အပေါ်စာပြေး

Sunday, May 30, 2021

တောသူလေး မိအေး (ဖူးစာအုပ်)


မိအေး တဟင့်ဟင့်ရှိုက်နေလေသည်..။ မျက်ရည်များစိမ့်ဖြာဝေ့ဝဲ၍ဘဝကိုအစားခံလိုက်ရသလို.. တလှိုက်လှိုက်ဖိုငင်နေသည်။ “သမီး ဘဝတော့ ပျက်ပါပြီ အမေရယ်” “ညည်းကို မေးနေတယ် ဘယ်သူနဲ့လဲလို့” “ဟင့်အင်း ဟင့်အင်း” မိအေး ခေါင်းကိုသာ တွင်တွင်ခါရမ်းနေလေသည်..။ အမေဖြစ်သူ ဒေါ်မြသစ် ခြေမကိုင်လက်မကိုင် မိဖြစ်နေလေသည်..။တောသူတောင်သား.. ရိုးသားတဲ့သူတို့သားအမိလေးမှာ..အခုလို. ကြမ္မာငင်လာရတယ်လို့..။ “ဒီမှာ မိအေး ညည်းဒီလိုငိုနေလို့မပြီးဘူး.. ကာယကံရှင်ကဘာတဲ့လဲ ညည်းကို.. တာဝန်မယူနိုင်ဘူးတဲ့လား..” “ဟင့်အင်း အမေ..သူ သိတောင်မသိသေးဘူး” “ဟင်..ဟုတ်လား ပြောပြောသမီး.. ဘယ်သူလဲ အမေ ကောင်လေးနဲ့တွေ့ပြီး.. ဒီကိစ္စတာဝန်ယူပေးအောင် ညှိနှိုင်းပေးမယ် အမေတို့ သားအမိအရှက်တကွဲအကျိုးနည်း မဖြစ်ခင်လေး..” “ဟင့် ဟင့် ဟီးအဟီး..” မိအေး ငိုသာငိုနေလေတော့သည်..။ “ငိုနေလို့ မပြီးဘူးသမီး အမေတို့သားအမိ ဒီရွာလေးမှာ ပန်းစိုက်ရောင်းပြီး.. ရိုးရိုးသားသားနေလာခဲ့တာ.. မုဆိုးမသမီးဆိုပြီး အနိုင်ကျင့်တာတော့.. အမေမခံဘူး သမီးရှေ့မှာအမေရှိတယ်:” မိခင်ရဲ့ရင်နင့်သံနဲ့ပြောစကားကြောင့်.. မိအေးရင်ထဲ လှိုက်ကနဲဝမ်းနည်းသွားပြီး.. ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်..။ ပြီးမှ…တိုးလွှလွှအသံလေးနဲ့… “အဟင့် ဟင့် ဟိုဟို..ဆရာလေး.. ကိုပင်ကို.” “ဘာ ဘယ်လို..” ဒေါ်မြသစ်မျက်လုံးပြူးသွားသည်..။ ရင်ဘတ်လက်လေးဖိပြီးယူကျိုးမရဖြစ်သွားလေသည်။ ဆရာလေးကိုပင်ကိုဆိုတာ.. သူတို့ရွာလေးကို မြို့ကစာလာသင်ပေးနေ သော ကျောင်းဆရာလေးဖြစ်သည်..။ ရွာရဲ့ပရဟိတတွေအသင်းလေးထူထောင် ပေးပြီး သာရေးနာရေးများကိုဦးဆောင်လမ်း ပြဆောင်ရွက်ပေးတဲ့သူ..၊ခေတ်နဲ့အဆက် ပျက်နေသောသူတို့ရွာလေးကို အစစအရာ ရာ မျက်စိဖွင့်အလင်းပြသူ.၊တစ်ရွာလုံး.. လေးစားကြည်ညိုအားထားရသူ၊.. ထိုအထဲတွင်..ဒေါ်မြသစ်လည်းပါသည်လေ.၊ ဆရာလေးရဲ့စေတနာအနစ်နာ ရွာအပေါ် ထားတဲ့မေတ္တာ..