပန်း ..ခေါင်းကိုက်နေတယ်ဆို၊ သမီး လိုက်ရှုပ်နေရင် ပန်း မအိပ်ရမှာစိုးလို့၊ သမီးကို ခေါ် ပြီး ကားပတ်မောင်းနေတာ” “အမလေး ပတ်မောင်းတာကလဲကြာလိုက်တာ၊ ညီမ တောင် အိပ်ရာကနိုးလို့ ရေချိုး အ ဝတ် အစားလဲပြီးသွားပြီ” အိမ်ထဲကို ရောက်သည့်အခါ ဧည့်ခန်းထဲက နှစ်ယောက်ထိုင် ဆိုဖာကြီးမှာ အတူတူ ဝင် ထိုင်လိုက်ကြ၏။ ကားလျှောက်စီးလိုက်ရလို့ ပင်ပန်းသွားပုံရသည့် ကလေးငယ်က မိခင် ရင်ခွင်မှာ မျက်နှာအပ်ပြီး ငြိမ်သက်နေ၏။ “ကားလျှောက်မောင်းရင်း ဝင်းခိုင် ဆီက ဖုန်းဝင်လာတာနဲ့ ချိန်းပြီး လဘက်ရည်ဆိုင် ရောက်သွားတာ၊ ပန်း ..အခု ဘယ်လိုနေသေးလဲ၊ ဒီလောက် နုတဲ့ သူက နေပူကြီးထဲ လျှောက်သွားရတယ်လို့၊ တော်တော်ပွဲစား လုပ်ချင်တယ် ဟုတ်လား” “အာ ..အကိုကလဲ၊ ဒီလမ်းထဲပဲ ဥစ္စာ၊သူတို့ ချင်းအဆင်ပြေသွားရင် ညီမ က အလကား နေရင်းပွဲခရမှာလေ၊ ဆယ့်ငါးသိန်း လောက်ရမှာ အကိုရဲ့” “ခု အဆင်ပြေသွားတယ်ပေါ့” “အကိုနော်၊ လာမရိနဲ့၊ မပြေတော့လဲ အရင်းပဲ၊ ကိုယ့်ပိုက်ဆံ တပြားဆုံးတာမှ မဟုတ်တာ” “အင်းပါ၊ အင်းပါ၊ အဆင်မပြေတာကိုပဲ သဘောကျပါတယ်၊ တပွဲအဆင်ပြေလို့ ပိုးဝင်သွား ရင် ကလေးပစ်ပြီး ပွဲစားလိုက်လုပ်နေမှ ဒုက္ခ” “မလုပ်ပါဘူး၊ ခုဟာက ကိုယ့်လမ်းထဲ ဖြစ်နေလို့ပါ၊ ညီမ က သမီးကို ထားပြီး လျှောက်သွား ပါ့မလားလို့၊ အခုတောင် နိုးနိုးချင်း သမီး အသံမကြားလို့ လွမ်းနေတာ၊ အခုမှ အ လွမ်းပြေ သွားတာ နော် ..သမီး၊ မေမေ့ သမီးလေး” မိန်းကလေးက သမီးငယ်၏ ပါးပြင်ကို ဘယ်ပြန်ညာပြန် နမ်းရင်းပြောလိုက်သည်။ “ပန်း” “ရှင်.. အကို” “သမီးလဲ သုံးနှစ်တောင်ပြည့်ခါနီးပြီ၊ သမီးလေး အဖေါ်ရအောင် နောက်ထပ် မောင်လေး တယောက်ဖြစ်ဖြစ် ညီမလေး တယောက်ဖြစ်ဖြစ် မွေးကြရအောင်နော်” လူရွယ်က ပုခုံးလေးကို ဖွဖွညှစ်ပြီးပြောလိုက်တော့ မိန်းကလေး က နှာခေါင်းကို ရှုံ့ရင်း “အခုတလော ဒါပဲပြောနေတာပဲ၊ ရချိန်တန်တော့လဲ ရမှာပေါ့” “မဟုတ်ဘူးလေ၊ သမီးမွေးပြီး နောက်ပိုင်း ပန်းက ..ဟိုဒင်း ..