သက်ကြီးရွယ်အိုများကို.. ရိုသေကိုင်ရိုင်းတက်တဲ့လူလိမ္မာသားလေးဆို ပြီး ကြည်ညိုချစ်ခင်လေးစားခဲ့လေသည်..။ ထို့ကြောင့်ပင် ပန်းရောင်းပြီးအသက်မွေးတဲ့ သူတို့သားအမိအနေနဲ့ဆရာလေးကိုလေးစား ကြည်ညိုလို့ ၊ ရွာကပေးနေထားတဲ့ အိမ်လေးမှာတစ်ကိုယ်တည်းနေတဲ့ဆရာလေး အိမ်ကို ၊သမီးဖြစ်သူမိအေးကိုမနက်တိုင်း.. ဘုရားပန်းလဲပေး၊အိမ်သန့်ရှင်းပေး၊အဝတ် လျော်ပေးဖို့ စေလွှတ်ခိုင်းခဲ့သည်..။ ဆရာလေးကငွေကြေးယူဖို့ပြောပေမယ့်မယူ ခဲ့ဘူး..၊ဒါကိုကျေးဇူးတုန့်ပြန်တဲ့အနေနဲ့.. ဆရာလေးမြို့ကိုသွားတိုင်းပြန်လာရင်.. ဒေါ်မြသစ်အတွက်ဆေးဝါးလေးတွေ၊မိအေး အတွက်အင်္ကျီလုံချည်လေးတွေ အလျင်းသင့် သလို ဝယ်လာခဲ့ပေးလေသည်..။ အခုတော့ အခုတော့ အခုလိုလုပ်ရက်တယ်..၊ လုံးဝမထင်ထားတဲ့ဒေါ်မြသစ်..စိတ်အကြီး ကျယ်ဆိုးသွားသည်..။ “ဒါ ဒေါင်းယောင်ဆောင်တဲ့မြေခွေးပဲ” စိတ်ထဲရှိသလိုရေရွတ်လိုက်သည်..၊ ဒေါင်းယောင်ဆောင်သောကျီးလည်းမဟုတ်. “ဒီလိုမျိုးလုပ်လို့ဘယ်ရမလဲ လာမိအေး.. မုဆိုးမသမီးဆိုပြီး ခြေတော်တင်တာ.. မခံဘူးဟေ့..လာခဲ့ ဒီကိစ္စအပြက်ရှင်းမယ်” ဒေါ်မြသစ် သမီးဖြစ်သူမိအေးလက်ကိုဆွဲပြီး ဒရောပါးထွက်လာခဲ့လေသည်..။ ရွာလည်က အုပ်ချုပ်ရေးမှူးအိမ်သို့…. ******************************** အုပ်ချုပ်ရေးမှူးအိမ်ဝင်လိုက်တော့..၊ဝိုင်းအုံ နေတဲ့လူအုပ်ကြီးကိုတွေ့ပြီးဆရာကိုပင်ကို.. မျက်လုံးပြူးသွားသည်..၊လာခေါ်တဲ့ဆယ်အိမ် မှူးဧးသုရဲ့ပြောစကားအရ မိအေးမှာ.. သူ့ကိုယ်ဝန် လွယ်ထားရလို့ ၊အုပ်ချုပ်ရေးမှူး ဆီလာတိုင်နေတယ်တဲ့၊ကိုပင်ကို..မျက်လုံး ပြူးသွားသည်၊မိအေးဆိုတာ..မီးကောင်ပေါက် အရွယ်ကလေးမလေး၁၆ ၁၇နှစ်အရွယ်လေး နှမလေးလိုသဘောထားခဲ့သည်၊စိတ်နဲ့တောင် မပြစ်မှားဖူး၊ဘယ်လိုကြောင့်များ… “လာလာ ဆရာပင်ကို” သူလာတော့ အုပ်ချုပ်ရေးမှူးကမျက်နှာမသာ မယာနဲ့လှမ်းခေါ်သည်၊လူအုပ်ကရှဲပေးလိုက် တော့၊အုပ်ချုပ်ရေးမှူးစားပွဲရှေ့မှာတရှုံ့ရှုံ့ငို နေသောမိအေး၊ဘေးမှာသူ့ကိုမျက်ထောင့်နီ ကြီးနဲ့ကြည့်နေတဲ့ဒေါ်မြသစ်… “ကဲဆရာ..မိအေးက သူ့မှာ ဆရာနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီးတဲ့..” “ဟုတ်ကဲ့ အဲ မဟုတ်ကဲ့.. နေပါဦးဗျာ မိအေးကိုကျွန်တော်မေးပါရစေ” “ဒီမှာဆရာ ကျုပ်တို့ရွာသူကို စားပြီးနားမလည် မလုပ်ပါနဲ့” ဘေးက ကာလသားခေါင်းမိုးပြေးကဝင်ပြော သည်..၊ “အာ စားပြီးနားမလည် လည်းမလုပ်ပါဘူး ဝါးပြီးထွေးထုတ်လည်းမလုပ်ပါဘူး.. အခုဟာက ကျွန်တော်ကိုယ်တိုင်မသိလို့ မေးပါရစေလို့..” “ဟား ဒါကတော့ရှင်းပါတယ်ဗျာ.. မိအေးကဆရာ့အိမ်ကိုနေ့တိုင်းပန်းလာလဲပေး ဝေယာဝစ္စလာလုပ်ပေးနေတာပဲ.. တစ်နေ့ ဆရာမူးလာမယ်၊မိအေးကဆရာ့အိပ် ခန်းထဲသန့်ရှင်းရေးဝင်လုပ်ပေးနေမယ်၊ မူးလာတဲ့ဆရာက၊ဆရာပြောပြောနေတဲ့.. မြို့ကဆရာ့ချစ်သူမှဲ့နီလေးနဲ့အမြင်မှားမယ် ပြီးတော့ မိအေးကို ဟွာပြုမိမယ်၊မိအေးက ရှက်လို့ဘယ်သူ့မှမပြောပဲနေမယ်၊ဆရာကမူး ပြီးအိပ်ပျော်သွားပြီး၊ဘာမှမမှတ်မိတော့ဘူး၊ အဲ အခုကျအထုတ်အထည်ပေါ်လာတော့ မိအေးကဖော်လိုက်တယ်၊ဒါပဲပေါ့ဗျ..” ကာလသားခေါင်းမိုးပြေးကသူထင်ရာစွတ် ပြောနေလေသည်..။ “ဟာဗျာ ကျွန်တော်ကမနက်အစောကြီး.. မူးရမလားဗျ ၊ကျွန်တော်တစ်ခါတလေ ပဲသောက်စားတက်တယ်၊ဒါတောင်ရွာမှာ ဘယ်တော့မှမသောက်ဘူး၊ကျောင်းပိတ်ရက် မြို့သွားတဲ့အခါ၊သူငယ်ချင်းတွေနဲ့တွေ့မှ နည်းနည်းပါးပါးပါ၊ပြီးတော့ဒီကိစ္စကြီးဖြစ်တာ မမှတ်မိနိုင်လောက်အောင်ကြီးတော့.. ဟာ..မဟုတ်သေးပါဘူးဗျာ” “ဟေ့ကောင်မိုးပြေး မင်းထင်ရာမြင်ရာတွေ စွတ်ပြောမနေနဲ့ကွ” အုပ်ချုပ်ရေးမှူးဝင်ဟန့်လိုက်မှ၊ရွာမှာအရပ် ပြဇာတ်လုပ်ရင်အမြဲဇာတ်ညွှန်းရေးသူ၊ တစ်နေ့နိုင်ငံကျော်ဘတ်ဆဲလ်လားစာရေး ဆရာဖြစ်ရမယ်လို့အမြဲကြုံးဝါးနေတဲ့.. ကာလသားခေါင်းမိုးပြေး ပါစပ်ပိတ်သွားလေ သည်။အဲ့တော့မှ..ဆရာပင်ကိုကဒေါ်မြသစ် ဘက်လှည့်ပြီး… “အဒေါ် ကျွန်တော်တောင်းပန်ပါတယ်ဗျာ.. ဟို…” “ဒီကိစ္စ တောင်းပန်ရုံပြီးတဲ့ကိစ္စမဟုတ်ဘူး.. ကျောင်းဆရာ..” ဒေါ်မြသစ်ဒေါသနဲ့ပြန်ပြောသည်၊ဒေါ်မြသစ် အသံကြောင့်ဝိုင်းအုံနေတဲ့လူတွေဆီမှ.. အသံများကြွတ်စိစိထွက်ပေါ်လာလေသည်။ “ဟုတ်ကဲ့ပါအဒေါ် ဒီကိစ္စကျွန်တော်ဟာ သေချာရင်၊မိအေးကိုတင့်တောင်းတင့်တယ် လက်ထပ်ယူပါ့မယ်၊ဒါပေမယ့်..