ဆေးနဲ့ တားထားတယ် မ ဟုတ်လား၊ အဲဒါ ကို ပြောတာ” “အကို ဟိုတခေါက် ပြောပြီးကထဲက ညီမ ဆေးမသောက်တော့တာ တလတောင်မက တော့ဘူး၊ နှစ်လလောက်ရှိပြီ၊ မေးဖြင့် မမေးဘဲနဲ့” “ဟုတ်လား၊ နှစ်လအတွင်းမှာ ဘာမှ မဖြစ်ဘူးဆိုတော့ ကိုယ်လက်ရည် ကျသွားတဲ့သ ဘောပဲ၊ မဖြစ်ဘူး မဖြစ်ဘူး၊ ခုထက် နှစ်ဆ ပို အားထုတ်ရတော့မယ်” “အကိုနော်” လူရွယ့်လက်မောင်းကို ဆွဲဆိတ်လိုက်ပြီးနောက် မိန်းကလေးက “မမစိုး ကပြောတယ်၊ ညီမက ကလေးပျက်ကျဖူးတယ် ဆိုတော့ ကလေးထပ်ယူတာ သိပ် မလောနဲ့တဲ့၊ သမီး ကျောင်းစနေတဲ့ အချိန်လောက်မှ စဉ်းစားတဲ့” “ဘာမှမဆိုင်ဘူး၊ အဲဒါတွေ ဖြစ်ပြီးမှ ပန်းက သမီးကို ကိုယ်ဝန်ဆောင်မွေးခဲ့တာပဲ၊ အားလုံး အ ဆင်ပြေတယ်လေ၊ ဒီငပိချက်မ စကားကို နားမယောင်စမ်းပါနဲ့၊ သူက ထွန်းအောင်ဇော် အ သုံး မကျလို့ ခုထိသူတို့ ကလေး မရတိုင်း ကလေးရှိတဲ့ သူတွေကို လိုက်မနာလို ဖြစ် နေတာ” “ဟုတ်လား၊ ကလေးမရတာ ကိုထွန်းအောင်ဇော် ကြောင့်လား” “သိဘူးလေ၊ ဒါပေမယ့် ထွန်းအောင်ဇော်က ကိုယ့်သူငယ်ချင်း ဆိုတော့ ခေမှာ မဟုတ်ပါ ဘူး၊ တကယ် အသုံးမကျတာက ဒီငပိချက်မ ပဲဖြစ်မှာပါ၊ ထွန်းအောင်ဇော် ကို ပြောရဦးမယ် မင်းက သဲထဲရေသွန်နေတဲ့ ကောင်လို့၊ ငါတို့က မင်းလို သဲထဲ မသွန်ဘူး လို့” “မာန်တက်စရာ မရှိကြံဖန် မာန်တက်နေတယ်၊ မမစိုး နဲ့ပြန်တိုင်မယ်” “အဲဒီ ငပိချက်မနဲ့ သိပ်အရော မဝင်စမ်းပါနဲ့၊ ခုမှသာ ညီမလေး ညီမလေးနဲ့ လုပ်နေတာ၊ အ ရင်တုန်းကဆို ပန်းကို သူ တစက်မှကြည့်ရတာ မဟုတ်ဘူး၊ ကိုယ်နဲ့လဲ လုံးဝ သဘောတူ တာ မဟုတ်ဘူး” “အဲဒါက အကိုရယ်၊ ညီမမှ မမှတ်မိတော့တာ၊ အကိုပြောလို့ပဲ သိတာလေ။ သူက ခင်ခင် မင်မင် ဆိုတော့လဲ အကိုရယ်၊ အခု မမစိုး ညီမကို ဆက်ဆံတာကလည်း ညီမလေး တ ယောက်လိုပါပဲ၊ အင်း ..မမမာလာကိုတော့ မမှီဘူးပေါ့လေ” လူရွယ်က မိန်းကလေး ပုခုံးကိုဖက်၍ ရင်ခွင်ထဲသွင်းလိုက်သည်။ နဖူးဆံစပ်လေးကို အသာ အယာ နမ်းလိုက်ပြီးနောက် ငြင်သာသော အသံဖြင့် “ပန်း” “ဘာလဲ အကို” “ဟိုအရင်က အကြောင်းတွေ စိတ်မဝင်စားတော့ဘူး ဆိုတာ တကယ်လားဟင်” “အကိုရယ်၊ မှတ်မိတော့လည်း ဘာထူးခြားသွားမှာလဲ၊ ညီမက အရင်တုန်းကလဲ အကို့ မိန်း မ၊ အခုလဲ အကို့ မိန်းမ အတူတူပဲလေ၊ ဘာလဲ အကိုက ကိုယ့် မိန်းမ ကိုယ်ပြန်ပြီး နောက် ပိုး ပိုးခဲ့ရတာကို အခုထိမကျေမနပ် ဖြစ်တုန်းပဲလား” “မဟုတ်ပါဘူး၊” “ညီမ ပြောဖူးသားပဲ၊ ဆေးရုံမှာ သတိရရခြင်း အကို့ကိုတွေ့တော့ ဘယ်သူဆိုတာ မသိပေ မယ့် အကိုဟာ ညီမနဲ့ အရမ်းကိုရင်းနှီးကျွမ်းဝင်တဲ့သူ၊ ညီမ အတွက် အရမ်းကို အရေးကြီး တဲ့သူဆိုတာ စိတ်ထဲက အလိုလို သိနေတယ်၊ ဆရာမတွေက အကိုဟာ ညီမရဲ့ ခင်ပွန်း ဆိုပြီး ပြောပြတော့ လုံးဝမအံ့သြဘူး။ အမှန်တရား ဆိုတာသိနေတယ်။ ဒါကြောင့် ဆေးရုံ က ဆင်းတော့ အကို ခေါ်ရာကို စိတ်ချလက်ချလိုက်လာတာပေါ့၊ သူ့ဟာ သူ ပဲများ ပြီး တော့ အခန်းခွဲအိပ်နေပြီးတော့များ ...ဟင်း” “ပန်း က ဒီလိုစိတ်ကို ဖြတ်နိုင်တယ်ဆိုရင်တော့လည်း ကောင်းတာပေါ့” “တခုတော့ ရှိတယ်လေ၊ ညီမက တကောင်ကြွက် မဟုတ်ဘူး၊ ချမ်းသာတဲ့ သူဌေးကြီး တ ယောက်ရဲ့သမီး အတိတ်ကိုပြန်မှတ်မိရင် ပိုက်ဆံသိန်းတထောင်လောက် အမွေရ နိုင်စရာ ရှိတယ် ဆိုရင်တော့ ပြန်မှတ်မိအောင် မရအရကြိုးစားမှာပေါ့ ..ဟင်း ..ဟင်း” “ဒါဆို ကိုယ်ကလဲ သိန်းလေးငါးရာလောက်ကုန်ချင်ကုန်ပစေ ရအောင်ကို ဆေးကုပေးမှာ၊ အရင်းကျေပြီး အမြတ်ပေါ်မယ် ဆိုလို့ကတော့ ရအောင်ကုမယ်” မိန်းကလေးက အောက်ကို အနည်းငယ်လျှောကျသွားသည့် သမီးငယ်ကို ပေါင်ပေါ်ပြန်ဆွဲ တင်လိုက်သည်။ “ပေါက်ကရတွေ အကိုရယ်၊ ပိုက်ဆံရမယ် ဆိုရင်တောင် မလိုချင်ပါဘူး၊ ပြန်စဉ်းစားရင် ခေါင်း တွေ မူးလို့၊ ဟိုအတိတ်ကိစ္စ ဆိုတာ ညီမအတွက် အခုလတ်တလော မီးပျက်နေတဲ့ ကိစ္စ လောက် အရေးမကြီးဘူး” “ဟင် ..ပျက်နေတယ်လား၊ ကိုယ်က မီးတွေလင်းနေလို့” “အင်ဗာတာ နဲ့ ဖွင့်ထားတာလေ” “ပြန်လာမှာပေါ့ပန်းရယ်” “သမီး အိပ်ချိန် အမှီလာမှ ဖြစ်မယ်၊ မီးပျက်လို့ အဲကွန်းဖွင့်လို့မရရင် အကို့သမီး ဂျီပူမက မွှေ တော့မှာ၊ အကို့မီးစက်ကြီးကလဲ ဖွတ်ချက်ဖွတ်ချက်နဲ့ မောင်းလို့ မရဘူး ပျက်နေတယ် မဟုတ်လား၊ ပြောတော့ အင်ဂျင်နီယာတဲ့၊ မီးစက် အပျက်ကို ဒီတိုင်းထိုင်ကြည့်နေတယ်” “ကိုယ်က Mechanical အင်ဂျင်နီယာမှ မဟုတ်တာပန်းရဲ့၊ ခုဖြစ်တာက Mechanical ပိုင်း၊ ပြင်မယ့် သူမှာထားပါ တယ်၊ ဟဲ ..ဟဲ” “မီးစက်ရှိရင် အဲကွန်းဖွင့်လို့ ရဦးမယ်၊ ခုတော့ သူအိပ်ပျော်တဲ့ အထိ ထိုင်ပြီးယပ်ခတ်နေ ရ တော့မှာ၊ တော်တော်နဲ့ မအိပ်ရင် လက်မောင်းပြုတ်ပြီ” “ကိုယ်လဲ ဝိုင်းခတ်ပေးမှာပေါ့၊ တလှည့်စီလေ” “ကတိပေးရင်တည်ရမယ်နော်၊ ပြီးတော့မှ ဟိုလိုလို ဒီလိုလို မလုပ်နဲ့၊ ကဲ ..