ကျွန်တော် မေးပါရစေ ရှင်းအောင်.” “ဟုတ်တယ် မိအေး အခုအခြေအနေရောက်မှ ရှက်မနေနဲ့တော့ ဆရာလေးပင်ကိုအပါအဝင်အားလုံးရှင်းအောင် ဆရာလေးမေးတာ ဖြေလိုက်..” အုပ်ချုပ်ရေးမှူးကဝင်ပြောလိုက်တော့.. မိအေးခေါင်းမော့ကြည့်သည်.. “ကဲ ဆရာမေးပါ” ဆရာပင်ကို မိအေးဘက်ဘက်လှည့်ပြီး.. “ညီမလေးမိအေး အခုညည်းကိုယ်ဝန်က ဆရာနဲ့ပက်သက်တာဆိုရင်.. ဘယ်တုန်းက ဆရာနဲ့ငြိစွန်းခဲ့တယ်.. ပြောပြပါ ဆရာတကယ်မမှတ်မိလို့.. မရှက်နဲ့ညီမ ဆရာသာမှန်ရင်အကုန်တာဝန် ယူမှာပါ” ဆရာပင်ကိုအသံဆုံးတော့ မိအေးခေါင်းမော့ ပြီး .. “လွန်ခဲ့နှစ်လလောက်က ဆရာမြို့က ပြန်လာနောက်ရက်..” မိအေးရဲ့တိကျတဲ့အဖြေကြောင့်.အားလုံး.. “ဟင်”လို့ ဖြစ်သွားသည်..။ ဆရာပင်ကိုလည်းပြန်စဉ်းစားလိုက်လေသည် ဟုတ်သည် သူမြို့ကိုနောက်ဆုံးသွားခဲ့တာ လွန်ခဲ့တဲ့နှစ်လက သူမှတ်မှတ်ရရသိနေသည် “ဟုတ်ပြီး ဆရာမှတ်မိတယ်..အဲ့နေ့က.. ဘယ်လိုက ဘယ်လိုစဖြစ်တာလဲ.. ပြောပြပါ ညီမ..” “အဲ့နေ့က ကျွန်မလာတော့ ဆရာအအပေါက် ထဖွင့်ပေးတယ်လေ..” “အင်း ဟုတ်ပြီ..မှတ်မိတယ်..” “ဆရာကပြောတယ်လေ..ဆရာညကမှမြို့က ပြန်လာတာ အပေါင်းသင်းတွေနဲ့တွေ့လို့ နည်းနည်းသောက်လာတာ အမူးမကျလို့.. ကျောင်းပိတ်ရက်မို့ပြန်အိပ်လိုက်ဦးမယ်လို့ ဆရာပြောတယ်လေ..” “အင်း မှတ်မိတယ် အဲ့နေ့ကတနင်္ဂနွေနေ့” “အဲ့ဒါနဲ့ကျွန်မလည်းဘုရားပန်းလဲ.. အိမ်သန့်ရှင်းရေးလုပ်ပြီး..ဆရာ့အခန်းထဲက စားပွဲပေါ်ကပန်းအိုးလဲဖို့အလာ..” အားလုံးငြိမ်သတ်နေသည်..။စိတ်ဝင်စားခန်း ရောက်နေပြီလေ… “အင်း” “အဲ့တော့ ဆရာကဆရာ့အခန်းထဲကုတင် ပေါ်မှာ အင်္ကျီမပါပဲအိပ်ပျော်နေတယ်..” “အင်း” “ကျွန်မလည်းရှက်ရှက်နဲ့ဆရာ့ကိုမကြည့်ပဲ ဆရာ့ကုတင်ဘေးကစားပွဲပေါ်ကပန်းအိုးလေး ယူပြီး ပန်းအသစ်လဲပေးတယ်လေ..” “အင်း” “ပန်းအိုးပြန်ထားပြီးဆရာနိုးမှာစိုးလို့.. ခြေဖွဖွလေးနဲ့..ကြိုးတန်းကဆရာ့အဝတ်စား တွေလျှော်ပေးဖို့အယူ…နောက်ကဆရာက လေ…” အားလုံးနားတွေစွင့်ငန့်လင့်နေကြလေသည်။ ဆရာပင်ကိုက… “အင်း ဆိုပါဦး အာ့အထိဆရာမသိဘူး..” “ဆရာက နောက်ကနေပြီး အိပ်နေရင်းက လက်ယမ်းလိုက်တာ အခုဏကပန်းအိုးလေး ကိုထိမိပြီး ကျကွဲသွားတယ်လေ..” လူတွေ စိတ်မရှည်သလိုဖြစ်လာသည်..