ကဲ..သမီးကို ထမင်းကျွေးတော့မယ်၊ လဘက်ရည်ဆိုင်မှာ အကိုတို့ ဘာစားခဲ့သေးလဲ” “ကိုယ်ကတော့ လဘက်ရည် တခွက်သောက်ခဲ့တယ်၊ သမီးကို မုန့်ကျွေးတော့ မကြိုက်လို့ မစားဘူးတဲ့” “ဟုတ်လား သမီး၊ မေမေ့ သမီးလေးက လိမ်မာတယ်၊ ပေါက်ကရတွေမစားဘူး၊ အခု မေ မေ နဲ့ ထမင်းသွားစားကြမယ်နော်” “ဟုတ်ကဲ့” သားအမိ နှစ်ယောက် ခုံပေါ်က ဆင်းတော့ လူရွယ်က ဖက်ထားတာကို လွှတ်ပေးလိုက် သည်။ “သမီး အိပ်သွားပြီးရင် တော့ မီးပြန်လာရင် ကောင်းမယ်ကွာ” “အကို ကလဲ လုပ်ပြီ၊ သမီး အိပ်မှ မီးလာတော့ ဘာလုပ်ရမှာလဲ” “မဟုတ်ဘူးလေ၊ အဲဒီတော့မှ အဲကွန်းလေး စိမ့်နေအောင်ဖွင့်ပြီး ကိုယ်တို့ ..ဟဲ..ဟဲ” စကားကို ဆုံးအောင်မပြောပေမယ့် ပြောလာသည့် မျက်နှာထားကိုကြည့်ပြီး မိန်းကလေး သဘောပေါက်သွားသည်။ “ဟွန်း ...အချိန်ပြည့် ဒါပဲစဉ်းစားနေတော့တာပဲ၊ လာသမီး ၊ သမီး ဖေဖေက လူယုတ် မာ ကြီး” မျက်စောင်းထိုးကာ ခြေဆောင့်ပြီးထွက်သွားသည့် မိန်းကလေး၏ အချိုးကျ လှပသည့် ကိုယ် နောက်ပိုင်းကို တပ်မက်စွာလိုက်ကြည့်ရင်း လူရွယ်ပြုံး၏။ မကြည်လင်သလို ငြူစူ ဟန် ပြသွားသော်လည်း ချစ်စရာကောင်းသလောက် အလိုက်သိတတ်သည့် သူ၏ ဇနီး သည် က အုံးစက်ရာ တူယှဉ်နွှဲချိန် ဆိုရင်တော့ ပျော်ရွှင်တက်ကြွဖွယ် အိမ်ထောင့်သုခကို စိတ်လို လက်ရပေး ဖြစ်ပါသည်။ မရောက်သေးသည့် ညအချိန်ကိုကြိုတွေးရင်း လူရွယ် ရင်တွေခုန်နေရင်း က တတောက် တောက် လျှောက်နေသည့် သမီးငယ်ကို လက်ဆွဲကာ တငြိမ့်ငြိမ့်လေးသွား နေ သည့် မိန်း က လေး၏ နောက်ကိုလိုက်ကြည့်နေသည့် လူရွယ်၏ မျက်နှာသည် အားရ ပါး ရပြုံးနေရာမှ တဖြည်းဖြည်း အပြုံးရိပ်တွေလွင့်ပါးလာသည်။ ထိုမှတဆင့် တည်ကြည် သော မျက်နှာ ထားကို ပြောင်းသွား၏။ နောက်ထပ်တဖန် တစုံတရာကို အလေးအနက် စဉ်းစား သ လို မျက်ခုံးတွေ တွန့်ကွေးသွား၏။ “ဒါ..