။ “အဲ့တော့..” “ကျွန်မလည်း လန့်ပြီးနောက်လှည့်ကြည့် တော့ ပန်းအိုးကကြမ်းပြင်မှာကျကွဲ့နေတယ် အခုဏက ကျွန်မလဲပေးထားတဲ့နှင်းဆီပန်း လေးပေါ်ကပျားကောင်လေးထပျံသွားတာ တွေ့လိုက်ရတယ်..အဲ့မှာ ကျွန်မဘဝတော့ သွားပါပြီဆိုတာသိလိုက်ရပြီး..မျက်နှာကို လက်အုပ်ပြီး ဆရာ့အိမ်ကပြေးထွက်ခဲ့တယ်” “အန်..အာ့နဲ့နင့်မှာကိုယ်ဝန်က..” “ကိုယ်ဝန်ရှိနေပြီဆိုတာ..ဒီနေ့မှသိလိုက်တာ ပါ မနက်ကကျွန်မသွားတိုက်နေရင်းပျို့တက် လာပြီးအန်တယ် အဲ့မှာကျွန်မကိုယ်ဝန်ရှိနေပြီ ဆိုတာသိလိုက်တာ..” “ဟာ..မဟုတ်သေးပါဘူး..” “ဘာမဟုတ်သေးပါဘူးလဲဆရာ.. မိအေးကိုတောသူဆိုပြီးအထင်မသေးပါနဲ့.. မြန်မာဗွီဒီယိုကားတွေကြည့်ထားတာပါ.. သူဌေးသားကမူးလာတယ်၊အိမ်ဖော်မလေးက သူဌေးသားအခန်းသန့်ရှင်းရေးလုပ်နေတယ်၊ ပြီးရင် ပန်းအိုးကျကွဲတယ်၊ ပန်းပွင့်ကိုပျားက နမ်းပြီး ထပျံသွားတယ်၊နောက်တော့.. အိမ်ဖော်မလေးပျို့အန်တယ်၊ပြီးရင်ကိုယ်ဝန် ရလာတော့ သူဌေးသားကမယူနိုင်ဘူး ငြင်းတယ်.၊ဆရာလည်းငြင်းမှာမလား.. သိပါတယ်..မိအေးကိုကကံဆိုးတာပါ.. အရက်မူးမကျဘူးဆိုကတည်းကလှည့်ပြန် လာရမှာ..အခုတော့ သူ့အခန်းထဲဝင်မိတယ် ပန်းအိုးကွဲတဲ့အဆင့်ကိုရောက်ရတယ်.. ဟီး..” မိအေး ပြောပြောဆိုဆိုဗြဲကနဲထငိုလေသည်။ နားစွင့်နေသောလူအုပ်ကြီး..”ဟင်”ခနဲ.. “ဟာ”ခနဲဖြစ်ကုန်သည်..။. ထိုအထဲတွင်မှ မိအေးအမေ ဒေါ်မြသစ် မျက်နှာကြီးရဲပြီးပါစပ်ဟောင်းလောင်းကြီး.. အုပ်ချုပ်ရေးမှူး ဒေါသပေါက်ကွဲသွားလေသည် “ငိုးမမိအေး အဲ ငါဒီလိုဆဲရင်လည်း.. နောက်တစ်ခါပျို့ရင် ငါ့ကြောင့်ဖြစ်ဦးမယ် သွားတော့ ဒေါ်မြသစ် ခင်ဗျားသမီးကို.. ကျမ္မာရေးမှူးဆီခေါ်ပြီးဆေးစစ်ပြလိုက်” ထိုတော့မှ မြို့ကနေတောရွာလေးဆင်းပြီး စာသင်ပေးနေတဲ့ သူဌေးသားလေး.. ဆရာပင်ကိုခဗျာ သက်ပြင်းမောကြီးချမိလေ တော့သည်..။
------------------------------------------
------------------------------------------
နောက်ဆုံးတင်ထားသော ဖူးဇာတ်ကား (၁၀) ကား
နောက်ဆုံးတင်ထားသော ဖူးစာအုပ် (၁၀) အုပ်
ဆက်လက်ကြည့်ရူ့ရန် ကြုံရာကျဗန်း ပိုစ့်များ

No comments:

Post a Comment