တကယ်ပဲလား” လူရွယ်၏ နှုတ်ဖျားမှ ခပ်တိုးတိုး ရေရွတ်သံထွက်လာသည်။ ထိုအချိန်မှာပင် အိမ်နောက် ဖက်က အော်ခေါ်သံထွက်လာသည်။ “အကိုရေ၊ သမီးက ဖေဖေ ခွံ့မှစားမယ်တဲ့” တွန့်နေသော မျက်ခုံးတွေပြေလျော့သွားပြီးနောက် လူရွယ်၏ မျက်နှာပေါ်ကို မပီတပီ အပြုံး တခု ရောက်လာ၏။ “အခုလည်း အားလုံး အဆင်ပြေနေပြီပဲ၊ ငါလဲ ဘာမှမတွေးတော့တာကောင်းပါတယ်လေ” အတွေးတွေထွက်သွားအောင် လုပ်သည့်အလား ခေါင်းကိုဘယ်ညာ သုံးလေးကြိမ်ရမ်းခါ လိုက်ပြီးနောက် သွက်လက်သောခြေလှမ်းတွေ ဖြင့် သမီးနှင့် ဇနီး ရှိရာဆီသို့ လူရွယ် လျှောက် လှမ်းသွားတော့သည်။ “ဖေဖေ လာပြီ သမီးရေ” Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း- ၇ ( နိဂုံး) ဝင်ကစွပ် ကြုံစဖူး၊ မြင်ဖူးမှ ယုံစဖွယ်။ ဖြူနီပြာဝါတစ်စုနှင့် ခရုထွေလာဆန်း၊ ကမ်းကွေ့ပတ်လည်။ ရွှေမင်တံသံပခြုပ်နှင့် ဟန်ရုပ်ပြသွယ်သွယ်၊ နတ်မယ်လျ ဆံထိုး။ ဝင်ကစွပ်၊ မြင်ဆွတ်ကကြည်ဖို့ရာ၊ ဟိုသို့လာ၊ သည်သို့သွားနှင့်၊ အငှားခန္ဓာမြှောင်ရတယ်၊ ဆန်းခေါင်ထိမျိုး။ (ဦးကြင်ဥ) သံသရာ ဟူသည် ရှည်လျားလွန်းလှ၏။ စွဲငြိ တပ်မက်ခြင်းတည်းဟူသော တဏှာတွင် ပျော်မွေ့ကြသော ကာမဘုံ သားတို့ အတွက် ဆိုလျှင်ကား သံသရာတွင် အဆုံးဟူ၍ မရှိတော့ပေ။ ရှည်လျားလွန်းသော သံသရာတလျောက်တွင် ဘဝတခု ဆိုသည်မှာ ကျယ်ပြောလှသည့် သမုဒ္ဒရာ အလယ်မှ ရေပွက်ငယ်လေးတခုမျှသာ ရှိသော ကာလအပိုင်းအခြား ဟု ဆိုရိုး လည်း ရှိ သည်။ လူ့ဘဝဆိုသည်မှာ ထိုမျှသေးငယ်တိုတောင်းသော ကာလလေး အတွင်းတွင် ခန္ဓာတခု၌ ခေတ္တ နေခွင့်ရခြင်းသာဖြစ်သည်။ ကံ အကျိုးဆက် ကုန်လျှင် ထိုခန္ဓာ ပျက်စီးပြီး စွန့်လွှတ် ထွက်ခွာရသည်။ မမြဲသောတရားတွင် ဘယ်အရာကိုမှ ထာဝရပိုင်ဆိုင်သည်မရှိ၊ ထာဝရ တည်မြဲသည် မရှိ။ “သူ”၊ “ငါ” ဆိုသည့် သတ်မှတ်ချက်သည်လည်းကောင်း၊ “ယောက်ျား”၊ “မိန်းမ” ဆိုသည့် ခွဲခြားခြင်းသည် လည်းကောင်း ထိုခန္ဓာတွင် ခေတ္တ နေထိုင်ခွင့်ရသည့် မပြောပလောက် သည့် ကာလအပိုင်းအခြားလေး အတွင်းမှ အဓိကမကျသော ပညတ်ချက်များ သက်သက် သာဖြစ် ပေတော့ သည်။ ပြီးပါပြီ
------------------------------------------
နောက်ဆုံးတင်ထားသော ဖူးဇာတ်ကား (၁၀) ကား
နောက်ဆုံးတင်ထားသော ဖူးစာအုပ် (၁၀) အုပ်
ဆက်လက်ကြည့်ရူ့ရန် ကြုံရာကျဗန်း ပိုစ့်များ

No comments:

Post a Comment